မြဝတီ ကို DKBA သိမ်း၊မသိမ်း-ဘယ်ဟာအမှန်လဲ

November 08,
Latest News;
မြဝတီတွင် နအဖနှင့် DKBAတို့ ပစ်ခတ်ကြပြီး
ထိုင်းဘက်ကမ်းနားမှာ လက်ပစ်ဗုံးလာကြပြီး ထိုင်းလူမျိုး ၄ဦး ဒဏ်ရာရ၊
အခုကမ်းနားကလူတွေကို အထဲဘက်ဝင်ခိုင်းနေပီ
သတင်းထောက်တွေလဲ ထိသည်ဟုသိရ၊
STV မဲဆောက်သတင်းတွင် နောက်ခံတွင် စာတန်းထိုးဖော်ပြခဲ့သည်။

Ref:ABMA


foto:freedom news group
November 07,
မြဝတီကို ဒီကေဘီအေ မသိမ်းပါလို့ပြောလာပြန်ပြီ တဖက်ကလည်း ဗိုလ်နုတ်ခမ်းမွှေးနဲ့ ဗျူးထားပြန်တယ်။ ဧရာဝတီမှာလည်း သိမ်းတယ်သတင်းတင်ထားပြန်တယ်။ ပရိတ်သတ်အပေါင်း ကိုယ်တိုင်ဆုံးဖြတ် သုံးခုလုံး တင်ပေးလိုက်တယ်ဗျာ

ဒါ ဒီဗီဘီသတင်းပါ ဒီမှာကြည့်ပါ။

အောက်က ဟာက ဧရာဝတီသတင်းပဲ သူက ၂ခါပြန်တင်တယ် အရင်တခုရော နောက်တခုရော အညာနွေက ပြန်တင်ပေးလိုက်တယ်။

မြဝတီကို ဒီကေဘီအေ သိမ်းပြီ

ယနေ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြဝတီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က နေ့လယ်ပိုင်းတွင် သိမ်းလိုက်ကြောင်း သိရ သည်။ မြဝတီ ရဲ စခန်း အပါအဝင် အချက်အချာ ကျသည့် နေရာများကို DKBA တပ်မဟာ ၉၉၉ နှင့် တပ်ရင်း ၉၀ရ တို့က သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်နှုတ်ခမ်းမွေး ခေါ် စောလားပွယ် က ပြောသည်။ ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့သည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့် အဖွဲ့ ဖြစ်သည်။ မြဝတီမြို့ခံ တဦးကလည်း“ မြဝတီမှာ အခြေအနေမကောင်းဘူး၊ တချို့တွေကတော့ မဲဆောက် ဘက် ရှောင်သွားနေကြပြီ”ဟု ဆိုသည်။

မြဝတီမှာ စစ်ရေးတင်းမာ
ဧရာဝတီ Sunday, 07 November 2010 14:45 ရွေးကောက်ပွဲ သတင်းတို
E-mail Print
ယနေ့ ရွေးကောက်ပွဲကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြဝတီမြို့၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့နှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုဖြစ်ပွားရာ မြဝတီရဲစခန်းနှင့် နယ်စပ် ဂိတ်တခုကို DKBA တပ်များက ဝိုင်းခဲ့သည်။ နောက်ဆုံးရသည့် သတင်းများအရ နှစ်ဘက်အပြန်အလှန် ညှိနှိုင်းနေကြောင်း သိရ သည်။


မြဝတီကို ဒီကေဘီအေ မသိမ်းပါ (မဇ္ဈိမ)

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ခွဲထွက်သွားခဲ့တဲ့ တပ်တွေက မြန်မာ- ထိုင်း နယ်စပ်မြို့ မြဝတီရဲ့ အချက်အခြာကျတဲ့ နေရာတွေကို သိမ်းပိုက်လိုက်ပြီလို့ ပြောနေကြတဲ့အပေါ် မဟုတ်မှန်ကြောင်း ထိုင်းလုံခြုံရေး အရာရှိ တယောက်က ပြောပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်မှူးကြီးစောလားပွယ် ဦးစီးတဲ့ တပ်မဟာ ၅ တပ်တွေက သိမ်းပိုက်တဲ့အတွက် စစ်အစိုးရတပ်တွေနဲ့ ရဲတွေ ထွက်ပြေးကြတယ်ဆိုတဲ့ ကောလာဟလကို သူက မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်တာပါ။

နယ်ခြားစောင့်တပ်ပြောင်းသွားတဲ့ ဒီကေဘီအေ တပ်တွေက တပ်ရင်းမှူးအဆင့်ရှိသူ ၄ ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာမှာလည်း ဒီကေဘီအေက မြို့သိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲစခန်း၊ မြို့ခံတွေနဲ့ ကရင်အမျုိုးသားအစည်းအရုံး (ကေအင်ယူ) ကိုလည်း လိုက်လံမေးမြန်းရာမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုကြပြန်ပါတယ်။

ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာတော့ မနေ့တုန်းက မြဝတီနဲ့ ၁၄ ကီလိုမီတာ ဝေးတဲ့ အရပ်မှာ ပေါက်ကွဲမှုတခု ုဖြစ်တယ်လို့ ထိုင်းလုံခြုံရေး အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

သု့ိပေမယ်လည်း မဲရုုံတွေမှာ မဲပေးသူနည်းနေတာကို မြို့ခံတွေက ပြောပါတယ်။

ကဲ စာဖတ်သူများ ဆုံးဖြတ်မလား ဘယ်သတင်းဌာနက တောင်းပန်ရမလဲ ရှင်းအောင်တော့ လုပ်ကြဗျာ
Ref:အညာနွေ တမာမြေ

