အပြုသဘောဆောင်ပါ

မနေ့ကတင်လိုက်တဲ့ Post ကို ဝိုင်းပြီးဝေဖန်ပေးကြ၊Comments တွေ ပေးကြတာ ကျေးဇူးပါ။
post ကိုရေးခဲ့တာ အပြုသဘောနဲ့ ရေးခဲ့တာပါ။
ဒေါသလုံးဝမပါခဲ့ပါဘူး။
ဒါပေမဲ့ သူငယ်ချင်းတို့ရဲ့ Comments တွေကဒေါသနဲ့ရေးကြတဲ့သူတွေ များပါတယ်။
ဘာနိုင်ငံရေးမှ မပါသလို၊ ဘာ ဘက်တော်သားမှလည်းမဟုတ်ပါ။
ကိုယ့်မှာ နှမရှိခဲ့ရင်တော့ နိုင်ငံခြားသားနဲ့ မယူခိုင်းမှာ ကတော့ တစ်ကယ်ပါ။
နောက်တစ်ခု က Comments တွေကို ဖတ်ရင်းနဲ့တွေ့ရတာက
ဒေါ်စုအကြောင်းပြောရင် နအဖ ဘက်တော်သားလို့ပဲ ထင်နေကြတာကိုး။
သူငယ်ချင်းတို့လည်း ကိုယ်ကြိုက်တာ ကိုယ်ပြောခွင့် ရှိသလို၊
ကိုယ်လည်း ကိုယ့်သဘောနဲ့ ကိုယ် ကြိုက်တာပြောခွင့် ရှိတယ်လေ။
ကိုယ်လည်းရေခြားမြေခြားမှာနေနေ ပေမဲ့ နိုင်ငံခြားသူကို ယူဖို့ လုံးဝစိတ်မကူးပါဘူး။
အမျိုးပျက်သွားမှာစိုးလို့ပါ။
ကိုယ့်ကို ၁၉ ရာစု ကလို့ပြောပြော ၊ လူမျိုးစွဲ ရှိတယ်ပဲ ဆိုဆို လက်ခံပါတယ်။
သူငယ်ချင်း တစ်ယောက်ရဲ့ Comments မှာ မင်းလိပ်ပြာကို မင်းခုံရုံးတင် အစစ်ခံရဲလား လို့မေးထားတာ တွေ့ရလို့ဖြေလိုက်ပါတယ်။
ရဲရဲကြီးကို အစစ်ခံရဲပါတယ်။
ကိုယ့်တိုင်းပြည် ၊ ကိုယ့် လူမျိုးကောင်းစားဖို့ လုပ်တယ်ဆိုတာ လူသိရှင်ကြား လုပ်မှ ဖြစ်တာမှ မဟုတ်ပဲ။
ဟိုးအရင် လွတ်လပ်ရေးကြိုးပမ်းတဲ့ ခေတ်ကတည်း က တိုင်းပြည်အတွက် လူမသိ၊သူမသိ အသက်ပေးခဲ့ရတဲ့ သူတွေ အများကြီးပါ။
ထားပါတော့လေ သူငယ်ချင်း မင်းလည်းမင်းကြိုက်တာ မင်းပြောခွင့်ရှိပါတယ်။
ဒါပေမဲ့ Mandalay Gazette Member ပီပီ ယဉ်ကျေးတဲ့ အသုံးအနှုန်းနဲ့ ကိုယ့်ရဲ့ Post ကို အပြုသဘောဆောင်ပြီး ကြိုက်သလို ဝေဖန်နိုင်ပါတယ်။

This Post Has 25 Comments

  1. shwepyiaye

    ဟုတ်….ဖတ်မိလိုက်ပါတယ်အစ်ကို…
    ဘာပဲပြောပြောကျနော်တို့ကတော့အလယ်အလတ်သမားဆိုတော့ဖြေသာပါတယ်….
    အစ်ကိုဘက်ကပြောတာလဲသဘာဝကျပါတယ်လေ….
    ကျနော်ကတော့အဲ့လိုမျိုးအမြင်မတူတာဖြစ်လာရင်ကိုယ်လက်ကိုပြန်ကြည့်လိုက်ပါတယ်…
    ကိုယ့်လက်မှာတောင်လက်ချောင်းတွေကအရှည်အတိုမညီသေးတာပဲအစ်ကို…
    ဘာပဲဖြစ်ဖြစ်နားလည်ပေးလိုက်ပါခင်ဗျာ…

  2. search123

    To shwepyiaye
    Thanks for your comment.

