နိဂုံးမဲ့သောမဲ့ခြင်းတရား

naywoon niNovember 8, 20101min00

အက်ကွဲရှတ

အသံများလွင့်ထုတ်နေ

မဲ့ခြင်းတရားကိုဆုတ်ကိုင်

လက်သုပ်ဝတ်မှာလည်းညစ်ညမ်းပေါ့…။။

ပစ္စည်း……

ပညာ…….

စာရိတ္တ……

မေတ္တာတရား….

အသိများကင်းမဲ့

သူတို့ရဲ့

ကျျို့ထိုးသံများ

ညံနေပေါ့……..။

လူ့ပေါက်ပန်းတဲ့

ဘဝနွမ်း

အင်းအားခမ်းခြောက်

ရသမြောက်တဲ့

အစက်အပြောက်များ

သင်ရောက်ရာမှာရှိနေမယ်…..။။

သူတို့ရဲ့နွေ

သက်ဆိုးရှည်နေ

ရေကြည်မိုးပေါက်

မ,စင်ရောက်လေတော့

ချောက်အိပ်မက်တွေနဲကလုံးထွေး

အနာဂါတ်ဆိုတာလည်းရေးရေးမမြင်..။

နေကြတော့တဲကုပ်

တစ်နေ့လုပ်တစ်နေ့စား

အရင်းပြုတ်..ကြွေးထူ

ခွေးအူ..ကလေးဆူ

ညည်းညူသံများပဲ့ထွက်

လှေခွက်ပဲကျန်အလံယိုင်နဲ့

မခိုင်တဲ့ကြိုးရဲ့

ပြတ်တောက်မဲကအချိန်

မီးမှိန်မှိန်နဲ့စောင့်နေရဲ့…..။။

ချွေရင်လည်းကြွေ

နေရင်လည်းမထူး

လောကကိုလက်ပစ်ကူး

ကြယ်တွေကိုစိတ်ကူးနဲ့ခူးလိုခူး

နှင်းဆီဆူးမကြောက်

မျောက်ဆိုတာက

ဘယ်ဘက်ကမသေချာပဲနဲ့

ညာဘက်ကသစ်ကိုင်းကိုလက်မလွှတ်

ဒီဝဋ်ကိုချွတ်မနေ

သေချင်လည်းသေ

ချွေရင်လည်းကြွေမယ်လေ………။။။။

နေဝန်းနီ

Leave a Reply

Your email address will not be published.