လူဆိုသည်မှာ

manawphyulayNovember 20, 20101min02

အမေ မွေးစဉ်က
ကလေးသာသာမို့
လူ့ပြည်မှာ ပထမ
သုညက စခဲ့ရာ
လူသားမှန် အရွယ်ရင့်ကာမှ
ကြာမြင့်ချိန် တာရှည်ခဲ့ပေါ့
ကြီးခဲ့ရပြန်
လူဟူသည် လူသားအတွက်ပေပေါ့
လူဟူသည် လူအများအတွက်ပေမို့
ကိုယ့်တွက်သာ ဘယ်မဟုတ်လေဟု
လူ့သရုပ်ပီပြင်စွာ
ထင်လာခဲ့ စိတ်အတွေး
လှုပ်ရှားရုန်းကန်
ဘဝလှိုင်းဒဏ်အကြား
ချော်လဲတစ်ခါ
ပြန်ထ တစ်လှည့်
ဖြတ်သန်းခဲ့ရ
ဒီလူ့ဘောင်တွင်
ရှုံးတစ်ခါ နိုင်တစ်လှည့်
သံသရာကို ရှည်စေခဲ့
ဆိုးကောင်း အတူမြဲပါလို့
ဒွန်တွဲလာ သင်္ခါရပေမို့
လူ့ရွာမှာ လူပီသအောင်
အားတင်းကာ ကြိုးစားနေဆဲ…..

2 comments

  • unclegyi1974

    November 21, 2010 at 3:36 pm

    ငို့ဘသမားများနေတဲ့ဒီခေတ်ကြီးမှာ
    မဖြူ ရဲ့ဒီလိုစိတ်မျိုးထားတဲ့လူတော့နဲမယ်နော်
    ဘာဘဲပြောပြောဒီလိုကဗျာကလေးရေးနိုင်တဲ့စိတ်
    ရှိတဲ့သူကိုတော့လေးစားပါတယ်ဗျာ

    Reply

    • manawphyulay

      September 16, 2011 at 10:44 am

      အန်ကယ်ဘဘကြီးက ခုလိုအားပေးတော့လည်း ခုလိုစိတ်ကလေး ထားရတာပေါ့ရှင်…..

      Reply

Leave a Reply to unclegyi1974 Cancel Reply

Your email address will not be published.