မြန်မာပြည် အလံသစ်အပေါ် ကျနော့် သဘောထား

Good IdeaNovember 3, 20101min03

ဒုတိယတန်း သင်ရိုးညွှန်းတမ်းမှာ အလံသစ်က အရောင်တွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ထည့်သွင်းပြဌာန်းမယ်လို့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။

ဝါစိမ်းနီ မီးပွိုင့်အလံကြီးအကြောင်း ကလေးတွေကို ပေါက်ကရတွေ သင်ခိုင်းဦးမယ်ထင်ပါ့။ အရင်တုန်းကလည်း ၄ တန်းမှာ ယိုးဒယား – မြန်မာဆက်ဆံရေးဆိုပြီး ပေါက်ကရတွေ သင်ခိုင်းသေးတယ်။

ဘာမှ အရည်မရ အဖတ်မရ။ ထိုင်းတွေကို မုန်းတဲ့စိတ်တွေ ကလေးတွေ ခေါင်းထဲ ရိုက်ထည့်နေတဲ့စာတွေကို ဆရာ၊ ဆရာမတွေကို ဖိအားပေးပြီး မဖြစ်မနေ သင်ခိုင်း၊ ကျက်ခိုင်း။ အော် တယ်လည်းတော်တဲ့ အစိုးရ အုပ်ချုပ်နေတာကိုး။

အလံနဲ့ ပတ်သက်လို့လည်း အခြေခံ ဥပဒေမှာက ၂၀၀၈ ဖွဲ့စည်းပုံ အတည်ဖြစ်မှ ဒီအလံကို အတည်ပြုရမယ်လို့ ရေးထားသဗျ။ ဖွဲ့စည်းပုံက ရွေးကောက်ပွဲပြီးလို့ ပထမဆုံး လွှတ်တော်ခေါ်မှ အတည်ဖြစ်မှာ။

အခုတော့ သူတို့ဘာသာရေးထားတဲ့ ဥပဒေကို သူတို့ကပဲ ပြန်ပြီးချိုးဖောက်ထားတယ်။ ဘာရွေးကောက်ပွဲမှလည်း မပြီးသေး၊ ဘာလွှတ်တော်မှလည်း မခေါ်သေး။ အလံကတော့ တင်လိုက်ပြီ။ ဒါနဲ့များ ရွေးကောက်ပွဲ ဝင်သူတွေက လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားမတဲ့။ ဖြစ်နေဦးမယ်။

ဗိုလ်ချုပ်ကနေ သောက်ရှက်မရှိ ရှေ့မှာ ဦး တပ်ပြီး တိုင်းပြည်ကို ထပ်အုပ်ချုပ်မယ့် လူတွေက လုပ်ချင်ရာတွေကို ထပ်ကို လုပ်ဦးမှာ။ မယုံစောင့်သာကြည့်။ ၉ဝ ခုနှစ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိုထောင်း ပြောသလိုပဲ “လွှတ်တော်ထဲမှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေချင်စိတ် ပေါက်သွားမယ်”ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာမလားတောင် မသိဘူး။

၂၁ ရာစုသမိုင်းမှာတော့ နိုင်ငံတခုရဲ့ အလံသစ်ကို တိုင်းသူပြည်သားတွေ မသိပဲ ဆန္ဒမပါပဲ အတည်ပြု၊ ကြိုက်တဲ့အချိန် လွှင့်တင်တာဆိုလို့ မြန်မာနိုင်ငံတခုပဲ ရှိမယ်ထင်ပါရဲ့ဗျာ။

3 comments

  • ghost

    November 3, 2010 at 1:30 pm

    အဲဒါဘဲဗျို့ ဦးနေဝင်း အလံခိုး(xxxxx)တာ ဦးသန်းရွှေပါ။ဦးနေဝင်းက တရုပ် အလံခိုး(xxxxx)ခဲပါတယ်။သူတို့ အလံခိုး(xxxxx) တာပြည်သူတွေသိအောင်ကြေငြာနေတာပါ။…(xxxxx)ဒါဘာလဲ သိဘာတယ်နော် site ညစ်ညမ်းမှာစိုးလို့မရေးပြတာ…

    Reply

  • winkyawaung

    November 3, 2010 at 2:00 pm

    ရုပ်ရှင် မင်းသမီးကြီးဒေါ်မြလေး အော်သလိုပဲ ပြောလိုက်ပါရစေ….(ပြောကိုး မပြောချင်တော့ပါဘူး..ကွယ်..။) လုပ်ချင်သလိုသာ လုပ်နေကြပါတော့ တော်..။

    Reply

  • unclegyi1974

    November 3, 2010 at 4:00 pm

    ရွှေပြည်တော်မျှော်တိုင်းဝေး
    စာအုပ်ဘယ်သူရေးတာလဲသိကြလားဟင်

    Reply

Leave a Reply to unclegyi1974 Cancel Reply

Your email address will not be published.