ရိုးရှင်းခြင်း (Simple) နှင့် ရိုးသားခြင်း (Honest)

asiamastersNovember 9, 20101min07

ကျွန်တော် လူတော်တော်များများကို ဒီမေးခွန်းလေးလိုက်မေးခဲ့ပါတယ်။ ရိုးရှင်းခြင်းဆိုတာဘာလဲ၊ ရိုးသားခြင်းဆိုတာ ဘာလဲ ဆိုတာနဲ့ ဘယ်အရာကပိုကောင်းသလဲဆိုတာမျိုးကိုပေါ့။ တစ်ချို့ကလည်း ကျုပ်တို့ကတော့ ရိုးရိုးရှင်းရှင်းပဲလို့ဆိုပါတယ်။
တစ်ချို့ကတော့လည်း ကျုပ်တို့ကတော့ဖြင့် ရိုးရိုးသားသားမှ ကြိုက်တယ်လို့ဆိုပါတယ်။ နောက်နဲနဲထပ်ပြီးမေးပါတယ်။ ရိုးရှင်းတယ် ဆိုတာက ဘယ်လိုဟာမျိုးလည်းပေါ့။ ဒီအချိန်မှာ ပြန်ဖြေကြတာကတော့ ရိုးရှင်းတယ်ဆိုတာ ရိုးရိုးရှင်းရှင်းပေါ့ဗျာ။
ရှုပ်ရှုပ်ယှက်ယှက် တွေမဟုတ်ဘူးပေါ့ လို့သာ ဖြေနိုင်ကြပါတယ်။ ဒါဆိုရင် ရိုးသားခြင်းဆိုတာ ကကောလို့မေးရင် ရိုးသားခြင်း ဆိုတာ သူများကို မလိမ်တာပေါ့ လိုသာဖြေကြပါတယ်။ ဒါဆိုရင် ရိုးရှင်းခြင်းနဲ့ ရိုးသားခြင်း ဘယ်ကပိုကောင်းသလဲ လို့မေးတဲ့ အခါမှာတော့ တစ်ချိုု့ ကလည်း ရိုးရိုးရှင်းရှင်းပဲကောင်းပါတယ် လို့ဖြေပါတယ်။ တစ်ချို့ကလည်း ရိုးသားတာ ကောင်းပါတယ် လို့ဆိုကြပါတယ်။ ဒါပေမဲ အဓိပ္ပါယ်တော့ သိပ်မကွဲကြပါ။ ဒါကြောင်း ရိုးရှင်းခြင်းနဲ့ ရိုးသားခြင်းအကြောင်းကို ကျကျနနသိရန် လိုလာပါတယ်။

