Good IdeaNovember 13, 20101min02

DASSK or THAZINNI

ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်ပါတော့မယ်။ သူမ လွတ်မယ့်သတင်းကြောင့် မြန်မာပြည်သားတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ ပြည်သူတွေ ဝမ်းသာကြည်နူးနေကြပါပြီ။

သူမဟာ ဘာလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ လူထုက သတ်မှတ်ကြသလဲ။ တိုင်းပြည်နဲ့ လူထုအတွက် သူမဘာတွေ စွန့်လွှတ်ခဲ့ပြီးပြီလဲ။ လူထုခေါင်းဆောင်တယောက်အဖြစ် ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပြီလဲဆိုတာ သိခွင့်ရမယ်ဆိုရင် သူမကို ပိုလို့ လေးစားချင်ခင်မိမယ်၊ အတုယူ အားကျမိမယ် မဟုတ်ဘူးလားဗျာ။

ဒါကြောင့် မဇ္ဈိမ သတင်းဌာနမှာ အပိုင်းလိုက်ခွဲပြီး တင်ဆက်ထားတဲ့ “ဒေါ်အောင်ဆန်းစုကြည်” သို့မဟုတ် “သဇင်နီ” အခန်းဆက် ဝတ္ထုကို PDF ဖိုင်ပြောင်းပြီး အပိုင်း ၁ ကနေ ၆၅ အထိ တစုတစည်းတည်း ဖတ်လို့ရအောင် ပြုလုပ်ပေးထားတဲ့ စာအုပ်ကို ဝေမျှလိုက်ပါတယ်။ (စာအုပ်လို့ပဲ သုံးနှုန်းပါရစေ)

ဒီစာအုပ်ထဲမှာ သူမမွေးစကနေ ၂၀၀ဝ ခုနှစ် စက်တင်ဘာလ အဖမ်းခံရချိန်အထိကာလကို အပိုင်းလိုက်ခွဲ၍ တင်ဆက်ထားသည်။ မြန်မာ့ ဒီမိုကရေစီ ခရီးကြမ်းမှာ သူမ ဘယ်လောက်ပင်ပန်းခဲ့ပြီလဲဆိုတာ ဒီစာအုပ်မှာ ဖော်ပြထားသည်။

ဒီ PDF ဖိုင်ကို ကျနော်လုပ်ထားတာ မဟုတ်ပါ။ ဘယ်သူလုပ်ထားမှန်းလည်း မသိပါ။ သို့သော် ကျနော့်လက်ထဲ ရောက်လာလို့ မိတ်ဆွေတို့အတွက် စေတနာကောင်းနဲ့ ဝေမျှပါတယ်။ မြန်မာပြည်သားတွေ အထူးသဖြင့် လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပိုမိုသိရှိပြီး သူမလိုပဲ တိုင်းပြည်ကောင်းကျိုး အနစ်နာခံ သယ်ပိုးချင်စိတ်တွေ ကိန်းဝပ်ခဲ့မယ်ဆိုရင် အပင်ပန်းခံပြီး မူရင်း ပြုလုပ်ထားသူကလည်း ကျေနပ်မယ်ထင်မိပါတယ်။

အားလုံးကို လေးစားလျှက်…

Good Idea

2 comments

  • bigcat

    November 13, 2010 at 8:00 am

    ဒေါ်စုအိမ်ထဲမှာ ရုမ်းရင်းဆန်ခတ်ဖြစ်နေကြောင်းသတင်းရရှိ
    နအဖ က လွတ်မပေးတဲ့အတွက် ဒေါ်စုက ဇွတ်ထွက်ဖိုု ့ကြိုးစားနေပြီဟုသိရတယ်။ အထဲမှာ နအဖ ထောက်လှမ်းရေးတွေက ဒေါ်စုကိုအတင်းအကြပ်ဆွဲထားကြကြောင်း အိမ်ထဲမှာ အခြေအနေ အလွန်တင်းမာနေကြောင်း ယူဆရ ဟုသတင်းရရှိနေပါတယ်။ ကိုမိုးသီးဘလောက်မှ…

    Reply

Leave a Reply

Your email address will not be published.