လမ်း

manawphyulayNovember 23, 20101min01

ဖြစ်ချင်တာတွေ မြိုသိပ်
ကြိတ်မှိတ်ခံစား
ဒါ ဘဝတဲ့လား…
လောကဒဏ်ကို အံတု
ကမ္ဘာမြေကို ဗဟိုပြု
လျှောက်ခဲ့တဲ့လမ်း
ကြမ်းတမ်းနေပါလား….
လမ်းအစ လမ်းအဆုံး
မျှော်ကိုးရင်း
လျှောက်ခဲ့တဲ့လမ်း
သာယာတော့မည်လား…
မရေမရာ မသေမချာ
အတွေးတွေနဲ့
စိတ်ကူးကိုပုံဖော်
လောကကို ထုဆစ်
ဆက်လျှောက်မည့်လမ်း
ဖြောင့်ဖြူးလာပါလား…
မှုန်ရီ ဝိုးတဝါးနဲ့
အကောင်းအဆိုး ဒွန်တွဲ
ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲ
နင်လား လောကဒဏ်
အားမတန် မာန်တင်း
ကြိုးစားဆက်လျှောက်
အောင်မြင်မှုက
လက်တစ်ကမ်းမှာ
မနှေးမမြန် ရောက်တော့မည်ပါတကား……

One comment

  • unclegyi1974

    November 23, 2010 at 3:08 pm

    ရောက်စေဗျာ (အောင်မြင်မှု)

    Reply

Leave a Reply

Your email address will not be published.