တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲ

ဂ်စ္စူNovember 14, 20101min02


စိတ် မသက်မသာ ဖြစ်ခဲ့ကြရတဲ့ မသမာမှုတွေနဲ့ ရွေးကောက်ပွဲ သတင်းတွေကိုလည်း အများကြီး ကြားခဲ့ မြင်ခဲ့ရပြီးပြီ။ စိတ်ချမ်းသာစရာ မင်္ဂလာ သတင်းဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့

သတင်းတွေလည်း ကြားခဲ့ မြင်ခဲ့ကြရပြီ။
အခု ဒီနေ့မှာ ဖွင့်လှစ်တဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အထင်ကရ ရိုးရာပွဲတော်တခု ဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲအကြောင်း တင်ဆက်နေတဲ့ အင်တာနက် စာမျက်နှာလေး တခုကို မိတ်ဆက်ပေးချင်ပါတယ်။

တောင်ကြီးမြို့က ဝါသနာရှင် လူငယ်လေးတွေ စုပေါင်းပြီး ပြည်တွင်းပြည်ပက တောင်ကြီးသူ၊ တောင်ကြီးသားတွေ၊ မီးပုံပျံ စိတ်ဝင်စားသူတွေ၊ ပွဲခင်းထဲကို မလာရောက်နိုင်တဲ့သူတွေ ကြည့်နိုင်အောင် လုပ်ထားတဲ့ Website လေး တခုပါ။

ဒီနေရာလေးမှာ တောင်ကြီးမြို့ရဲ့ မီးပုံးပျံတွေအကြောင်း လက်လှမ်းမီသလောက် စုစည်းထားတာတွေ့ရပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီမှာ စတဲ့ မီးပုံပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနဲ့ ညစဉ် ၈ နာရီကနေ ပြိုင်ပွဲ ပြီးချိန်အထိ တိုက်ရိုက် လွှင့်ထုတ်နေတာကိုတော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

မီးပုံးပျံပြိုင်ပွဲက နိုဝင်ဘာ ၂၁ရက်၊ တန်ဆောင်မုန်း လပြည့်နေ့အထိ လုပ်မှာပါ။ ပြိုင်ပွဲမှာ နေ့လွှတ်နဲ့ ညလွှတ်ဆိုပြီး ခွဲထားတာမှာ နေ့ပိုင်းမှာတော့ တိရိစ္ဆာန်လေးတွေရဲ့ ရုပ်ပုံတွေနဲ့ မီးပုံးပျံတွေ လွှတ်တင် ယှဉ်ပြိုင်ကြမှာပါ။ ညလွှတ်မှာတော့ စိန်နားပန် ၃၅ လုံးနဲ့ ညမီးကြီး ၉ဝ ကျော် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Ref:Irrawaddy

2 comments

  • unclegyi1974

    November 14, 2010 at 3:12 pm

    ကျေးဇူးပါဘဲပေါက်ဖော်လေးရေ
    တနှစ်မှမရောက်ဖူးသေးဘူး
    တခေါက်လောက်တော့ရောက်အောင်သွားကြည့်ရအုန်းမယ်

    Reply

Leave a Reply to mandalaywith Cancel Reply

Your email address will not be published.