ကဗျာတွေကနေ..စလိုက်ရအောင် …

winkyawaungNovember 2, 20101min01


ပြောရမယ်ဆိုရင် ကဗျာတွေကနေ စလိုက်ရအောင် …
Posted by ဖုန်းမြင့် Sunday, June 28, 2009 at 4:06 AM

ပြောရမယ်ဆိုရင်
ကဗျာတွေကနေ စလိုက်ရအောင် …

တုပ်ကွေးမိနေတဲ့ကမ္ဘာထဲ
ကိုယ့်ဒူးခေါင်း ကိုယ်ပိုက်
ငုတ်တုတ်ငိုက်နေတုန်း
ကဗျာတွေက အုပ်ဖွဲ့ပျံသန်းကြတယ်

ကမ္ဘာက ဘယ်အထိဆက်သွားမှာလဲ
ကဗျာကတော့
ပေါ့ပေါ့ပါးပါး မိုးတိမ်တခုလို မျောလွင့်လို့

ကဗျာနဲ့မိုးလင်း
ကဗျာနဲ့မိုးချုပ်
ရှင်သန်ခြင်းတွေ ရှိုက်သွင်းထားလိုက်ရတဲ့
ကဗျာတွေရှိတယ်
တချို့ကဗျာတွေက
ဆံပင်ရှည်ရှည်နဲ့
မြို့ကြီး ၊ ပြကြီး ဆန်ဆန်
ကဖေးထဲမှာ အိန္ဒြေရရထိုင်လို့
တချို့ကဗျာတွေက
အလွမ်းတွေဖူးနေအောင်ပန်ပြီး
ညနေခင်းမှာ
လမ်းသလားနေကြတယ်
တချို့ကဗျာတွေက
နာဇီအလံကို အကျႋီချုပ်ဝတ်
စစ်သူကြီးဆန်ဆန်..ရဲရင့်လို့
တချို့ ကဗျာတွေက
ဗြဟ္မာဘုံကဗြဟ္မာကြီးတွေလို
ရုပ်သက်သက် ၊နာမ်သက်သက်
တည်ရှိနေကြတယ်
တချို့ ကဗျာတွေက
ဝါဒပေါင်း တထောင်
အာဂုံဆောင်လို့
တချို့ကဗျာတွေက
သူတို့ကိုယ်သူတို့
တည်ခင်းရောင်းချကြပြန်တယ်
တချို့ကဗျာတွေက
ဟိုတယ်ထဲမှာ
တချို့ကဗျာတွေက
ရာသီစာ
လတ်လတ်ဆတ်ဆတ်တွေနှင့်
ကျွန်းတခုလုံးကိုပတ်လို့
တချို့ကဗျာတွေက
မချိမဆန့် အော်ညည်းနေပေမဲ့
သူ့အတွင်းသားက နှုးညံနေတယ်
တချို့ကဗျာတွေက
သူ့ကို စိတ်မဝင်စားတဲ့လူတွေကို
သူက ..ပြန်သနားတယ်
တချို့ကဗျာတွေက
လူသားရဲ့ အဆုံးနဲ့အစကို
သေချာ စောင့်ကြည့် လေ့လာနေတယ်
့်
တချို့ ကဗျာတွေက…..
……………….
………….
………
တချို့ကဗျာတွေက….

ပြောရမယ်ဆိုရင်
ကဗျာတွေကနေ စလိုက်ရအောင်

ို့
မောင်ဖုန်းမြင့်

တဆင့်ကူးယူ၍ ရသ ကဗျာ အား ဖော်ပြပေးလိုက်မိပါသည်။

One comment

  • winkyawaung

    November 2, 2010 at 4:54 pm

    ဒီကဗျာလေးကို ဖတ်ရင်း ကျက်သီးမွေးညင်း ထသွားအောင် ခံစားလိုက်ရပါ၏။ ထို့ ကြောင့် မျှဝေလိုက်ရပါသည်။

    Reply

Leave a Reply

Your email address will not be published.