Poetry“ဆုံမှတ်” whiteNovember 20, 20101min05 ဒီကဗျာလေးက fwd mail ကနေ ဒီနေ့ ရောက်လာခဲ့တာပါ။ ရေးတဲ့ ကဗျာဆရာကတော့ ကမာ္ဘစိုးမင်းပါ။ Post Views: 0 whiteဆံုမွတ္ ကဗ်ာ
soemawkunnNovember 20, 2010 at 6:54 am ကျေးဇူးပါအကိုရေ မျက်ရည်တောင်ခပ်ဝဲဝဲလေးဖြစ်သွားတယ်ဗျာ အရမ်း(အရမ်း)ကောင်းတဲ ့ကဗျာလေးပါဗျာ ခံစားချက်မြောက်လွန်းအားကြီးပါတယ် အမေတစ်ယောက်ဟာ သားတို ့အပေါ်စိုးမိုးလွန်းအားကြီးလွန်းပါတယ် အမေ ့မေတ္တာတွေပေါ ့ Reply
kaiNovember 20, 2010 at 7:02 am ရေးသူက ..(ကမာ္ဘစိုးမင်း) တဲ့.. နောက်ဆက်ဖြန့်ရင် ကဗျာဆရာအမည်ထည့်ပေးကြပါနော..။ http://en-gb.facebook.com/kabarsoemin ကဗျာဆရာကို ..ဒီကနေပဲ..ဒီမှာတင်ပြီးနေပေမဲ့.. တင်ဖို့ ခွင့်ပြုချက်ထပ်တောင်းလိုက်ပါရဲ့ဗျာ..။ Reply
karlanakarNovember 20, 2010 at 7:37 am ဒီကဗျာကိုတော့ ရေးတာက ကမာ္ဘစိုးမင်း (Kabar Soe Min) ပါ သူFB ကတော့ http://www.facebook.com/photo.php?id=1173388209&pid=2024239#!/kabarsoemin သွားရောက် ပြီကြည်နိုင်ပါတယ် ….. Reply
karlanakarNovember 20, 2010 at 7:40 am မနက်ခင်းကတည်းက အမေ… အမေလာမယ့်လမ်း… အမေ့ဆီရောက်မယ့်လမ်း… သံစူးကြိုးတန်းနားကပ်… တစ်ယောက်ယောက်များထွက်လာရင်.. စကားတစ်ခွန်းတစ်လေပါမလား…. တစ်ယောက်ယောက်များလှုပ်ရှားရင်… တစ်ခုခုများထူးခြားပြီလား… မျှော်လင့်လင့်..ငေးမျှော်ရင်း… အမေ… ကျွန်တော်တို့ အလင်းနဲ့တွေ့ချင်ပြီ.. အမေ.. အတွက်နှောင်ဖွဲ့ကင်းဖို့အကြောင်း… ကျွန်တော်တို့သွေးတွေလှုဆုတောင်းခဲ့တယ်.. အုတ်တစ်ချပ်သဲတစ်ပွင့်ပါအမေ… လမ်းမပေါ်ဖိတ်ကျတဲ့သွေးစက်တွေလောက်မမြတ်တောင် အမေနဲ့ အပြစ်မဲ့ အစ်ကိုညီမောင်နှမတွေအတွက် အကျဉ်းခံလွတ်မြောက်ဖို့ဆုတောင်းနဲ့… ဒီနေ့ လမ်းမပေါ်မှာ ကျွန်တော်တို့တွေ မျှော်တလင့်လင့် နေလည်းစောင်းပြီ… အချိန်လည်းနှောင်းပြီ.. ဒီတစ်ညတော့ အမေ့အတွက် မျှောင်လင့်ချက် မှိန်ဖျော့… မိစ္ဆာတွေနိုးအထ.. ကျွန်တော်တို့ မျှော်လင့်ချက်..တွေ ပျက်သုဉ်းရတော့မလား… ဒါပေမယ့်လေ… အမေက အမှောင်ထဲက လင်းလက်လာတယ်.. သံစူးကြိုးတွေ ခွေချ… လက်နက်ကိုင်တွေ နောက်ဆုတ်ရပြီ… အမှန်တရားကို ဘယ်လိုအဓမ္မအင်အားနဲ့မှတားလို့မရ အမေခြံရှေ့အရောက် အလင်းတွေတဖွားဖွားလွင့်လို့… ဒီလမ်းပေါ်ဒီခြေလှမ်းဖို့ နှစ်ပေါင်းများစွာ စောင့်စားခဲ့ရ.. လွတ်လပ်ပြီ..အမေ.. အမေလွတ်လပ်ရင်.. တိုင်းပြည်လည်းလွတ်လပ်လာမှာပဲ… ကျွန်တော်မျှော်လင့်ခြင်း ညဉ့်နက်နက်မှာ.. အမေက အလင်းလက်ဆုံး… လမင်းပါ..။ မိုးလှိုင်ည form ကမာ္ဘစိုးမင်း (Kabar Soe Min) FB Reply
whiteNovember 20, 2010 at 9:26 am ကိုခိုင်ရေ ကဗျာလေးကို နှစ်သက်လို့ share အနေနဲ့ ကျွန်တော် တင်ပေးတာပါ။ အခုတော့ ကိုခိုင်ပေးထားတဲ့ လင့်ခ်ကနေ ကဗျာဆရာဆီက share လုပ်ဖို့ ခွင့်တောင်းလိုက်ပါပြီ။ နောက်ဆိုရင်တော့ ကော်ပီကူးတင်ရမယ်ဆိုရင် link ကို သေချာအောင် ကြိုးစားပါ့မယ်။ ပို့စ်ကိုလည်း update ပြန်လုပ်ပေးလိုက်ပါတယ်။ ကျေးဇူးပါ ……….။ Reply
5 comments
soemawkunn
November 20, 2010 at 6:54 am
ကျေးဇူးပါအကိုရေ မျက်ရည်တောင်ခပ်ဝဲဝဲလေးဖြစ်သွားတယ်ဗျာ
အရမ်း(အရမ်း)ကောင်းတဲ ့ကဗျာလေးပါဗျာ
ခံစားချက်မြောက်လွန်းအားကြီးပါတယ်
အမေတစ်ယောက်ဟာ သားတို ့အပေါ်စိုးမိုးလွန်းအားကြီးလွန်းပါတယ်
အမေ ့မေတ္တာတွေပေါ ့
kai
November 20, 2010 at 7:02 am
ရေးသူက ..(ကမာ္ဘစိုးမင်း) တဲ့..
