မဲပေးခွင့် မရလိုက်သည့် ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း

Good IdeaNovember 9, 20101min09

ကျနော့်သူငယ်ချင်း သတင်းထောက်တယောက်နဲ့ မနေ့က စကားစမည်ပြောရင်း စကားလမ်းကြောင်းက ရွေးကောက်ပွဲအကြောင်း ကိုရောက်သွားပါတယ်။ အဲဒီမှာ သူက အံ့ဩစရာတခု ပြောလာတာက “ဒီ ၂၀၁ဝ ရွေးကောက်ပွဲမှာ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်းတယောက် မဲပေးခွင့် မရလိုက်ပါ” တဲ့။

“ဟ မင်းဟာက ဟုတ်လို့လား”လို့ ကျနော်က မေးတော့ “ဟုတ်လွန်းသမှ သိပ်ဟုတ်”ဆိုပဲဗျ။

အဲဒါနဲ့ သူက ဆက်ပြောပြတာက ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ရ ရက်နေ့မှာ မောင်မျိုးမင်း ဘယ်ပါတီကို မဲပေးသလဲ ဆိုတာ ဖုန်းဆက်ပြီး မေးဖြစ်ပါတယ်။ အဲဒီမှာ မောင်မျိုးမင်းက သူ့မှာ အိမ် ၂ လုံးရှိတယ်။ တလုံးက (ဗိုလ်တထောင်လား အလုံလား သေချာ မမှတ်မိတော့ဘူးဗျ။ နှစ်ခုထဲက တခုပဲ)၊ တလုံးက သင်္ဃန်းကျွန်း။

အဲဒါနဲ့ ရ ရက်နေ့ မဲသွားပေးတော့ မဲရုံက လူတွေက မဲပေးမယ့်လူစာရင်းမှာ မောင်မျိုးမင်းတို့ မိသားစုနာမည် မပါပါဘူးတဲ့။ ဘယ်လိုဖြစ်တာလဲလို့ သူကမေးတော့ မဲပေးတဲ့ စာရွက်ဝေပေးတဲ့နေ့မှာ မောင်မျိုးမင်းတို့ အိမ်မှာ ဘယ်သူမှ မရှိတဲ့အတွက် မရလိုက်တာ ဖြစ်ပါမယ်တဲ့။ ဒါပေမယ့် အရင်နေတဲ့ ဗိုလ်တထောင်မှာလည်း နာမည်စာရင်း ပါနိုင်ပါတယ်လို့ ပြောလို့ မောင်မျိုးမင်းတို့ မိသားစုလည်း နောက်တမြို့နယ်ကို မဲပေးဖို့ သွားကြတာပေါ့။

ဟိုရောက်တော့လည်း သူတို့နာမည်က မဲပေးမယ့်စာရင်းမှာ မပါပြန်ဘူး။ အဲဒါနဲ့ပဲ ဆရာ မောင်မျိုးမင်းလည်း မဲထည့်ချင်ပေမယ့် နာမည်မပါလို့ လက်လျော့လိုက်ရတယ် ဆိုပဲဗျ။ သူကတော့ ဘယ်ပါတီကို ကြိုက်တယ်ဆိုတာတော့ တိတိကျကျ မရှိသေးဘူးတဲ့။ ဒါပေမယ့် ဟိုရောက်မှ လူတွေကြည့်ပြီး ထည့်သင့်တဲ့လူ ထည့်ဖို့ စိတ်ကူးထားတာတဲ့။

ဒါကြောင့် သူက ပြောပါတယ်။ “ကျနော်တို့ မိသားစု လေးယောက် မဲမရလိုက်လို့ ပါတီတခုခုများ ရှုုံးနိမ့်ခဲ့ရင် စိတ်မကောင်းပါဘူးလို့ ကြိုတင်ပြီး ပြောပါရစေ” တဲ့ဗျ။ ဒါကတော့ ကျနော့်သူငယ်ချင်း သတင်းထောက် ပြောပြတာလေးကို မိတ်ဆွေတွေ သိရအောင် ပြန်လည်ဝေမျှတာပါ။

အားလုံးကို လေးစားလျှက်…

Good Idea

9 comments

  • bigcat

    November 9, 2010 at 6:58 am

    ကောင်းတာပေါ့ဗျာ။ ဒီချုပ်ရဲ့ သပိတ်တပ်သားတဦး အလိုအလျောက်ဖြစ်သွားတာပေါ့။

    Reply

  • ဆူး

    November 9, 2010 at 7:09 am

    သူများတွေလို အိမ်တလုံးတည်းမှ မနေတာ.. အိမ်တွေ များတော့ ဖြစ်မှာပေါ့.. ဟီးဟီး..
    လူကြီးတွေက သေချာ ကြီးကြပ်ပြီး လူစာရင်းစစ်တာ လူမနေလို့ စာရင်းမပါတာ..

