စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင်လည်း NDF ရှုံးနိမ့်၊ အမတ်လောင်း ၄ဝ အရေးနိမ့်သွားပြီ။

Good IdeaNovember 9, 20101min00

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ဝင်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု – NDF ပါတီ ကိုယ်စားလှယ်လောင်းတွေအားလုံး ရှုံးနိမ့်ခဲ့ကြောင်း မန္တလေး NDF ပါတီသတင်းရပ်ကွက်က ပြောပါတယ်။

NDF ပါတီက စစ်ကိုင်းတိုင်းမှာ ၆ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦး ဝင်ပြိုင်ခဲ့တာပါ။ မန္တလေးမှာလည်း အင်တိုက်အားတိုက်နဲ့ ၃၂ ဦးထိ ဝင်ပြိုင်ခဲ့ပေမယ့် တယောက်မှ မနိုင်ခဲ့ပါဘူး။ ဒါကြောင့် NDF ပါတီက ကိုယ်စားလှယ်လောင်း ၄ဝ တိတိ အရေးနိမ့်သွားခဲ့ပါပြီ။

NDF ပါတီ အမတ်လောင်းတွေဟာ ရ ရက်နေ့က ရပ်ကွက်/ ကျေးရွာ လူထု ထည့်ဝင်တဲ့ မဲတွေနဲ့ ကြံ့ဖွံ့အမတ်လောင်း တွေအပေါ် အောင်ပွဲခံနေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဘယ်ကရောက်လာမှန်း မသိတဲ့ ဂုန်နီအိတ်နဲ့ ထည့်ထားတဲ့ ကြိုတင်မဲ ဆိုတာတွေကြောင့် ညပိုင်းမှာ နိုင်နေသူ NDF အမတ်လောင်းတွေခမျာ မနက်ကျတော့ ရှုံးကုန်ကြပါတော့တယ်။

နောက်ဆုံးသိရတဲ့ သတင်းအရဆိုရင် မန္တလေးတိုင်း အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်တဲ့ ဦးတင်အောင်အောင်ဟာ ပြိုင်ဘက် ကြံ့ဖွံ့အမတ်လောင်း ဒေါက်တာ စိုးထွန်းကို ချမ်းအေးသာဇံမှာ ထောက်ခံမဲ ၂၀ဝ ကျော် အသာနဲ့ နိုင်ခဲ့ပေမယ့် ပုသိမ်ကြီးနဲ့ အောင်မြေသာဇံမှာတော့ ဒေါက်တာ စိုးထွန်းက ဦးတင်အောင်အောင်ကို မဲ ၁ သောင်း ၅ ထောင်လောက် အသာနဲ့ ပြန်နိုင်သွားပါတယ်။

Good Idea

Leave a Reply

Your email address will not be published.