နောက်ဆက်ဖြန့်ရင် ကဗျာဆရာအမည်ထည့်ပေးကြပါနော..။
http://en-gb.facebook.com/kabarsoemin
ကဗျာဆရာကို ..ဒီကနေပဲ..ဒီမှာတင်ပြီးနေပေမဲ့.. တင်ဖို့ ခွင့်ပြုချက်ထပ်တောင်းလိုက်ပါရဲ့ဗျာ..။
karlanakar
November 20, 2010 at 7:37 am
ဒီကဗျာကိုတော့ ရေးတာက ကမာ္ဘစိုးမင်း (Kabar Soe Min) ပါ
သူFB ကတော့
http://www.facebook.com/photo.php?id=1173388209&pid=2024239#!/kabarsoemin
သွားရောက် ပြီကြည်နိုင်ပါတယ် …..
karlanakar
November 20, 2010 at 7:40 am
မနက်ခင်းကတည်းက အမေ…
အမေလာမယ့်လမ်း…
အမေ့ဆီရောက်မယ့်လမ်း…
သံစူးကြိုးတန်းနားကပ်…
တစ်ယောက်ယောက်များထွက်လာရင်..
စကားတစ်ခွန်းတစ်လေပါမလား….
တစ်ယောက်ယောက်များလှုပ်ရှားရင်…
တစ်ခုခုများထူးခြားပြီလား…
မျှော်လင့်လင့်..ငေးမျှော်ရင်း…
အမေ… ကျွန်တော်တို့ အလင်းနဲ့တွေ့ချင်ပြီ..
အမေ.. အတွက်နှောင်ဖွဲ့ကင်းဖို့အကြောင်း…
ကျွန်တော်တို့သွေးတွေလှုဆုတောင်းခဲ့တယ်..
အုတ်တစ်ချပ်သဲတစ်ပွင့်ပါအမေ…
လမ်းမပေါ်ဖိတ်ကျတဲ့သွေးစက်တွေလောက်မမြတ်တောင်
အမေနဲ့ အပြစ်မဲ့ အစ်ကိုညီမောင်နှမတွေအတွက်
အကျဉ်းခံလွတ်မြောက်ဖို့ဆုတောင်းနဲ့…
ဒီနေ့ လမ်းမပေါ်မှာ ကျွန်တော်တို့တွေ မျှော်တလင့်လင့်
နေလည်းစောင်းပြီ…
အချိန်လည်းနှောင်းပြီ.. ဒီတစ်ညတော့ အမေ့အတွက်
မျှောင်လင့်ချက် မှိန်ဖျော့…
မိစ္ဆာတွေနိုးအထ.. ကျွန်တော်တို့
မျှော်လင့်ချက်..တွေ ပျက်သုဉ်းရတော့မလား…
ဒါပေမယ့်လေ…
အမေက အမှောင်ထဲက လင်းလက်လာတယ်..
သံစူးကြိုးတွေ ခွေချ… လက်နက်ကိုင်တွေ နောက်ဆုတ်ရပြီ…
အမှန်တရားကို ဘယ်လိုအဓမ္မအင်အားနဲ့မှတားလို့မရ
အမေခြံရှေ့အရောက်
အလင်းတွေတဖွားဖွားလွင့်လို့…
ဒီလမ်းပေါ်ဒီခြေလှမ်းဖို့ နှစ်ပေါင်းများစွာ
စောင့်စားခဲ့ရ.. လွတ်လပ်ပြီ..အမေ..
အမေလွတ်လပ်ရင်.. တိုင်းပြည်လည်းလွတ်လပ်လာမှာပဲ…
ကျွန်တော်မျှော်လင့်ခြင်း ညဉ့်နက်နက်မှာ..
အမေက အလင်းလက်ဆုံး… လမင်းပါ..။
မိုးလှိုင်ည
form ကမာ္ဘစိုးမင်း (Kabar Soe Min) FB
white
November 20, 2010 at 9:26 am
ကိုခိုင်ရေ
ကဗျာလေးကို နှစ်သက်လို့ share အနေနဲ့ ကျွန်တော် တင်ပေးတာပါ။ အခုတော့ ကိုခိုင်ပေးထားတဲ့ လင့်ခ်ကနေ ကဗျာဆရာဆီက share လုပ်ဖို့ ခွင့်တောင်းလိုက်ပါပြီ။ နောက်ဆိုရင်တော့ ကော်ပီကူးတင်ရမယ်ဆိုရင် link ကို သေချာအောင် ကြိုးစားပါ့မယ်။
ပို့စ်ကိုလည်း update ပြန်လုပ်ပေးလိုက်ပါတယ်။ ကျေးဇူးပါ ……….။