  3. koko

    I suspect you r writing this because of too much negative feedback you got. The words u have wrote in previous post are very similar to those written in junta controlled media. So we do think this is not your own idea or thinking.
    With the use of old-fashion words from Na Ah Pha media, u r touching the sensitive issue of politics.
    Whatever it has been in the past, it is just her personal issue. In the current issue, it is beyond the personal one; simply national issue.
    For everybody who want to change our country to beter condition, she is only our hope i.e., heart of people. So pls take care with your words.
    မင်းရေးချင်တာရေးလို့ရတယ်လို့ထင်ရင် ငါတို့လဲပြောချင်ရာပြောလို့ရတယ်။
    Cos this is the right of everybody.
    မှန်တယ်ထင်ရင် လာတဲ့ comment တွေကိုရှင်းကြည့်ပါလား။
    ဖင်မနိုင်ပဲနဲ့တော့ ပဲကြီးဟင်းမစားပြနဲ့။

    1. search123

      ကိုယ်မှန်တယ် လို့ ယူဆထားတဲ့ အရာကို ဘာအကြောင်းနဲ့မှ မပြောင်းလဲပါဘူး။

    2. search123

      သူငယ်ချင်း မင်းလည်းမင်း အယူအဆနဲ့ မင်း၊
      ငါလည်း ငါ့ အယူအဆနဲ့ ငါ ရှင်သန်နေကြတာပဲ။

  4. ကြယ်လေး

    ဒါလဲ နအဖ နောက်လိုက်တွေနဲ့ တပုံစံထဲပဲ(ဟုတ်တယ်လို့မစွတ်စွဲပါ)

    ဒီလိုဖွမယ် ဒီလိုပြန်ရှော်မယ် နောက်ဆုံးတော. ဘုရားစာနဲ့ကိုင်ပေါက်ရော

    နောက်ဆုံးတော့ အဒ်မင် တွေ ကိုသွားရမ်းတာပေါ့ ဒီလို မန်ဘာတွေ အရေးမယူဘူးလားပေါ့

    ဒီလိုပါပဲ အင်တာနက်မှာက မတထောင်သားတွေနေတာပဲလေ ကီးဘုတ် နဲ့ သူတော်ကောင်: လုပ်နေကြတာ

    နစ် နိမ်း တွေနဲ့သုံးကြတာဆိုတော. ကိုယ့် သားလောက်ကောင်ကလဲ ငါ နဲ့ကိုင်တုတ်ရင်တုတ်သွားတာ

    အဒီတော့လူထင်လွဲပြီးအဆဲမခံရဖို့

    နာမည်ရင်း နဲ့ မှတ်ပုံတင် ဓာတ်ပုံ နေရပ်လိပ်စာ အသက် အလုပ်ကိုင် ရာထူး ပညာအရည်ချင်းတွေ post အောက်မှာ ထည့်ရေးပေးလိုက်ပေါ့ဗျာ

    ဆရာ အော်ပီကျယ် ရဲ့ FB မှာဒီလိုရေးထားတယ်

    အင်တာနက်ထဲမှာမည်သူမဆို ကိုယ်.အတွေးကိုယ်. အမြင်နဲ့ လွပ်လပ်စွာပြောဆိုနိုင်သည်တဲ့
    ဒါပေမဲ့ ကိုယ်ဘယ်သူဘယ်ဝါဆိုတာလူသိခံရဲဖို့လိုတယ် တဲ့

