ရေစိမ် ကျောက်တုံး

ဆူးNovember 17, 20101min012

ဓါတ်ကြီး လေးပါး
ပထဝီ တေဇော အာပေါ ဝါယော
ပထဝီ ရုပ်ဝတ္တု အဆိုင်အခဲကြီးကို ခေါ်နိုင်ပါသည်။
တေဇော အပူဓါတ် အအေးဓါတ်… လောင်ကျွမ်း ပျက်စီး တတ်၏။
ဥပမာ အားဖြင့်.. ရာသီဥတု ပူတဲ့ ဒေသမှ သစ်ပင်များမှ သစ်ရွက်များ အပူဒဏ်ကြောင့် လောင်မြိုက် သလို..
ရာသီဥတု အေးတဲ့ ဒေသမှ သစ်ပင်များမှ သစ်ရွက်များသည်လည်း အအေးဒဏ်ကြောင့် လောက်မြိုက် တတ်၏။
အာပေါ အရေကို ဆိုလိုသည်။
ဝါယော လေ၊ (တွန်းအား) ကို ဆိုလိုပါသည်။

ဓါတ်ကြီးလေးပါး မမျှတရင် ရောဂါတွေ ဖြစ်ပါတယ်။
ကံ စိတ် ဥတု အာဟာရ
ကံကြောင့် လည်း နာမကျန်း ဖြစ်တတ်သလို
စိတ်ကြောင့် လည်း နာမကျန်း ဖြစ်နိုင်ပါတယ်။
ဥတု ရာသီ မမျှတတဲ့ အတွက် နာမကျန်း ဖြစ်နိုင်ပါတယ်။
အာဟာရ သင့်တင့်မျှတစွာ မရရှိတဲ့ အခါ အဟာရ လွန်ကဲတဲ့ အခါမှာလည်း နာမကျန်း ဖြစ်တတ်ပါတယ်။
နာမကျန်းဖြစ်ခြင်းသည် ဓါတ်ကြီးလေးပါး သမ မျှတမှု မရှိတဲ့ အတွက် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ယုံချင်ယုံ မယုံချင်နေပါ.. ဆီးချိုရောဂါဖြစ်တာ ဓါတ်ကြီးလေးပါး သမမျှတမှု မရှိဘဲ ဖောက်ပြန်လို့ ဖြစ်တာပါ။ ဓါတ်ကြီးလေးပါး ဆိုတာ ကလည်း ကံ စိတ် ဥတု အာဟာရ ဖြစ်နေတော့ ရှင်းရင်းနဲ့ ထပ်မရှုပ်ရအောင်.. ဒီမှာတင် တခန်းရပ်ပြီး.. ပိုက်ဆံ မကုန် တခါ အပင်ပန်းခံလိုက်ယုံနဲ့ ဓါတ်ကြီးလေးပါးထိန်း ညှိသလို ဖြစ်ပြီး သက်သာ ပျောက်ကင်းနိုင်တယ်လို့ ဆေးကျမ်း တခုက ဆိုပါတယ်။ မယုံရင် စမ်းလို့ရတယ် အန္တရာယ် မရှိဘူး။ လုပ်ရမှာကတော့.. စမ်းချောင်းဆိုသည်မှာ အအေးဓါတ် သဘောဆောင်ပါတယ်။ စီးဆင်းနေတဲ့ စမ်းချောင်းထဲက ရေ အောက်မှာ ရှိနေတဲ့ ကျောက်ခဲ ကျောက်စလစ်ခဲ ကို ရေအောက်ကနေ ရေမလွတ်စေဘဲ မြေအိုး (ရေအိုး) တလုံးထဲသို့ ရေနှင့် အတူ သယ်ယူပြီး အလုံပိတ် သယ်ယူရမှာ ဖြစ်ပါတယ်။ ထို့နောက်တွင် ထို မြေအိုးကို နေရောင်တိုက်ရိုက်မထိ စေဘဲ အရိပ်ရတဲ့ နေရာတွေမှာ သယ်ယူရမှာ ဖြစ်ပါတယ်။ ထို့နောက်တွင် အိမ်ရှိ ရေအိုးထဲသို့ ကျောက်တုံးကော ရေကော တခါတည်း ထည့်ပြီး နေ့စဉ် ရေဆာတိုင်း သောက်ယုံပါဘဲ။
အထူးသတိပြုရမှာကတော့ ထိုကျောက်တုံးကလေးများ သည် ရေနှင့် လုံးဝ မလွတ်စေဘဲ ရေအောင်တွင် အစဉ်အမြဲ ရှိနေရမည်။ ထို့အပြင် အလွန်ပူပြင်းသော နေရာတွင် ထိုရေအိုးကို မထားရပါဘူး။ အမိုးအကာ အောက် အရိပ်ရတဲ့ နေရာများမှာ ထားရပါမယ်။ ထိုရေ၏ အာနိသင်သည် ကျောက်တုံး ကလေးများ ရေနှင့် လွတ်သွားသည်နှင့် အာနိသင်ပြေနိုင်ပါသည်။ ဤအချက်ကိုတော့ အထူးသတိထားရန် လိုအပ်သည်။

