သင်ကိုယ်တိုင် စုံထောက်လုပ်ကြည့်ရအောင် (ဉာဏ်စွမ်းဖြင့်အမှုဖေါ်)(၃)

အာဂNovember 19, 20101min012

ဘယ်ဟာတရားခံလဲ

တနင်္ဂနွေနေ့မှာ ခြောက်တန်းကျောင်းသားလေး မိုက်ကယ်အောင်ပု ဟာ လမ်းလျောက်ဖို့ ထွက်လာ တယ်။ ယောက်ျား နှစ်ယောက်ဟာ ပုခုံးချင်းယှဉ်ပြီး သူ့ရှေ့က လျောက်သွားတယ်။ သေချာကြည့်လိုက်တော့ အဲဒီယောက်ျားနှစ်ယောက်ဟာ လက်တစ်ဖက်ချင်း လက်ထိပ်နဲ့တွဲခတ် ထားတာတွေ့ရတယ်။မာဖီဝတ်ထားတဲ့ ရဲက တရားခံကိုဖမ်းပြီး ရဲစခန်းကို ခေါ်သွားနေတာနဲ့တူတယ်

“ဘယ်ဟာက မာဖီဝတ်ရဲလဲ။ ဘယ်ဟာက တရားခံလဲ။”

ကျောင်းသားလေး မိုက်ကယ်အောင်ပုက ခေါင်းစောင်းပြီး တွေးကြည့်တယ်။ သင်ကောသိရဲ့လား။

အဖြေကတော့ ထုံစံအတိုင်းပဲပေါ့

12 comments

  • မှော်ဆရာ

    November 19, 2010 at 10:59 am

    ဘယ်ဘက်လက်ကို လက်ထိပ်ခတ်ထားတဲ့သူက ရဲပါ။
    ညာဘက်ကို လက်ထိတ်ခတ်ခံထားရတာ တရားခံပါ။
    လူအများစုက ညာသန်များတယ်လေ။
    လှုပ်ရှားနှိုင်မယ့် တရားခံရဲ့ညာဘက်ကိုပဲ လက်ထိတ်ခတ်မှာပေါ့။

    Reply

  • အင်းးးးးးးးးးး အင်းးးးးးးးးးးးးးအင်း
    ဝင်ပါလိုက်ရင်တော့ ပွဲပျက်သွားမှာဆိုးလို ့
    ထုံးစံအတိုင်း ပါဘဲ
    ငှဲငှဲငှဲ

    Reply

  • ဒါပေမယ့် ကျွန်ုပ်မိုက်ကယ်ဂျော်နီအောင်ပု ဟာဆိုရင်ဖြင့်
    ခြောက်တန်းကို အောင်းမြင်ပြီး ခုနစ်တန်းကို နှစ်လကျော်ကျော်
    တက်ရောက် ပညာစီးပူး ဖူးသူ ဖြစ်ပါ၍ ခုနစ်တန်းကျောင်းတော်သား အဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး
    နောင်အခါ ကျွန်ုပ်၏ ပညာရေး အချက်အလက်များကို ဤသို ့မှားယွင်းစွာ ဖော်ပြခြင်းများကို
    ကျွန်ုပ်မှ သီးခံမည်မဟုတ်ကြောင်း ကို ပြင်းပြင်းထန်ထန် အသိပေးလိုက်ပါသည်။
    ပုံ
    IP မိုက်ကယ်ဂျော်နီအောင်ပု

    Reply

    • R Ga

      November 20, 2010 at 7:23 am

      အကြောင်းအရာ။ ။ အိုင်ပီဂျော်နီအောင်ပုအားဖြေရှင်းချက်။ ။

      ကျွနိုပ် ဆားပုလင်းရှားလော့စံအာဂ သည် ၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ (သောကြာနေ့) က “သင်ကိုယ်တိုင် စုံထောက်လုပ်ကြည့်ရအောင် (ဉာဏ်စွမ်းဖြင့်အမှုဖေါ်)(၃)” အမည်ရှိ စာမူအား မန္တလေးဂေဇက် သတင်းစာ အီလက်ထရောနစ် စာမျက်နှာ (ယနေ့အခေါ် website) ရေးသားခဲ့ပါသည်။ အဆိုပါ စာမူတွင် ၆ တန်းအရွယ်ကလေးအား မိုက်ကယ်အောင်ပု ဟုသာခေါ် ဆိုခဲ့ပါသည်။ အိုင်ပီ မိုက်ကယ်ဂျော်နီအောင်ပု (ဝါ) မိုက်ကယ်ဂျော်နီအောင်ပု ဟုတစ်လုံးတစ်ပါဒမှ မသုံးစွဲခဲ့ပါ။ သို့သော် စုံထောက်ကျော်ကြီး အိုင်ပီ မိုက်ကယ်ဂျော်နီအောင်ပု နှင့် အမည်ဆင်တူယိုးမှားဖြစ်ခဲ့ပြီး အိုင်ပီ မိုက်ကယ် ဂျော်နီအောင်ပု၏ ပညာရေး ဂုဏ်သိက္ခာ(သတ္တမတန်း ၂လ) အားများစွာထိ ခိုက်ခဲ့သည်ဟု သိရှိရပါသဖြင့် မိသားစုနဲ့ အတူထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ကြောင်း ဒီ မန္တလေးဂေဇက် သတင်းစာ အီလက်ထောနစ် စာမျက်နှာမှ တဆင့်အသိပေးကြေငြာအပ်ပါသည်။ နောက်နောင်ထိုသို့မဖြစ် စေရန် လည်း အထူးဂရုစိုက်ပေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