  5. naywoonni

    အပေါ်မှာပါပြီးသားလေ………..
    Do & Don’t (Rules)တဲ့
    ကိုယ်တင်တဲ့ပို့စ်ကိုယ်တာဝန်ယူရသလိုကိုယ်ပေးတဲ့commetကိုလည်းကိုယ်ပဲတဝန်ယူရမှာပေါ့
    (အင်တာနက်ထဲမှာမည်သူမဆို ကိုယ်.အတွေးကိုယ်. အမြင်နဲ့ လွပ်လပ်စွာပြောဆိုနိုင်သည်တဲ့
    ဒါပေမဲ့ ကိုယ်ဘယ်သူဘယ်ဝါဆိုတာလူသိခံရဲဖို့လိုတယ် တဲ့)ဆိုတာထက်ကိုယ်ရေးခဲ့တဲ့စာနောက်တစ်ခါကိုယ်
    ပြန်ဖတ်ရဲဖို့လိုမယ်ထင်ပါတယ်………။

  6. PoeHarp

    ကျွန်တော်လဲ..အကို့ comment ဖတ်လိုက်ရတယ်ဗျ..ကြိုက်တယ်.. ကျွန်တော်လဲ..အန်တီစုကို.အဲ့လိုမြင်မိတယ်..
    သူ..တိုင်းပြည်အတွက်..အနစ်နာခံတာ..လုပ်ပေးတာလဲ..သိတယ်..ဒါပေမဲ့.. အဲ့လို..နိုင်ငံခြားသားကိုယူခဲ့တာကိုတော့..မကြိုက်ဘူး.ကျွန်တော်သာဆိုလဲ..ကျွန်တော့ညီမ.အမ.အဲလိုယူခဲ့လို့ရှိရင်.. တားမိမှာပဲ..ကြိုက်မှာမဟုတ်ဘူး.အဲ့လိုပဲ..ကျွန်တော့်လိုမြင်ကြတဲ့သူတွေလဲရှိကြမှာပဲ..အဲ့လိုမြင်တာနဲ့.. အစိုးရ..နအဖ..ကို..အားပေးတာနဲ့တခြားစီပါ..ရှင်းရှင်းပြောရရင်..နအဖ..ကို..ကြိုက်ကိုမကြိုက်တာပါ..သုံးစားမှမရတာ..ရှင်းနေတာပဲ..နအဖ. .ကိုလဲ..အဲ့လိုပဲ..မကြိုက်တာကို..မကြိုက်တဲ့အချက်.. ပြောလိုရသလို..အန်တီစုကိုလဲ..ကြိုက်တာကိုကြိုက်တဲ့အချက်.. မကြိုက်မိတဲ့အချက်ကိုမကြိုက်မိတဲ့အချက်.. ပြောလို့မရဘူးလား..တခြား website တွေမှာလဲ..အဲ့လိုတွေ့ရတယ်ဗျ.. အဲ့လိုပြောမိရင်..ဝိုင်းသမကြတယ်..မျိုးကြီးတုံးကလဲ..အဲလို့ပဲ.. ပေါ်လစီသီချင်းဆိုလိုဆိုပီးအားမပေးတော့ဘူးတွေကော..ဘာကောင်ကြီးညာကောင်ကြီးတွေကော.. သူ့ကို..ဝိုင်းပြောကြတယ်..အမှန်ဆိုဗျာ.. သူကို့ကြိုက်တာ..အနုပညာကိုပါ..တခြားဟာနဲ့ရောလို့မဖြစ်ပါဘူး.. ခု..ဒီcommentလေးရေးတာတောင်.. စကားလုံးတွေသေချာစစ်ပီးမှ..ရေးလိုက်တာပါ..အမှားပါမှာလဲဆိုးတယ်..ရိုင်းသလို..ဖြစ်သွားမှာလဲဆိုးတယ်.. ဒေါ်စုလို့ရေးမိတာတောင်..နည်းနည်း.မယဉ်ကျေးသလိုုဖြစ်မှာဆိုးလို့.. အန်တီစု..လို့သုံးထားတယ်..တချို့လူတွေ.ခွဲခြားသိဖို့..မြင်တတ်ဖို့..လိုနေပါပီဗျာ..ခုရေးတာလဲ.. အပြုသဘောဆောင်ပီးရေးတာပါ..အန်တီစုနဲ့နအဖက.. နံ့သာဆီနဲ့အီးပါဗျာ..ဒါကိုလဲသိပါတယ်.. ဒါပေမဲ့..အန်တီစုကို..မကြိုက်လျှင်.. ဒါ..နအဖ..ဘက်တော်သား.. အန်တီစုကိုဝေဖန်သူ..ဒို့ရန်သူ..ဆိုတာကတော့..မကောင်းပါဘူး.. အိုဘားမား.. သမ္မတ..ဖြစ်သွားတာလဲ..ထောက်ခံမဲတွေကြီးပဲရသွားတာလား.. ကန့်ကွက်မဲလဲ.. ပါမှာပါ..ကြားနေမဲလဲ..ပါမှာပါ.. thanks everybody… 🙂