12 comments

  • fatty

    November 17, 2010 at 8:58 am

    နည်းလမ်းလေးသိရတာ ကျေးဇူးတင်လိုက်တာ။ အဲဒီကျောက်တုံးမှာရှိတဲ mineral သတ္တိမျိုးပါတဲ့ ကျောက်တုံးမျိုးကိုအပြင်မှာရောင်းပါတယ်။ ဒါပေမဲ့ ဈေးက သိန်း ၂ဝ လောက်ရှိတယ်။

    Reply

  • weiwei

    November 17, 2010 at 9:04 am

    ရန်ကုန်မှာ စမ်းချောင်းမရှိတော့ ဘယ်ကသွားရှာရမလဲ ….

    Reply

    • ဆူး

      November 17, 2010 at 9:09 am

      ဒါလေးတော့ ရင်းပေါ့ မဝေရယ်.. ရှိတဲ့ နေရာသွားရှာပေါ့

      Reply

      • weiwei

        November 17, 2010 at 9:15 am

        ဆူးပို့စ်တင်တာ နောက်ကျသွားတယ် … တနေ့ကပဲ မုလန်ရေကန်သွားတုန်းက စမ်းချောင်းလေးတွေ ကျောက်တုံးလေးတွေ ပေါမှပေါလေ … ပြန်လျှော်ပေး ..

        Reply

      • ဆူး

        November 17, 2010 at 9:21 am

        မဝေ ဟိုနေ့ကတည်းက တွေ့ရမှာ ဖိုရမ်မှာ ရေးထားတာ.. တိုးတိုးတိတ်တိတ် လက်တို့တာ..
        မေ့သွားပြီလား

        Reply

  • kai

    November 17, 2010 at 9:11 am

    စမ်းချောင်းရေဆိုတော့ .. စီးဆင်းနေတာမို ့… သိပ်တော့ အန္တရာယ်မရှိလောက်ပါဘူး..။ ငှက်ဖျားပိုးမရှိတဲ့နေရာက စမ်းချောင်းဖြစ်ရင်တော့ ကောင်းတာပေါ့နော..။

    စမ်းချောင်းညှာ(အထက်ဖက်)မှာ ကလေးတွေ။ ခွေးတွေ ရေချိုးရေစိမ်ရှိမနေတာလည် းသတိထားပါဦး..။
    ကျန်တာကတော့ …
    ကျောက်စရစ်ခဲဟာ သကြားဓါတ်၊ အငန်ဓါတ် စတာတွေမပါတာဖြစ်ရင်ပိုကောင်းမှာပါ..။
    ပိုသေချာချင်ရင်တော့ .. ဆီးချိုသက်သာစေတဲ့ဆေးထဲပါတဲ့.. ဓါတ်သဘာဝနဲ့ဆိုင်တဲ့ကျောက်ခဲအမျိုးအစားကို ဘူမိဗေဒပညာရှင်တယောက်ကိုမေးပြီးသာ ပစ်ထည့်လိုက်..။
    ပိုပိုလို့ … သေချာချင်ရင်တော့ … ဆီးချိုသက်သာစေတဲ့ဆေးသာ.. တခါတည်းဖျော်ပြီး ပုံမှန်သောက်ပေးပေါ့နော…။

    သိန်း ၂ဝ ပေးမဲ့အတူတူ… အဲလိုလုပ်တာ ..သေချာပါတယ်လို့..။
    (စိတ်မဆိုးကြနဲ့..နောက်တာတဝက်ပါပါတယ်..)