ရိုးရှင်းတယ်ဆိုတာကို အင်္ဂလိပ်လိုအားဖြင့် Simple လို့ခေါ်ပါတယ်။ Simple ရဲ့ အနက်ကတော့ A person who doesn’t want to think and change လို့ဆိုပါတယ်။ ဆိုလိုတဲ့သဘောကတော့ စဉ်းကိုမစဉ်းစားလိုတော့သူတွေ၊ အပြောင်းအလဲတစ်ခု
လည်းမလုပ်လိုတော့သူတွေကို ခေါ်တာဖြစ်ပါတယ်။ တစ်ချို့ လူသားတွေဟာ စဉ်းစားပြီးလုပ်ရမယ့် ကိစ္စမျိုးဆိုရင် ဘာမှ မလုပ်လိုတော့ပါ။ သူတစ်ပါးပြောတာကိုအကုန်ယုံတယ်။ သူတစ်ပါးခိုင်းတာ အကုန်လုပ်တယ်။ မိမိက ဦးဆောင်ဖို့မစဉ်းစား။ သူများနောက်လိုက်အဖြစ်နဲ့သာ နေလိုသူများဖြစ်ပါတယ်။ တစ်ချို့လူများကတော့ အပြောင်းအလဲဆိုလို့ ဘာမျှ မလုပ်လို တော့ပါ။ စားတဲ့နေရာမှာလည်း ဒီနေ့ဒါပဲစားမယ်။ မနက်ဖန်လဲ ဒါပဲစားမယ်၊ တစ်သက်လုံးလည်း ဒီလိုပဲစားတာပါပဲ။ ဘယ်ကို မှလဲသွားဖို့မစဉ်းစားဘူး၊ ဒီနေရာမှာမွေးတယ်၊ ဒီနေရာမှာပဲသေမယ်။ ဒီလို မစဉ်းစားလိုသူများနဲ့ မပြောင်းလဲလိုသူများမှာ အဓိကဖြစ်လေ့ရှိတဲ့ လက္ခဏာကတော့ ပြင်းယိခြင်းပဲဖြစ်ပါတယ်။ ပြင်းယိသူများဖြစ်တဲ့အတွက် ဘာကိုမှ စိတ်အား ထက်သန် စွာ လုပ်ဆောင်ခြင်းကျိုးပမ်းခြင်းမရှိပါဘူး။ ဒီလိုလူများအတွက် နောက်ဆက်တွဲလိုက်ပါလာတာက Poverty လို့ခေါ်တဲ့ ဆင်းရဲမွဲတေခြင်းသာဖြစ်တယ်။ ဆင်းရဲမွဲတေခြင်းဟာ ကူးစက်ရောဂါဖြစ်တယ်။ မိမိဆင်းရဲသွားပြီဆိုတာနဲ့ မိမိရဲ့ သွေးပါတဲ့ မျိုးဆက်တွေမှာ ခံစားကြရတော့မှာ ပါပဲ။ နောက် ကျန်းမာရေး ထိခိုက်လာ ချိန်မှာတော့ ကုသဖို့နေနေသာသာ ရောဂါ ရှာဖွေ ဖို့တောင် ဝင်ငွေကမရှိ၊ စောင့်ရှောက်သူများကင်းဝေးစွာနဲ့ နာကျင်မှုဝေဒနာတွေကို အလူးအလဲခံစားကြရပါတော့တယ်။ ဒါဟာ ရှုင်နေရက်နဲ့ ငရဲကျနေတဲ့ Living Hell လို့ တောင်ဆိုနိုင်ပါတယ်။ ပြင်းယိသူတွေဖြစ်တာနဲ့အညီ ဒီလိုလူမျိုးတွေဟာ အလကားရတာတွေကိုသာ တောင့်တနေလေ့ရှိတယ်။ တောင်းစားဖို့ပဲ စဉ်းစားနေပါတယ်။ အခွင့်အရေးကို သာ စောင့်နေ တယ်။ ကိုယ်ကဘာတစ်ခုမှတတ်အောင်မကျိုးစားလိုတော့ပါ။ ဒါကြောင့် အမြဲတစေ ကြောက်ရွံ့ မှု (Fear) တွေနဲ့သာ နေထိုင် ကြရပါတယ်။ ဘဝမှာ ရည်မှန်းချက်ပန်းတိုင်ပျောက်ဆုံးခြင်း (Purposeless) တွေဖြစ်လာပါတယ်။