    1. search123

      ကျေးဇူးပါ ပဲ။
      ကိုယ့် Post ရဲ့ ပေးချင်တဲ့ Message ကို တစ်ကယ် နားလည်လို့။

  7. PoeHarp

    ကျွန်တော်လဲ..အကို့ comment ဖတ်လိုက်ရတယ်ဗျ..ကြိုက်တယ်..
    ကျွန်တော်လဲ..အန်တီစုကို.အဲ့လိုမြင်မိတယ်..သူ..တိုင်းပြည်အတွက်..အနစ်နာခံတာ..
    လုပ်ပေးတာလဲ..သိတယ်..ဒါပေမဲ့..အဲ့လို..နိုင်ငံခြားသားကိုယူခဲ့တာကိုတော့..မကြိုက်ဘူး.
    ကျွန်တော်သာဆိုလဲ..ကျွန်တော့ညီမ.အမ.အဲလိုယူခဲ့လို့ရှိရင်..တားမိမှာပဲ..ကြိုက်မှာမဟုတ်ဘူး. အဲ့လိုပဲ..ကျွန်တော့်လိုမြင်ကြတဲ့သူတွေလဲရှိကြမှာပဲ..အဲ့လိုမြင်တာနဲ့..အစိုးရ..နအဖ..ကို.. အားပေးတာနဲ့တခြားစီပါ..ရှင်းရှင်းပြောရရင်..နအဖ..ကို..ကြိုက်ကိုမကြိုက်တာပါ.. သုံးစားမှမရတာ..ရှင်းနေတာပဲ..နအဖ..ကိုလဲ..အဲ့လိုပဲ..မကြိုက်တာကို..မကြိုက်တဲ့အချက်.. ပြောလိုရသလို..အန်တီစုကိုလဲ..ကြိုက်တာကိုကြိုက်တဲ့အချက်..မကြိုက်မိတဲ့အချက်ကို မကြိုက်မိတဲ့အချက်..ပြောလို့မရဘူးလား..တခြား website တွေမှာလဲ..အဲ့လိုတွေ့ရတယ်ဗျ..အဲ့လိုပြောမိရင်..ဝိုင်းသမကြတယ်..မျိုးကြီးတုံးကလဲ.. အဲလို့ပဲ..ပေါ်လစီသီချင်းဆိုလိုဆိုပီးအားမပေးတော့ဘူးတွေကော..ဘာကောင်ကြီး ညာကောင်ကြီးတွေကော..သူ့ကို..ဝိုင်းပြောကြတယ်..အမှန်ဆိုဗျာ..သူကို့ကြိုက်တာ.. အနုပညာကိုပါ..တခြားဟာနဲ့ရောလို့မဖြစ်ပါဘူး..ခု..ဒီcommentလေးရေးတာတောင်. .စကားလုံးတွေသေချာစစ်ပီးမှ..ရေးလိုက်တာပါ..အမှားပါမှာလဲဆိုးတယ်..ရိုင်းသလို.. ဖြစ်သွားမှာလဲဆိုးတယ်..ဒေါ်စုလို့ရေးမိတာတောင်..နည်းနည်း.မယဉ်ကျေးသလိုုဖြစ်မှာဆိုးလို့.. အန်တီစု..လို့သုံးထားတယ်..တချို့လူတွေ.ခွဲခြားသိဖို့..မြင်တတ်ဖို့..လိုနေပါပီဗျာ..ခုရေးတာလဲ.. အပြုသဘောဆောင်ပီးရေးတာပါ..အန်တီစုနဲ့နအဖက..နံ့သာဆီနဲ့အီးပါဗျာ..ဒါကိုလဲသိပါတယ်.. ဒါပေမဲ့..အန်တီစုကို..မကြိုက်လျှင်..ဒါ..နအဖ..ဘက်တော်သား..အန်တီစုကိုဝေဖန်သူ..ဒို့ရန်သူ.. ဆိုတာကတော့..မကောင်းပါဘူး..အိုဘားမား..သမ္မတ..ဖြစ်သွားတာလဲ..ထောက်ခံမဲတွေကြီးပဲ ရသွားတာလား..ကန့်ကွက်မဲလဲ..ပါမှာပါ..ကြားနေမဲလဲ..ပါမှာပါ.. thanks everybody… 🙂