    Reply

  • ဆူး

    November 17, 2010 at 9:20 am

    စမ်းချောင်းက ရေ သောက်ရင် ငှက်ဖျား ဖြစ်မယ်
    ငှက်ပျောသီး စားရင် ငှက်ဖျား ဖြစ်မယ် လို့ လူတွေ တွင်တွင် ပြောနေတာ.. ကြားဖူးပါ၏ ငှက်ဖျားသည် ခြင်ကိုက်ခံရလို့ ဖြစ်ပါသည်။ နေ့လည်ခြင်ကိုက်ရင် ဖြစ်ပါသည်။ ဆူး ရောက်ခဲ့တဲ့ မဟာမြိုင်တောကြီးထဲကို တူတူသွားခဲ့တဲ့ နေ့လည်နေ့ခင်း အိပ်လိုက်ကြတဲ့ လူတချို့တော့ ငှက်ဖျားဖြစ်လို့ ဆေးရုံမှာ ဆေးကုသ ခံကြရတာ တွေ့မိပါ၏။ အနောဖလီး ခြင်ကျား အကိုက်ခံရမှသာ ငှက်ဖျား ဖြစ်ပါ၏။
    ရေထဲ ဆီးချိုပျောက်ဆေးခတ်စရာ မလိုပါဘူး.. နေ့တိုင်း ရေသောက်နေတာဘဲ.. ရေအိုးထဲ ထည့်ပြီး သောက်တာ အပန်းမကြီးပါဘူး.. သောက်လက်စ ဆေးလည်းသောက်ပေါ့.. တကယ် မှန်တယ် ဆိုရင်တော့.. သောက်လက်စ ဆေးလည်း တဖြေးဖြေး.. လျော့သောက်ရပြီး မသောက်ရတဲ့ အထိ တော့ ဖြစ်မှာပေါ့။ အစကတည်းက ယုံချင်ယုံ မယုံချင်နေလို့ ပြောသားဘဲ။

    Reply

  • kai

    November 17, 2010 at 9:48 am

    ယုံပါတယ်ဗျာ.. ခဏနေ..တိုင်းရင်းဆေးနဲ့ပါတ်သက်တဲ့ .. ဆောင်းပါးပါ တင်ပေးလိုက်မယ်..။
    အဲဒီပထဝီတောဇောတွေနဲ့ဆိုင်တာတွေပေါ့..။

    မုန်လာဥ၊ မုန်ညင်ဖြူနဲ့ပါတ်သက်ရင်.. ဆရာ့ဆရာကြီးတွေရှိတဲ့ တိုင်းပြည်..ကိုရီယားက ချဉ်ဖက်တို့ ဘာညာတို့လုပ်နည်းလေးတွေ ကိုရီးယားကစာဖတ်နေသူတွေတင်ပေးရင်ကောင်မယ်..။
    အားလုံးလုပ်စားနိုင်အောင်ရယ်ပါ..။

    Reply

  • ဆူး

    November 17, 2010 at 9:58 am

    အော်.. ပထဝီတောဇောလား.. ဒါဆို.. ဖတ်စာအုပ်ထဲက အကြောင်းတွေ များလား မသိဘူးနော်

    Reply

  • The Reds

    November 17, 2010 at 4:01 pm

    ကျေး ဇူး မ ဆူး ရေ .. စမ်းချောင်း တွေ. မ ပဲ လုပ် ကြည်. တော. မယ် ။

    Reply

  • kopauk mandalay

    November 17, 2010 at 4:49 pm

    စမ်းချောင်းရေ ဆိုတာ ရန်ကုန်မှာရှိတဲ့စမ်းချောင်းအရပ်က ထုတ်တဲ့ရေသန့်ကိုပြောတာလားဗျ

    Reply

  • unclegyi1974

    November 17, 2010 at 5:18 pm

    ဆူးက လူတွေ့တိုင် ဒီနည်းကိုပေနေတယ်နဲ့တူတယ်
    ကျွန်တော်ငယ်ငယ်တုန်းကမန်းရွှေစက်တော်ရောက်
    ဖူးတယ်စမ်းချောင်းထဲမှာကျောက်စရစ်ဂဲတွေအပြည့်ဘဲ
    ရေကလဲကြည်ပြီးရှင်းနေတာဘဲ
    အခုတခေါက်ရောက်တော့လားလား စမ်းချောင်းထဲ
    ဘာကျောက်စရစ်ဂဲမှမရှိတော့လို့ထူးဆန်းလိုက်တာ
    လို့ထင်နေတာ အခုမှဘဲရှင်းသွားတော့တယ်

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.