သမိုင်းတစ်လျောက် အထူးခြားဆုံးဖြစ်ရပ်များ (၁)

အာဂNovember 2, 20101min07

ကမ္ဘာသမိုင်းတစ်လျောက်လုံးအခမ်းအနားဆုံး ဈာပန

မဟာအလက်ဇန်းဒါဘုရင်(၃၅၆ ဘီစီ-၃၂၃ ဘီစီ) ကွယ်လွန်သွားသည့်အခါ ၎င်း၏ ရုပ်အလောင်းကို တင်ဆောင်သည့်မြင်းရထားကို ကျောက်မျက်ရတနာမျိုးစုံဖြင့် စီခြယ်ထားပြီး မြင်း(၆၄)ကောင်ဖြင့် ဆွဲခဲ့သည်။၎င်းရထားကို ဘေဘီလုံမြို့  မှနေ၍ အကွာအဝေး မိုင်ပေါင်း(၁၁၀၀)တွင်ရှိသည့် အလက် ဇန်းဒြီးယားမြို့   သို့ သယ်ဆောင်ခဲ့သည်။ (ဈပန အခမ်းအနားအတွက် စုစုပေါင်းကုန်ကျငွေမှာ(ထိုခေတ်က)ဒေါ်လာ (၆၀၀,၀၀၀,000) ဖြစ်သည်။

သမိုင်းတစ်လျောက် အထူးခြားဆုံး စာကြည့်တိုက်

ပါရှားနိုင်ငံ၏ နန်းရင်းဝန်ဖြစ်သည့် အပြင် စာပေကျမ်းဂန် လေ့လာ လိုက်စားသည့် အဘူလ်ကက်စ်ရှမ် အစ်စ်မေလ် (၉၃၈ -၉၅၅) သည် စာအလွန်ဖတ်သူဖြစ်ပြီး ၊သူတွင်စာအုပ် ပေါင်း (၁၁ရ ဝ၀၀)အုပ်ရှိသည်။ သူသည်ခရီးထွက်တိုင်း ယုတ်စွအဆုံး စစ်တိုက်ထွက်ရာ ပင်သူ၏ စာအုပ်များကို သယ်ဆောင်သွားလေ့ရှိသည်။ သူ၏စာအုပ်များကိုသယ်ဆောင်ရသည့် ကုလား အုပ်ပေါင်းမှာ (၄၀၀) ဖြစ်သည်။

ခရီးထွက်နေစဉ်အတွင်း သူဖတ်ချင်သည့် စာအုပ်များကို အချိန်အနည်းငယ်အတွင်း ရှာဖွေတွေ့ ရှိနိုင်ရန်အတွက် စာအုပ်များသယ်ဆောင်သည့် ကုလားအုပ်များကို အက္ခရာအစဉ်အတ်ိုင်း ရှေ့ နောက်အစီအစဉ် အလိုက်ထားရှိ့သည့်အပြင် ကုလားအုပ်အသီးသီးကို မောင်နှင်သူများမှာလည်း စာကြည့်တိုက်မှူးများဖြစ်သည်။

7 comments

  • char too lan

    November 2, 2010 at 9:40 am

    သမိုင်းတစ်လျောက် အထူးခြားဆုံး စာကြည့်တိုက်..
    ကြားဖူးတယ် ဒီလောက်စေ့စေ့စပ်စပ်တော့မသိသေးဘူး..
    ကျေးဇူးတင်ပါတယ်ဗျာ~~

    Reply

  • moethidasoe

    November 2, 2010 at 10:07 am

    (အာဂါး)ကျောက်ကျောရယ် .. တင်ပြထားတာကိုတော့ စိတ်ဝင်စားပါတယ် .. တော်တော်ကြာ ကိုယ့်ထက်စိတ်ဝင်စားတဲ့လူက .. ကမ္ဘာမှာ မြန်မာဟေ့ လို့ဆိုပြီး သေတမ်းစာထဲမှာ ဒီလိုဒီလို လုပ် လို့များ ရေးထားခဲ့ရင် အဲဒီအကြီးကျယ်ဆုံးဆိုတာထက် ကြီးကျယ်တဲ့ အသုဘချပွဲတစ်ခုများ ပေါ်လာမှာ .. ဂင်းနစ် စံချိန်များစာရင်းမှာ ပြင်လိုက်ရမှာ စိုးမိပါတယ် ..

    Reply

  • ဆူး

    November 2, 2010 at 11:57 am

    ဒါဆို တရုတ်ပြည်က မဟာ တံတိုင်း ဆောက်တဲ့ မင်းအကြောင်းပါ သေတမ်းစာထဲ ထည့်ရေးမှ ဖြစ်မယ်

    Reply

  • ဆူး

    November 2, 2010 at 11:59 am

    အမတ်နဲ့ မင်းမှုထမ်းတွေ ဆင်တူ အရုပ်မလုပ်ဘဲ.. တခါတည်းသာ အီဂျစ်လို စီစဉ်လိုက်ရင်

    Reply

  • winkyawaung

    November 2, 2010 at 4:10 pm

    မြန်မာပြည်က ဆရာကြီးတွေကတော့ မသာကြီးချ ချနေကြရတာ ရှေ့ကသူတို့ဆရာကြီး လမ်းပြထားပါတယ်။ ဒါလဲ ကမ္ဘာထူးခြာချက်ထဲကို ထည့်ကြတာပေါ့..။

    Reply

  • kopauk mandalay

    November 2, 2010 at 4:12 pm

    မြန်မာပြည်က မင်းတုန်းမင်းလဲထူးခြားဖြစ်စဉ်ထဲမှာပါ ပါတယ်။
    မိဘုရားဘယ်လောက်များသလဲဆိုရင်
    နောင်မှာ အငြင်းမပွားရအောင် သူနဲ့ အိပ်ဘို့ အလှည့်ကျတဲ့ မိဘုရားစာရင်းကိုတောင်
    စာရေးတစ်ယောက်ကမှတ်တမ်းတင် ထားရပါသတဲ့။
    ည ညီလာခံမှာ မိဘုရားတွေက ဘေးနားမှာ ဝတ်စုံတစ်စုံချထားရပါသတဲ့။
    ဘုရင် က သူ ဖီလ်းဖြစ်တဲ့ မိဘုရားဘေးက ဝတ်စုံပေါ်ခြေတော်တင်တယ်ဆိုရင် ဒီနေ့ည အဲဒီမိဘုရား အလှည့်ပါတဲ့။
    အဲဒီကစလို့ မိန်းကလေးတစ်ယောက်ကို ယောက်ျားတစ်ယောက်က အတူအိပ်လိုက်ရင် ခြေတော်တင် တယ်ဆိုတဲ့ဝေါဟာရ ပေါ်လာပါသတဲ့။
    ကမ္ဘာမှာ ဒီလိုဘုရင်မျုးိနောက်တစ်ယောက်မရှိဘူးဆိုရင် ဂိုင်းနက်စ်ဘုတ်ထဲမှာ ပါနိုင်အောင် ကူညီပေးကြပါ။
    မြန်မာတွေ ဂုဏ်တက်အောင်လို့ပါနော်။

    Reply

  • ဆူး

    November 3, 2010 at 5:35 am

    တော်လိုက်တဲ့ လေးပေါက်.. လေ့လာမှု တော်တော် ကောင်းတာဘဲ. မြန်မာရာဇဝင် ဖင်ပြန်ခေါင်းပြန် ဖတ်ထားလား မသိဘူး.. တကယ် ချီးကျူးတာနော်..

    Reply

Leave a Reply

Your email address will not be published.