  8. lin htet

    What is human right ?
    A person has right to tell what he believes!
    But i don’t accept the idea that Daw Aung sann Su Kyi is the only hope of our country! a country ‘s future is mainly depend on its citizen , not relies on a person! We all have responsibility to make our days to be better! That is what i hope , what i believe !

  9. koko

    ငါညီ lin htet ရ မြန်မာပြည်မှာနေ ကြတဲ့သူတွေထဲမှာ ဒေါ်စုလောက် ပြည်သူတွေတမ်းတနေကြတဲ့ လမ်းကြောင်းကိုရောက်ဘို့ ဘယ်သူလုပ်ပေးနိုင်လို့လဲ။ ကိုယ်ကိုတိုင်ကစ ကိုယ်နေထိုင်စားသောက်ရေးလောက်ပဲ ဖြေရှင်းနေရတာဆိုတော့ ကျန်တဲ့သူလဲ ဒီပုတ်ထဲကဒီပဲ ဖြစ်နေကြဘို့များတာပဲ။
    လုပ်တဲ့သူတွေလဲရှိပါတယ်။ လုပ်ပေမဲ့လည်း ကမ္ဘာသိမြန်မာသိနဲ့အောင်မြင်အောင်လုပ်နိုင်တဲ့သူက လက်တစ်ဆုတ်စာပဲရှိတာကွ။
    နောက်ပီးတော့ east မှာက ထိတ်ဆုံးမှာနေတဲ့ တစ်ယောက်သာကောင်းရင် ပြောင်းသွားနိုင်တဲ့ အခြေအနေက west ထက်ကိုပိုလို ဒေါ်စုကို “the only hope of country” လို့ပြောကြတာ။

  10. koyinmaung

    ဒီဆိုက်မှာရေးချင်တာတွေရေးပြီးခုလေပြေလေးနဲ့ (ဘာနိုင်ငံရေးမှ မပါသလို၊ ဘာ ဘက်တော်သားမှလည်းမဟုတ်ပါ။)တဲ့ ဒါဆို(တစ်နည်းပြောရရင် အာဏာကြောင့် မဟုတ်ပဲ ကူညီနိုင်ပါစေ။)ဆိုတဲ့စာသားကဘာကိုရည်ရွယ်တာလဲ ဒီအသံတွေကြား ချင်လို့မင်းရောက်လါတာမို့လါး ဒေါ်စုကအာဏာမရဘူးသေးလို့ဒေါ်စုသဘေား မသိသေးဘူး လက်ရှိစစ်အစိုးရကတော့25%ယူထားတဲ့အပြင် သူ့လူတွေကို လူဝတ်လဲပြီးအရှက်မရှိမဲတွေလိမ်ပြီးအနိုင်ယူလိုက်သေးတယ် ဒါတွေကျတော့မင်းမပြောရဲဘူးမို့လါး ဒေါ်စုအကြောင်းပြီတော့ဦီးသန်းရွှေအကြောင်းလေးလဲလုပ်ပါအုံး

    1. search123

      ရေးလိုက်တဲ့ Post က အမှန်တရားပဲလေ ကွာ။
      လိုက်ရှင်းနေဖို့ မှ မလိုတာ။

  11. bigcat

    ဆာ့ချ် ၁၂၃ ရေ.. မင်းရှက်တတ်ရင်ပေါ့ကွာ.. သိပ်တော့မထင်ပါဘူး ဒါပေမဲ့ တခြားလူတွေ ဖတ်ဖို့ ဒီနေ့အာအဖ်အေ မြန်မာပိုင်းမှာတင်ထားတဲ့ စားသားနဲ့ မှတ်ချက်ပြုလိုက်တယ်။

    အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်လိုက်ကြပါတယ်။

    ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။

    ဒီပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

    တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများကနေပြီး ဒုတိယအကြိမ် ပင်လုံသဘောတူညီချက် အောင်မြင်စွာ ပေါ်ထွက်လာတဲ့အထိ တိုင်းရင်းသားအားလုံးကို စည်းရုံးပြီးတော့ တတိုင်းပြည်လုံး၊ ဒီမိုကရေစီ အင်အားစုများ အားလုံးကို စည်းရုံးပြီးတော့ ဆောင်ရွက်ပေးဖို့ တာဝန်လွှဲအပ်ပါရစေလို့ မေတ္တာရပ်ခံတယ်။ အဲဒီလို မေတ္တာရပ်ခံပြီးတော့ ဇိုမီးအမျိုးသား ခေါင်းဆောင်ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်ကို အမျိုးသား ပြန်လည်သ့င့်မြတ်ရေး လိုလားတဲ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ အဲဒီ မူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးစာတမ်းကို ပေးအပ်ပါတယ်။

    မျိုးဆက်အသီးသီးက ဝိုင်းဝန်း တာဝန်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး၊ ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့ သူတယောက်တည်း စွမ်းဆောင်နိုင်မှာ မဟုတ်တဲ့အတွက် အားလုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ ပြန်လည် မေတ္တာရပ်ခံ ခဲ့ပါတယ်။ သက်ကြီးဝါကြီးတွေကို ကန်တော့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့ကြပါတယ်။

    ဒီနေ့ပွဲမှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက်နဲ့ ၈၈ မျိုးဆက်တွေ ပါဝင်ခဲ့ကြပါတယ်။ ကန်တော့ခံပုဂ္ဂိုလ် အယောက် ၂ဝ ကျော်ရှိပြီး တက်ရောက်ကြတဲ့ အင်အား ၂ ရာကျော် ရှိတယ်လို့ သိရပါတယ်။

    1. search123

      အမှန်တရား တစ်ခုပြောလိုက်တာ ငါ့အတွက် ရှက်စရာမဟုတ်ဘူး။
      ငါနိုင်ငံရေး ကို စိတ်မဝင်စားဘူး သူငယ်ချင်း။

      1. bigcat

        ဟားဟား ဟီးဟီး ဟိုးဟိုး… ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော။

  12. konaynay

    ko big cat ကို support ပါတယ်။

  13. PoeHarp

    စိတ်တောင်မကောင်းဘူး..ကျွန်တော့် comment လေး poorly rated ဆိုပဲ
    (သေချာတောင်မဖတ်ဘဲ..အန်တီစု.ကိုသဘောမကျတဲ့အချက်လေးပြောလို့..
    ဝိုင်းမသကြသလားပဲ..အင်းလေ..လူညီတော့လဲ..ဤ..က..ကျွဲ..ဖြစ်ပေါ့)ရေးထားတာ..
    ပြန်ဖတ်ကြည့်တော့လဲ..အန်တီစုနဲ့နအဖ..ယှဉ်ကြည့်ထားတာလဲအကောင်းဘက်ကပဲ..
    အန်တီစု..ကအစ..ကျော်သူ.ဇဂနာ.ဇေယျာသော်အဆုံး..အကုန်သဘောကျတယ်..
    ကို်ယ်မှ..သူတို့လိုစွန့်လွှတ်မလုပ်နိုင်တာ..ချီးလဲချီးကျူးတယ်..
    ဒါပေမဲ့..သဘောမကျတာလေးတော့ပြောခွင့်ရှိမယ်ထင်ပါတယ်..
    အဲ့အတွက်တော့..နအဖ..ဘက်တော်သားလို့ထင်ရအောင်လဲ..အဲ့..သုံးစားမရတဲ့
    အကောင်တွေကို..ကြိုက်ကိုမကြိုက်တာ..ကိုယ့်ဖို့သမားတွေပဲဟာ..
    🙂

