နှင်းနုအေးအသတ်ခံရသောကိစ္စအား ပြန်လည်ရှင်းလင်းချက်

ဂ်စ္စူNovember 12, 20101min00

မလေးရှားတွင် မြန်မာမိန်းကလေးတဦး အသတ်ခံရခြင်း
ဆိုပြီး နေ ့သစ်မှ ကျနော်ကူးယူဖော်ပြထားတဲ ့ပို ့စ်လေးနဲ ့ပတ်သတ်ပြီး နောက်ဆက်တွဲလေးကို
နေ ့သစ် သတင်းကပဲ ပြန်လည် ဖော်ပြအပ်ပါသည်ခင်ဗျား.။စတုန်းကစပြီး
ပြန်လည်အဆုံးသတ်ပေးဖို ့တာဝန်ရှိတဲ့အတွက်ဖြစ်ပါတယ်။သတင်းဖော်ပြပေးတဲ ့ နေ ့သစ်မှ မောင်ပါလ လဲ
တိုင်ပတ်နေတယ်ထင်ပါတယ်။ဖုန်းနံပတ်ပါ ထည့်ပေးထားတာကိုး..။သူ ့ဖုန်းဆက်ပြီး လာလာမေးနေကြတော့
အလုပ်ရှုပ်တာပေါ့လေ။ရတနာပုံမှ အာစရိများလဲ နားလည်ခွင့်လွတ်ပေးတော်မူကြပါလို ့.။

ဖြေရှင်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

မလေးရှားတွင်မြန်မာမိန်းကလေးတဦးအသတ်ခံရခြင်း ခေါင်းစဉ်နှင့် စာရေးသူပို့စ်တပုဒ်တင်ခဲ့ပါသည်။ ပို့စ်တင်ရာတွင်လည်း forward mail မှ ရရှိခဲ့ပါသည်ဟု ထည့်သွင်းရေးသားပေးခဲ့ပါသည်။ မတရားသည့်ကိစ္စတခုကို ခံရသည့်ဖက်မှ တတ်နိုင်သလောက် လိုက်ပါကူညီပေးချင်သည့်ဆန္ဒကြောင့် စာရေးသူ၏ဖုန်းနံပါတ်ကိုပါ ဆက်သွယ်နိုင်ရန် ထည့်ပေးခဲ့ပါသည်။

မြန်မာအမျိုးသမီးတဦး မတရားအသတ်ခံရသည်ကို သိရသည့် စာဖတ်သူများ၏ ဖုန်းဆက်မေးမြန်းမှုများမှာ ယခုအချိန်ထိရှိနေဆဲဖြစ်ပြီး ပို့စ်တွင်ပါဝင်သည့် မတရားလုပ်သူဟု ယူဆရသူ ပြည့်ဖြိုး၏ ဓာတ်ပုံကို တင်ပေးပါရန် ဆန္ဒပြုလာကြသူ အများအပြားရှိပါသည်။ မိမိတို့မြန်မာအမျိုးသမီး မတရားအသတ်ခံရသည်ကို မကျေနပ်ဘဲ ဖုန်းဆက်မေးမြန်လာကြသူများကို စာရေးသူမှ ဝမ်းမြောက်ဝမ်းသာဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။

စာရေးသူအဓိကပြောလိုသည်မှာ-
ထိုကိစ္စအား ဖြန့်ဝေခဲ့သည့် အသတ်ခံရသူ နှင်းနုအေး၏ သူငယ်ချင်းဖြစ်သူ မရွှေဇင်မျိုး ဆိုသူနှင့် အဆက်အသွယ်ရပြီး အကြောင်းစုံသိရှိနိုင်ရန် စာရေးသူကြိုးစားခဲ့ပါသည်။ ယခုအချိန်တွင် မရွှေဇင်မျိုးနှင့် ဖုန်း၊ အီးမေးလ် အဆက်အသွယ်ရပြီဖြစ်သော်လည်း အသတ်ခံရသည့်နေရာမှာ 83000 Batu Pahat, Johor ဆိုသည်မှလွဲ၍ နှင်းနုအေးအသတ်ခံရကြောင်း ခိုင်လုံသည့်အထောက်အထားတစုံတရာကို မရရှိခဲ့သေးပါ။ ထို့အတွက်ကြောင့် စာရေးသူကိုယ်တိုင် ကူညီဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။

ထို့အတူ စာဖတ်သူများဆန္ဒပြုကြသည့် ပြည်ဖြိုးဆိုသူ၏ ဓာတ်ပုံတင်ပေးရန်မှာလည်း နှင်းနုအေးမှာ ပြည့်ဖြိုး၏ပယောဂကြောင့် သေဆုံးခဲ့ရပါသည်ဆိုသော အထောက်အထားမရှိသည့်အတွက် ဓာတ်ပုံတင်ပေးလိုက်ပြီး အမှန်တကယ်မဖြစ်ခဲ့ပါလျှင် ကာယကံရှင်များ နစ်နာနိုင်သည့်အကြောင်းများကြောင့် စာရေးသူမှ ထိုကိစ္စနှင့်ပတ်သတ်မှုများကို နောက်ထပ်တစုံတရာအနည်းငယ်မျှ ထပ်မံမဖော်ပြနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

(forward mail မှရပါသည်။ ယခုကိစ္စအား အပြည့်အစုံသိပြီး အသတ်ခံရသူမိန်းကလေးအတွက် တခုခုဆောင်ရွက်လိုပါလျှင် ကျော်ထူးအောင် 017 299 6989 သို့ဖုန်းခေါ်ပါ) ဟု ယခင်ပို့စ်တွင် ရေးသားဖော်ပြခဲ့ပါသည်။ forward mail မှရသည်ဆိုသည်မှာ ဤသတင်းမှန်/မမှန် တာဝန်မယူနိုင်ပါဟု ဆိုလိုရင်းဖြစ်ပြီး နာမည်နှင့်ဖုန်းနံပါတ် ထည့်ပေးလိုက်ရခြင်းမှာ ဤသတင်းအား အတိအကျသိသူတယောက်ယောက်နှင့် အဆက်အသွယ်ရနိုင်ရန်နှင့် တတ်နိုင်သမျှကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်သာ ဖြစ်ပါသည်။ ဤသတင်းနှင့်ပတ်သတ်ပြီး သတင်းဌာနများ၊ ဂျာနယ်များမှ မေးမြန်းမှုကို ဖြေဆိုရှင်းပြပေးရန်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

နှင်းနုအေးအသတ်ခံရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ကူညီဆောင်ရွက်ပေးလိုကြသူများ၊ နှမသားချင်းစာနာစိတ်ဖြင့် မေးမြန်းလာကြသူများကို စာရေးသူမှ ယဉ်ကျေးစွာ ပြန်လည်ဖြေကြားပေးခဲ့ပြီး ကျေးဇူးအထူးတင်ရှိပါကြောင်းလည်း ထပ်မံပြောကြားလိုပါသည်။ ပြည့်ဖြိုး၏ဓာတ်ပုံကို မဖော်ပြနိုင်ခြင်းကြောင့်လည်း စာရေးသူမှ တောင်းပန်အပ်ပါသည်။

Leave a Reply

Your email address will not be published.