      ပုံ ။ ။ အမိန့် အရ

      ဆားပုလင်းရှားလော့စံအာဂ

      Reply

  • ဆူး

    November 19, 2010 at 11:13 am

    အဖြေကတော့ တယောက်က ရဲ တယောက်က တရားခံပေါ့.. လုံးဝ မလွဲဘူး

    Reply

  • နေ ဘုန်းလျံ

    November 19, 2010 at 2:08 pm

    ကို အာ ဂကြီး က စုံထောက် ပညာ ကိုတော်တော် ဝါသနာပါ တယ်နော်..။

    Reply

  • နေ ဘုန်းလျံ

    November 19, 2010 at 2:17 pm

    မှော်ဆရာရဲ့ ထင်မြင်ပေးချက်ကို ကျွန်တော် က ပျားရည် လောင်းတဲ့ အနေနဲ့ ညာဘက်ကိုခတ်ခံရတဲ့ လူဆိုးပါ နောက် ရဲဆံပင် ပုံစံက ကြွက်ပုံပါ(ကြွက်=ရဲ ကိုခေါ်ပါသည်)၊အပေါ်အောက်ဝတ်ထားတာတူညီ သပ်ရပ်မှုရှိနေတယ် ပုံအရ ရဲပုံကရှေ့ကိုပိုထွက်နေတာရယ် ထင်ရှားပါတယ် လူဆိုးဆိုရင် ဒီလို လုပ် မှာမဟုတ်ဘူး….။

    Reply

  • I love Mandalay

    November 19, 2010 at 4:01 pm

    ဟုတ်တယ်ဟုတ်တယ်။ သူပြောတာဟုတ်တယ်။ 🙂

    Reply

  • bigcat

    November 20, 2010 at 12:33 am

    ဘယ်ဖက်က ကုတ်အင်္ဂာျီအမဲနဲ့လူ၊ ဘယ်ခြေလှမ်းပြီး ညာလက်ကို လက်ထိပ်ခတ်ထားသူက ရဲပါ။ လူတွေရဲ့လမ်းလျောက်ရင် လက်နဲ့ခြေနဲ့က ဆန့်ကျင်ဖက်ပါ။ ရဲလုပ်သူက ပုံမှန်အနေအထားနဲ့သွားပြီး တရားခံက ရဲခေါ်ရာနောက်ကို လိုက်ရပါမယ်။ အဲတရားခံက သူဌေးကြီး မောင်ဝိတ်လို၊ ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွှန့်လိုဆိုရင်တော့ မပြောတတ်ဘူး။

    ဆားပုလင်းနှင်းကြောင်

    Reply

  • moethidasoe

    November 20, 2010 at 1:34 am

    နေမကောင်းလို့ အင်တာနက် မတက်ဖြစ်တာနဲ့ ခေတ်နောက်ကျသွားတယ် ..
    အဖြေ မထုတ်သေးဘူးဆိုလို့ ဝင်ရေးလိုက်ဦးမယ်နော် ..
    ညာဖက်ကလူက ရဲဖြစ်မယ် .. မှော်ဆရာ ရေးထားသလိုပေါ့ ..
    ထပ်ရွှီးရမယ် ဆိုရင် .. ဘယ်ဖက်လူက လက်ဝါးဖြန့်ထားတာဟာ ရဲ မပီသဘူး .. ဒါကြောင့် လူဆိုး ပိုဖြစ်နိုင်တယ် ထင်တယ် .. လူဆိုးဆိုတာ တစ်ခါတလေ ပိုပြီး သပ်သပ်ရပ်ရပ် ဝတ်စားတာလေ .. ဘိုကေ က ရဲထက် ပို သားနားတယ် .. နောက်ပြီး ရဲက သိပ် ကြောင်ကြောင်ကျားကျား မဝတ်ဘူး ..

    Reply

  • Gong Zhu

    November 20, 2010 at 5:27 am

    အဖြေ အမှန်ကဘာလဲ …

    Reply

  • R Ga

    November 20, 2010 at 7:27 am

    ကဲအဖြေကတော့ ကျွန်တော်ဆားပုလင်းရှားလော့စံအာဂ လေမရှည်တော့ပဲ ပွင့်ပွင့်လင်းလင်းပြောရရင်ဖြင့် အိုင်အို မှော်ဆရာရဲ့ အဖြေက အမှန်ပဲဖြစ်ပါတယ်။ သူကောက်ချက်ချတဲ့အတိုင်းပဲဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။..။
    အပိုင်း(၄)မှာလည်း အားလုံး ပါဝင်ကျပါဦးလို့ လည်း တောင်းဆိုအပ်ပါသည်။

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.