ဒါဆိုရင် ရိုးသားခြင်း (Honesty) ဆိုတာကကောဘာပါလဲ။ Honesty ဆိုတာက Always telling the truth, and never stealing or cheating လို့ဆိုပါတယ်။ မြန်မာလိုအနက်ကိုပြောရရင်တော့ အမှန်တရားကို အမြဲပြောခြင်း၊ ဘယ်သောအခါမျှ
မခိုးခြင်း၊ ဘယ်တော့မှ မလိမ်လည်ခြင်း၊ မလှည့်စားခြင်းများဖြစ်ပါတယ်။ အမှန်တရားကို ပြောသူတွေ၊ မခိုးသူတွေ၊ မိမိအလုပ် ကိုမှန်တယ်လို့ ပြင်းပြင်းပြပြ ယုံကြည်သူတွေမှာ ဖြစ်ပေါ်လာတာက သတ္တိ (Courage) ဖြစ်ပါတယ်။ ဒီသတ္တိပေါ်လာတာနဲ့ ဇွဲ
ကလိုက်လာပါတယ်။ ဒါကြောင့် ရိုးသားသူတွေဟာ အလုပ်ကျိုးစားသူတွေဖြစ်လာပါတယ်။ အလုပ်ကျိုးစားသူတွေ ဖြစ်တဲ့ အတွက် အောင်မြင်မှုတွေရတယ်။ အခက်အခဲတွေကို ကျော်လွှားနိုင်ကြတယ်။ မိတ်ဆွေအပေါင်းအသင်းတွေတိုးလာတယ်။
ပိုသိလာတယ်၊ ဒါကြောင့် ပိုကောင်းတဲ့အလုပ်တွေကို လုပ်လာနိုင်ကြပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ဘဝ တွေကို ရရှိလာ ကြတာဖြစ်ပါတယ်။ ရိုးသားသူတွေဟာ ဘဝမှာ ရည်မှန်းချက်ပန်းတိုင် (Purposeful) တိတိကျကျရှိပြီး အဲဒီပန်းတိုင်ကို
အရောက် သွားနိုင်ကြပါတယ်။

လူသားတို့တွင် အောင်မြင်ခြင်း၊ ဆုုံးရှုံးခြင်း တွေက သိပ်အရေးမကြီးပါ။ လူ့ဘဝဆိုတာကိုက အောင်မြင်လိုက်၊ ဆုံးရှုံး လိုက် ပါပဲ။ ကျန်းမာနေသရွေ့ပစ္စည်းဥစ္စာဆိုတာရှာနိုင်ပါတယ်။ အသက်ရှုနေသေးသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိပါတယ်။ ဒါပေမဲ့
ရည်မှန်းချက်ပန်းတိုင်ပျောက်နေတာရယ်၊ လွဲနေတာရယ်ကအဓိကဖြစ်ပါတယ်။ လူသားတစ်ဦးအတွက် ရှိသင့်တဲ့ လူ့ ဘဝ ပန်းတိုင်ဆိုတာက ရှင်သန်ခွင့်ရှိတဲ့ အချိန်အတွင်းမှာ ရုပ်ပိုင်းရောစိတ်ပိုင်းပါ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာပြီးအမြင့်မားဆုံး ကိုရောက်ရှိဖို့ရယ်၊ မိမိရဲ့ ကိုယ်ခန္ဒာနဲ့ အသက်ကို နောက်ဆုံးအချိန်ထိ ရတဲ့နည်းနဲ့ ကာကွယ်စောင့် ရှောက်ရန်ဖြစ်ပါ ကြောင်း ရေးသားအပ်ပါသည်။

7 comments

  • char too lan

    November 10, 2010 at 7:54 am

    အရမ်းကြိုက်တယ် ကူးယူခွင့်ပြုပါ ~~

    Reply

  • nyeinwailwin

    November 10, 2010 at 8:37 am

    အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ .. သဘောကျလို့ကူးသွားပါတယ်နော် ….

    Reply

  • noenoe

    November 10, 2010 at 8:52 am

    asiamasters ပြောထားတဲ့ (ရည်မှန်းချက်ပန်းတိုင်ပျောက်နေတာရယ်၊ လွဲနေတာရယ်) ဆိုတာကို အရမ်းသဘောကျမိတယ်…..ကျွန်မကိုယ်တိုင်လည်း ဘာလုပ်လုပ် အဆင်မပြေတာတွေဘဲ ကြုံလာနေတော့ အဲဒီလိုဘဲဖြစ်ဖြစ် သွားလွန်းလို့ဘာ…..အရမ်းကောင်းတဲ့ Post လေးတစ်ပုဒ်ပါ။

    Reply

  • MaMa

    November 10, 2010 at 9:31 am

    good post.

    Reply

  • နီလေး

    November 10, 2010 at 9:43 am

    အထက်ကပြောသလိုပါပဲ ကောင်းပါတယ်လို့ပဲထပ်ပြောပါရစေ

    Reply

Leave a Reply to hello! everybody Cancel Reply

Your email address will not be published.