ဒယ်လ်တာ နဲ့ ဇေယျာ ပြည်တွင်းဘော်လုံး ပွဲ

BayoteApril 3, 20101min01

ယနေ့ မန္တလေး ဗထူးကွင်း မှာ ပရီမီယာကော်ဖီပိုင် Delta United နဲ့ စစ်ကိုင်း ဇေယျာရွှေမြေတို့ တွေ.ပါပြီ။ ဇေယျာရွှေမြေ အသင်းဟာ ယခုရာသီသစ်မှာ ပွဲတိုင်း နိုင်ကစားထားပြီး Delta ကတော့ တစ်ပွဲနိုင် တစ်ပွဲရှုံး ကစားထားပါတယ်။ Delta ကတော့ ဗထူးကွင်း မှာဆို ကံကောင်းတတ်ပါတယ်။ အမှတ်များကို ဗထူးကွင်းက ယူသွားတာ တွေ့ရပါတယ်။ ပရိတ်သတ်ကတော့ ဇေယျာရွှေမြေ ကပိုများမှာပါ။ ပြီးတော့ ဇေယျာရွှေမြေ က အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကလည်း ခြေစွမ်း ပြခဲ့ပါတယ်။ ရတနာပုံကို အိမ်ကွင်း မှာ အပြတ်ချေမှုန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် Delta အတွက်မလွယ်လှပါဘူး။ Delta ကတော့ သရေကို အတတ်နိုင်ဆုံး ကစားရမှာပါ။ ကံကယ်ယင်တော့ Delta အတွက်နိုင်ပွဲ တစ်ပွဲ ဖြစ်လာမှာပါ။ ဒါမှ မဟုတ်ယင်တော့ ဇေယျာရွှေမြေ ကဘဲ အနိုင် ဆက်ယူသွားပါလိမ့်မယ်။

One comment

  • susunosuki

    April 15, 2010 at 3:28 pm

    တို့မြန်မာ လို့ အဆဲ အစုံတတ်ချင်ရင်တော့
    ဘောပွဲကိုသွား ပါ။
    ဘာမှန်းမသိဘူး
    စွပ်ဆဲနေတော့တာ
    ရှက်ဖို့ကောင်းတယ်

    Reply

Leave a Reply

Your email address will not be published.