Eleven က စတက်လာပြီး ဖြုတ်ခံရတဲ့ မဲရလဒ်တချို့

ဂ်စ္စူNovember 10, 20101min00

အခု စာမျက်နှာများဟာ Weekly Eleven ရဲ့ Web Page မှာ တင်ထားခဲ့တဲ့ မဲရုံအလိုက် အနိုင်အရှုံးစာရင်းအချို့ပါ။ ဒီစာရင်းတွေ အပါအဝင် ရွေးကောက်ပွဲ စာမျက်နှာ တစ်ခုလုံးကို အဲဒီဝက်ဘ်ဆိုဒ်ကနေ လာဖြုတ်သွားပါတယ်။ ငွေကုန်လူပန်းခံပြီး လုပ်ထားရတဲ့ စာရင်းဖြစ်ပေမယ့် ဖြုတ်ခိုင်းတဲ့အခါ အလွယ်ပဲ ဖြုတ်ပေးလိုက်ရပါတယ်။ နောက်ပိုင်း ကြိုတင်မဲများဝင်လာတဲ့အခါမှာ ဘယ်လောက်ကွာသွားတယ်၊ ဘယ်လိုညစ်ထားတယ်ဆိုတာ ဒီစာရင်းတွေအရ ပေါ်လွင်နေတဲ့အတွက် လာဖြုတ်သွားတာ သေချာပါတယ်။ အခုစာရင်းများအရ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်အင်အားစုများဟာ နောက်ပိုင်း ကြိုတင်မဲများ အစစ်အဆေးမရှိ အကန့်အသတ်မရှိ စည်းမရှိကမ်းမရှိ ထည့်ပြီး အနိုင်ကျင့်တာကို ခံခဲ့ကြရပါတယ်။ နောက်ပိုင်း မဲအနိုင်အရှုံးများ ထွက်လာတဲ့အခါ မဲရုံမှာ ရေတွက်ထားတာနဲ့ ဘယ်လောက်ကွာတယ်ဆိုတာ ယှဉ်ကြည့်နိုင်ကြပါလိမ့်မယ်။
Early Results

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု ဝဘ်စာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြပေးပါတယ်။
အညာနွေတမာမြေ