ဂ်စ္စူ

စိတ္ဆတ္တယ္ အေၾကြးမဆပ္ဘူး

This Post Has 9 Comments

  1. kai

    မှန်းလို့ရသလောက်တော့ မြဝတီတမြို့လုံးကို ဒီကေဘီအေ မသိမ်းနိုင်ပါခင်ဗျ..။ရဲစခန်းခဏဝင်စီးတာလောက်တော့ လုပ်ချင်လုပ်မပေါ့. အရင်လည်း လုပ်ဖူးတာပဲ..။
    ဗမာစစ်တပ်က ..ဒီလိုနယ်စပ်မြို့ တမြို့လုံး(အချက်အချာကျတဲ့နေရာတွေ)ဘယ်လိုလုပ်အကျခံမလဲနော.. တရက်တရက်.. ငွေတွေ သိန်းပေါင်းသန်းပေါင်းများစွာ ရှာပေးနေမင့်ဥစ္စာ..။

  2. မိုက်ကယ်ဂျော်နီအောင်ပု

    ဟုတ်မဟုတ်တော့ မသိဘူး
    သိမ်းမယ်ဆိုသိမ်းလို ့ရတယ်
    အမြဲမဟုတ်ဘူး
    သိမ်းလို ့ရအောင်လဲ ဖန်တီးပေးထားတာ
    ရွေးကောက်ပွဲကို လေသတည်း မလုပ်ရသေးဘူးလေ အရပ်စကားနဲ ့ဆို ကလီးယားထားတယ် လို ့ ဆိုသဗျ
    မပြောကောင်းမဆိုကောင်း ရွေးကောက်ပွဲအတိမ်းစောင်းဖြစ်သွားရင် ဒီကေဘီအေကို တစ်ဖက်လှည့် ဖိအားပေးပြီး သိမ်းခိုင်းမယ်
    ကေအိုင်အို ကိုလည်း နည်းနည်းစီ ပွလာအောင်လုပ်မယ်
    အဲ့သည်ကြရင် ဗိုလ်ချုပ်ကြီးက တိုင်းပြည်ကို ကာကွယ်လိမ့်မယ်လေ ဒါလေးများ
    သတင်းတွေတင်ရင်လည်း ကြည့်ပြီးတော့တင်ကြဗျို ့
    ကျွန်တော်တို ့ရဲ ့ဖြစ်အင်တွေကို ကြည့်ပြီး ဗိုလ်ချုပ်ကြီး ခွက်ခွက်လန်အောင် ရီနေလေရဲ ့

  3. juezinko

    ဘာတွေလဲဗျာ…..သတင်းကိုမတိမကျမလုပ်ကျပါနဲ့…..တိတိကျကျပေးကြလေ…..ပြည်သူလူထုကို စိတ်အနှောက်ယှက်ဖြစ်အောင်မလုပ်ကြပါနဲ့လို့ပြောပါရစေ………………

  4. မသိမ်းလိုက်ပါဘူး။ ရဲစခန်းကိုတော့ဝိုင်းထားလိုက်ကြပါတယ်…စစ်တပ်ကနေ
    လာရောက်ပြီးတော့ နောက်ပိုင်းမှာအေးဆေးသွားကြ တာပါပဲ..အဲဒီအချိန်မှာတော့လမ်း ကိုတော့ခဏပိတ်လိုက်တာလောက်တာရှိ
    ခဲ့ပါတယ်………

  5. unclegyi1974

    ကိုရင်ပု အတွေးအခေါ်တွေ အတော်တိုးတက်နေပါလား
    စီအိုင်ဒီကဆရာတင်ထားတဲ့ ဆူးနဲ့ဝေ ရေးတဲ့စာတွေပုံမှန်ဖတ်တယ်နဲ့တူတယ် ွ

  6. PaukPhaw

    November 08,
    မြဝတီတွင် နအဖနှင့် DKBAတို့ ပစ်ခတ်ကြပြီး
    ထိုင်းဘက်ကမ်းနားမှာ လက်ပစ်ဗုံးလာကြပြီး ထိုင်းလူမျိုး ၄ဦး ဒဏ်ရာရ၊
    အခုကမ်းနားကလူတွေကို အထဲဘက်ဝင်ခိုင်းနေပီ
    သတင်းထောက်တွေလဲ ထိသည်ဟုသိရ၊
    STV မဲဆောက်သတင်းတွင် နောက်ခံတွင် စာတန်းထိုးဖော်ပြခဲ့သည်။
    Ref:ABMA

  7. juezinko

    သေကုန်ကြပြီလား…….ဖြစ်ရမယ်လေ…ဖြစ်အောင်လုပ်နေတာပဲ………….

  8. mr.dark blood

    လောလောဆယ် wait and see ပဲ ကောင်းတယ်….။

  9. PaukPhaw

    ဒီကနေ့မနက် ၃နာရီခန့်က ရွှေပြည်သာမြို့နယ် မော်တော်ယာဉ်တပ် လထ ၄ အဝင်ဂိတ်အနီး အမှတ် ၄ လမ်းမဘေးမှာ ဂက်စ်ပိုက်လိုင်းပေါက်ကွဲပြီး ကိုက် ၆ဝ လောက်မှာရှိတဲ့ မိသားစုက အိပ်နေတဲ့ကလေးတဦး ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ၃ ဦးဆေးရုံတင်ထားရတယ်လို့လည်းသိရပါတယ်။ အခုတော့ ပိုက်လိုင်းကို အားချင်းပြင်ဆင်နေတယ်လို့ မျက်မြင်ဒေသခံတဦး အပြောအရ သိရှိရပါသည်။
    အညာနွေတမာမြေ

Leave a Reply