မင်းသားကျော်သူ ဦးဆောင်သည့် အနုပညာရှင်များ HIV/AIDS ဝေဒနာရှင်တွေကို သွားရောက်အားပေး

Good IdeaNovember 22, 20101min07

နှင်ထုတ်ခံနေရတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံက  HIV/AIDS ဝေဒနာရှင်တွေကို ဒီကနေ့မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ မင်းသား ကျော်သူဦးဆောင်တဲ့ အနုပညာရှင်တွေ သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။

သွားရောက်ခဲ့တဲ့ အနုပညာရှင်တွေကတော့ မင်းသားကျော်သူ၊ ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဟန်ထူးလွင် (ကျားပေါက်)၊ အနဂ္ဂ၊ သံသာဝင်း ကျော်သူ့ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဖြစ်ပါတယ်။

သူတို့ ခုလို သွားရောက်ရခြင်းကတော့ ဝေဒနာရှင်တွေကို နှင်ထုတ်နေတဲ့ကိစ္စဟာ မတရားတဲ့ကိစ္စတခုဖြစ်တဲ့အတွက် ဝေဒနာရှင်တွေဘက်က ရပ်တည်တာလို့ ဆိုပါတယ်။ (လူသားပီသလိုက်ကြတာ)

သူတို့က ဝေဒနာရှင်တွေကို ငွေကြေး၊ အစားအသောက် အာဟာရဒါနနဲ့ အဝတ်အထည်တွေ ကူညီခဲ့ကြပြီး အားပေးစကားတွေလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

တောင်ဒဂုံ၊ ၁၈ ရပ်ကွက်၊ ကမ္ဘောဇ ၂ လမ်းမှာရှိတဲ့ HIV/AIDS ကယ်ဆယ်ကုသရေး စင်တာက ဝေဒနာရှင်တွေကို အာဏာပိုင်တွေက ဧည့်စာရင်းတိုင်ဖို့ ခွင့်မပြုတော့ပဲ သာကေတမြို့နယ်ဆေးရုံကို တက်ပြီး ဆေးကုဖို့ တောင်ဒဂုံ မယက ဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ဖိအားပေးနေတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီလ ၁ရ ရက်နေ့တုန်းက တောင်ဒဂုံနဲ့ မြောက်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ HIV/AIDS ကယ်ဆယ်ကုသရေးစင်တာ တွေကို သွားရောက်ပြီး ဝေဒနာရှင်တွေကို အားပေးတွေ့ဆုံခဲ့ပါတယ်။

အဲဒီနေ့ပြီးလို့ နောက်တနေ့မှာပဲ တောင်ဒဂုံ မယက ဥက္ကဋ္ဌက ဝေဒနာရှင်တွေကို ဧည့်စာရင်း ထပ်တိုင်ခွင့်မပြုတော့ပဲ သာကေတဆေးရုံတက်ရင်တက်၊ မတက်ရင် နေရပ်ကို ပြန်ကြဖို့ ပြောခဲ့တာပါ။ (ကြောက်ကန်ကန်တာ)

တောင်ဒဂုံက  HIV/AIDS စင်တာမှာ ဝေဒနာရှင် ၆၆ ဦးရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဧည့်စာရင်းသက်တမ်းက ဒီလ ၂၅ ရက်နေ့အထိပဲ ရှိတာမို့ အဲဒီရက်ကျော်ရင်တော့ ဘာတွေဖြစ်လာမလဲ မတွေးတတ်အောင်ပါပဲ။

သေချာတာကတော့ ဝေဒနာရှင်တွေဟာ သူတို့အသက် သေသွားပါစေ သူတို့ကို မေတ္တာ စေတနာအပြည့်နဲ့ စောင့်ရှောက်ကုသပေးနေတဲ့ ဒီစင်တာလေးကို စွန့်ပစ်သွားမှာ မဟုတ်ဘူးလို့ ပြောနေကြပါတယ်။

ဒီကိစ္စကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ တသီးပုဂ္ဂလ အမတ်လောင်း ၁၂ ဦးက တတ်နိုင်သလောက် ကူညီသွားမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဘာမှ ကူညီတာ မတွေ့ရသေးပါဘူး။