  14. ကြယ်လေး

    @PoeHarpက လူမိုက် အားပေးသွားလုပ်တာ ကိုး ဗျ 🙂

    ဟိုက တကယ်မကြိုက်တမဟုတ်ဘူး ဝါဒဖြန့်တာ

    မျိုးချစ်ခေါင်းစောင်သမီး အမျိုးဖျက်တယ်ပေါ့ဗျာ
    အာဏာမက်လို့ပြည်သူကိုကူညီတယ် ဆိုတာ

    ခများကကြိုက်တယ်သွားပြောတာကိုး:P

  15. aungkhant

    ဒီအချိန်မှာ အရာအားလုံး တို့နိုင်ငံအတွက်သတိထားရမယ့်အချိန်ပါ အထူးသဖြင့် အမေစု ထွက်လာပြီးတဲ့ နေ့ကစပြီး ဒီမိုကရေစီ ညီအကိုဘက်တော်သားတွေ အားလုံးက သတိထားပြီး နေထိုင် လုက်ကိုင်သွားလာ နားစွင့်နေကြတာပါ..ဒီအချိန်မှာ Search 123 မင်းလုပ်ပုံက နအဖ ထဲကတစ်ယောက်ယောက် ဝါဒဖြန့်တဲ့အတိုင်းဖြစ်နေတာကိုလည်း မင်းထည့်တွက်သင့်တယ်

  16. seaman

    မျိုးချစ်ခေါင်းဆောင်သမီး အမျိုးဖျက်ပြီး နိင်ငံခြားသား ကိုယူတာ သူ. human right ပါ၊ အဓိက ကနိုင်ငံအပေါ် ကိုကိုယ်ကျိုးစွန်. အနစ်နာခံပြီး ဒီမိုကရေစီ လမ်းကြောင်းမှန်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်တဲ. မျိုးချစ်စိတ်ဓါတ် ကိုအထူးလေးစား အားကိုးတာပါ၊ နိင်ငံခြားသား ကိုယူတာနဲ. မျိုးချစ်စိတ်ဓါတ် မရှိပဲ အမျိုးဖျက် ဆိုတဲ.ပုံစံမျိုး ရေးတာကို ရှုံ. ချပါတယ်။

  17. eros

    သို့သော် သို့သော် အာဇာနည်ခေါင်းဆောင်ကြီးတဦး ၏ သမီး၊ မြန်မာလူမျိုးဖြစ်သောကြောင့် စောင့်လေမျိုးနွယ်ဟူသော ကိစ္စအား လိုက်နာသင့်ပါကြောင်း၊ လိုက်နာရင် ပို၍ ကောင်းမည်ဖြစ်ပါကြောင်း ထင်မြင်မိပါသည်။

  18. photwenty

    search 123 ရေ.
    မင်းရေးတဲ.စာတွေလဲ ပြန်ဖတ်ပါအုံးကွာ ရှေ.သွားနောက်လိုက်ညီရဲ.လားလို.
    အေး နိုင်ငံရေးစိတ်မဝင်စားတဲ.သူက ဘာကြောင်. နို်င်ငံရေးလုပ်နေတဲ.သူကိုမကောင်းပြောရတာလဲ လူတိုင်းမှာကိုယ်.သမိုင်းနဲ.ကိုယ်ရှိတယ်ကွ
    မင်းပြောခဲ.တယ်နော် မင်းလဲ ရေခြားမြေခြားမှာနေနေတာတဲ.
    အေး မင်းတို.တွေကတော.ဘယ်သိမှာလဲကွ ဒီနို်င်ငံထဲမှာနေနေရတဲ.လူတွေရဲ.ဘဝကို
    မင်းသိအောင်တစ်ခုပြောလို်က်အုံးမယ်
    မင်းဘာသာမင်း ရေးချင်တာရေးလို.ရတယ် ဝေဖန်နိုင်တယ် လေကန်နိုင်တယ် အေး ဒါပေမယ်. ဘယ်သူ.ကို မှမပုတ်ခတ်နဲ. မစော်ကားနဲ. ok

    အားလုံးကိုလေးစားလျက်

Leave a Reply