    Reply

  • noenoe

    November 9, 2010 at 7:11 am

    အဲတာက ဦးမောင်မျိုးမင်းနော်…..ကျွန်မတို့အိမ်မှာ လဲအဲလိုဘဲလေ….အိမ်မှာရှိတဲ့လူက ၆ ယောက် (မဲပေးခွင့်) ၊ စာရွက်ရောက်လာတာက ၃ ရွက်….သွားပြောတော့ မရတော့ဝူးတဲ့….အဲဒါသူတို့ပြင်ဆင်ခွင့်မရှိဝူးတဲ့လေ……ဘာလို့အဲလိုဖြစ်တာလဲဆိုတော့ ဘာမှပြန်မဖြေပေးလိုက်ဘူး…..အဲလိုနဲ့နေလိုက်ရတဲ့လူတွေတော်တော်များ
    များအိမ်နားမှာရှိ ခဲ့တယ်…..

    Reply

  • shwepyiaye

    November 9, 2010 at 7:12 am

    ဒါရိုက်တာကလဲဆောက်ပေါပဲကွာ…….

    Reply

  • char too lan

    November 9, 2010 at 8:07 am

    ဟိုယောင်ယောင်ဒီယောင်ယောင် လုပ်နေလို့ နေမှာပေါ့ 😀

    Reply

  • moethidasoe

    November 9, 2010 at 8:19 am

    မဲပေးနိုင်သူစာရင်းကို အရင့်အရင်များကတော့ သက်ဆိုင်ရာ ရပ်ကွက်အဖွဲ့ စိစစ် တင်ပြခဲ့တာ ..
    အခုကတော့ ဘယ်ကနေ စာရင်းယူတာလဲ မသိ .. အခြေခံပညာ (၃)မှာ စာရင်းကို ရိုက်တယ်လို့ဆိုတယ် .. အမှားများစွာ နဲ့ စာရင်းထွက်လာတယ် .. ရပ်ကွက်လူကြီး တစ်ယောက်ဆို ကလေး အမွှာ မွေးထားတာ .. အမေနာမည် နှစ်မျိုးဖြစ်နေတယ် .. နောက် လူကြီးတစ်ယောက်က အိမ်က လူတွေနဲ့ မဲရုံ တစ်ခုမှာ စာရင်း ပါတယ် .. နောက်ဆက်တွဲဆိုတဲ့ စာရင်းမှာတော့ အိမ်က လူတွေ မပါပဲ ထပ်ပါတယ် .. လိပ်စာကတော့ တစ်ခုတည်း ..
    ကိုင်း .. ညောင်မိုးမင်းရေ .. ခင်ဗျား .. မထည့်လိုက်ရလဲ .. ကိုကြိုတင် ထည့်ပြီးသား ဖြစ်နေမှာပါ .. ဒါပေမယ့် ခင်ဗျား အတွက်တော့ ခြင်္သေ့ကို သူတို့က ထည့်ပေးမှာပါ ..

    Reply

  • cherrywine

    November 9, 2010 at 11:31 am

    မပေးရတော့ ကောင်းတာပေါ့။ခေါင်းရှုပ်တောင် သက်သာသေး။ အလုပ်လည်းမရှုပ်ဘူး .. ကောင်းမှကောင်း။

    Reply

  • ကိုမင်း

    November 9, 2010 at 11:45 am

    ဟားဟား
    ငါ့အိမ်မှာကျတော့..
    များလိုက်တဲ့မဲအရေအတွက်တွေ..
    လေးနှစ်ကလေးနဲ့နှစ်နှစ်ကလေးတောင်မဲစာရင်းထဲပါတယ်
    🙂

    Reply

  • naywoonni

    November 9, 2010 at 3:26 pm

    50.5ပြည့်အောင်ဖြည့်ထားတာနေမှာပေါ့
    ခုမှ50.5တဲ့နေပါဦး….2000ပြည့်နှစ်ဒီဇင်ဘာ31ညသန်ခေါင်စာရင်းကလည်း
    50.125သန်းရှိပါတယ်ပြောခဲ့သေးတယ်နော်..။တစ်နှစ်ကို2%နဲ့ပဲတိုးဦး10သန်း
    ကျော်ကဘယ်ရောက်သွားလဲ…။နာဂစ်လား..နိုင်ငံခြားလား
    နှစ်ခုလုံးလား

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.