ပြည်သူကို ချစ်တဲ့ အနုပညာရှင်များကတော့ မေတ္တာပြခဲ့ကြပါပြီ။ တူသောအကျိုးကို ခံစားရမှာပါ။ လေးစားပါတယ် ကိုကျော်သူ၊ မင်းထင်ကိုကိုကြီး၊ ကျားပေါက်၊ အနဂ္ဂနဲ့ သံသာဝင်းတို့ရေ…။

မင်းတို့ဟာ ပြည်သူကို ချစ်သော၊ ပြည်သူက ချစ်သော အနုပညာရှင်များဆိုတဲ့ ဂုဏ်ပုဒ်ကို သေသည်အထိ ထိမ်းသိမ်းနိုင်ကြပါစေ…။

အားလုံးကို လေးစားလျှက် …

Good Idea

7 comments

  • The Reds

    November 22, 2010 at 3:42 pm

    ဂုဏ် ယူ ပါ တယ် … ဗျာ … တသီးပုဂ္ဂလ အ မတ် လောင်း သုးံ ယောက် လည်း ယ နေ. မှာ အ ကူ အ ညီ တွေ ပေး ခဲ. ပါ တယ် …

    Reply

  • နေ ဘုန်းလျံ

    November 22, 2010 at 3:47 pm

    ဘာအကူညီတွေပေးတာလဲဗျ?

    Reply

  • ကြယ်လေး

    November 22, 2010 at 4:04 pm

    အာရုဏ်ဦး က အနုပညာ သမားတွေ ရွေးကောက်ပွဲ သီချင်းဆိုပေးလိုက်ရတဲ့ အဆိုတော်တွေ

    ဒီpost တွေ ဖတ်မိစေချင်တယ်

    Reply

  • ဆူး

    November 23, 2010 at 2:47 am

    သနားပါတယ်။ ဘယ်လိုလုပ်ကြမလဲ.. ဝိုင်းဝန်း စုပေါင်း လက်မှတ်ထိုးပြီး မေတ္တာရပ်ခံ စာတင်ပေးရင်ကော..

    Reply

  • char too lan

    November 23, 2010 at 2:58 am

    ကျနော်က ဒေါ်စုသွားတယ်ဆိုရင်တော့ နောက်နေ့လောက်ဆိုရင်မီးလောင်မယ်ထင်နေတာ ဒီလောက်ဆိုတော့တော်သေးတာပေါ့ အန်တီဆူးအကြံလဲကောင်းသားပဲ ကျနော်တို့ရန်ကုန်မှာရှိတဲ့ လူတွေစုပီးတစ်ခေါက်လောက် သွားရင်ကောင်းမလားလို့

    Reply

  • Maung Dae`

    November 23, 2010 at 7:04 am

    အင်းဟုတ်တယ်.. ကျွန်တော်တို့ ပြည်သူတွေလဲ ကျွန်တော်တို့ ဆန္ဒကိုပြသင့်တယ်လို့ထင်တယ်.. ကျွန်တော်တို့တတွေ တစ်ရက်လောက် စုပြီးသွားရအောင်လား.. ကို်ယ်တက်နိုင်တာလေးတွေကို ပေးရင်းပေါ့…. အားပေးစကားတွေ.. အစားအစာ ဆေးဝါး.. စသဖြင့်ပေါ့.. ဘယ်လိုစုကြမလဲ….

    Reply

  • True Faith

    November 23, 2010 at 7:26 am

    မဆူးတို့ မောင်ဒဲ့တို့ ကိုချာတူးလန်တို့ကိုလည်း လေးစားပါတယ်ဗျာ။ ခုလို ကူညီလိုစိတ်ကလေးနဲ့ စပြောလာတာကိုက ဝမ်းသာစရာပါ။ ပြည်တွင်းရပ်ကွက်မှာနေတဲ့ ဂေဇက်က မိတ်ဆွေများ စုပေါင်းသွားဖြစ်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

    လူသားဆန်သော မိတ်ဆွေများဆိုပြီး ကျနော့် နှလုံးသားမှာ ကဗျည်းထိုး မှတ်တမ်းတင်ထားပါ့မယ်။

    Reply

Leave a Reply to True Faith Cancel Reply

Your email address will not be published.