သနားစရာ သားပျောက် မိဘ ကို ကူညီပေး ကြပါ။

saundNovember 17, 20101min02


ဖော်ဝဒ်မေးက ရလို ့ပါ။ ချာတိတ်လေး ပျောက်သွား လို ့တွေ ့ရင် အကြောင်းကြား ပေး ကြပါ။ သားပျောက်တဲ့ မိဘရဲ့ ပူပန်မှု ့ကို ကိုယ်ချင်းစာနိုင် ကြပါစေ။

9.10.2010 (စနေနေ့ ) ၊ မနက်(5)နာရီ လောက်မှာ ဒီကလေး ပျောက်သွားလို့ ။ သူ့ မိဘတွေ အရမ်းခံစား နေကြရပါတယ် ။
လူသားချင်း စာနာသောအနေနဲ့ ဒီ Mail ကို လက်ဆင့် ကမ်း ပေး ကြပါ ။ သူ့ဓါတ်ပုံနဲ့ အချက်အလက်တွေ ထည့်ပေးထား ပါတယ် ။
သတင်းကြားရင် ဖြစ်ဖြစ် ၊ တွေ့ မိရင်ပဲဖြစ်ဖြစ် ဖုန်းဆက်ပေးကြပါဗျာ ။
ကျေးဇူးပြုပြီး Forword လုပ်ပြီး ကူညီပေးကြပါ သူငယ်ချင်းတို့ ။

အမည် – မျိုးကိုကို (ခ) ဦးတိဘွား
အဖအမည် – ဦးချစ်ငွေ
အမိအမည် – ဒေါ်ခင်နွဲ့
အရပ် – 3 ပေခွဲ (အရပ်ပုပုလေး) (ရှေ့
အပေါ်သွားလေးကျိုးနေတယ်)
အသားရောင် – ဖြူ
အသက် – (10) နှစ်
လိပ်စာ – တိုက် (15) ၊ အခန်း (204) ၊ (17)
လမ်း A ၊ ယုဇနဥယျာဉ်မြို့ တော် ၊ ရန်ကုန် ။
ဖုန်းနံပါတ် – (730 60530 ၊ 09 5101 862)

ကျွန်မရဲ့ အသိ အမကြီးရဲ့ ကိုယ်တွေ ့ပုံပြင်တခုကို ပါ ရေးပြချင် ပါတယ်။ ဆရာဝန် အမကြီးရဲ့ အသိ ဆရာဝန်ကြီးရဲ့ သားလေး ရန်ကုန် ပွဲဈေးထဲ ကနေ ပျောက်သွားပါတယ်။ ၄လ လောက် ရှာတာ ဘယ်မှာမှ မတွေ ့ပါဘူး။ ပုဂံ ညောင်ဦးဘက် အလုပ်တာဝန် အရ သွားရင်း ဆရာဝန် ကတော်ကို သူတောင်းစားလေး တယောက်က ပြေးလာပြီး အတင်းဖက် ထားပါတယ်။ ညစ်ပစ်စုတ်ပြတ် နေတဲ့ အဝတ်စားတွေနဲ ့ကလေး လေးကို ပထမတော့ ဆရာဝန် ကတော်က ဆွဲဖယ်ဖို ့လုပ်ပါသေးတယ်။ နောက် ကလေးက မော့ကြည့်ပြီး ငိုပါတယ်။ အသံက ဝူးဝူးဝါးဝါး နဲ ့လျှာ ပြတ်နေပါတယ်။ ဆရာဝန်ကတော်ဟာ မမျှော်လင့်ဘဲ သားကို ဒီလို အဖြစ်မျိုးနဲ ့ပြန်တွေ ့ရမယ်လို ့မထင်ခဲ့ပါဘူး ။ ကလေးရဲ့ ဘုန်းကံကြီးလွန်းလို ့ ၄လ အတွင်းမှာ မိဘတွေနဲ ့ပြန်ဆုံ ရတာ ပါ။ ကလေးတွေ ကို ခိုးပြီး ခြေဖြတ် လက်ဖြတ် လျှာဖြတ်ပြီး တောင်းစားခိုင်း ရက်တဲ့ လူဆိုးတွေက နေရာနဲ့အနံ ့ ရှိကြမှာ ပါဘဲ။ မိဘမေတ္တာကြီးမား ပုံကို ကျေးဇူးသိတတ်သူတိုင်း နားလည် ကြမှာပါ။ သားပျောက်လို ့ပူဆွေးနေတဲ့ မိဘ အတွက် ကူညီ ပေးကြပါ။ ဖော်ဝဒ်မေးနဲ ့လက်ဆင့်ကမ်း ပေးကြပါလို ့အကူညီ တောင်းခံလိုက်ပါတယ်။

မိဘ ကျေးဇူးသိတတ်ကြပါစေ။ လူသားချင်းစာနာနိုင် ကြပါစေ။ လူလူချင်း နိပ်စက်ညှင်းပန်းခြင်း များ ပပျောက်ပါစေ

2 comments

  • PaukPhaw

    November 18, 2010 at 9:33 am

    တယ်ရင်း..
    ပုံနဲ ့စာကို ဂျီမေးထဲကနေ ကူးပြီး တင်လိုက်တယ်ထင်ပါ့
    ဒါကြောင့်
    ဓာတ်ပုံမမြင်ရဘူးဖစ်နေဒယ်
    ဓာတ်ပုံကို ဂျီမေးလ် ထဲကနေ ကွန်ပျူတာထဲကို အရင် ဒေါင်းလုပ် or save လုပ်ပါ
    ပြီးမှ တစ်နေရာရာမှာ upload ပြန်လုပ်ပြီး ဒီမှာ ပြန်ရှဲရ် ပါလို ့..

    Reply

  • saund

    November 18, 2010 at 7:07 pm

    ဟုတ်ကဲ့ တယောက် လာပြောလို ့ ကျမ ထပ်တင်နေတာ နက်ကမကောင်းတာ နဲ ့အချိန်လင့်သွားတာပါ။
    အခု ဓါတ်ပုံ တွေ ့ရင် ကူးပြီး ဖော်ဝဒ်မေးလ်လေး နဲ ့ဖြန် ့ပေးပါရှင်

    ကျေးဇူးတင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.