အခါနီး လို. ကားလက်မှတ်များ ကုန်ပြီ

BayoteApril 3, 20101min02

အခါနီး လို. ခရီးသွားဖို. ကားလက်မှတ်များ ကုန်သလောက် ဖြစ်နေပါတယ်။ ရထားလက်မှတ် များကတော့ မှောင်ခို နဲ့ ပိုင်ရာ ဆိုင်ရာ တွေတာ ကြီးဆိုးနေဆဲပါ။

ယခင်နှစ်က အဖြစ်ပျက်လေးတစ်ခုပါ။ ကျနော့ သူငယ်ချင်း မန္တလေး ပြန်ဖို့ ရထားလက်မှတ် သွားတန်းစီပါတယ်။ လူတွေကစောင့်နေတာ ပွဲဈေးတန်း တစ်ခုလိုပါပဲ။ အဝင်တံခါးကိုတော့ ပိတ်ထားပါတယ်။ နံနက် ၄နာရီထိုးရော တံခါးဖွင့်ပါလေရော။ ဝေါကနဲ ပြေးလိုက်ကြတာ သူငယ်ချင်းက ၁ဝ ယောက်မြောက်ရပါတယ်။ အနင်းခံရသူခံရ၊ ဆဲသူကဆဲ ခေတ်ပျက်မတတ်ပါ။ လက်မှတ် စရောင်းပါတယ်။ ကြားကနေ ဟိုရဲကလာဝယ်လိုက် ဘယ်သူ့ အတွက်၊ ဟိုလူကြီးအတွက်၊ စသဖြင့်ပေါ့။ ၄ယောက်မြောက် တန်းစီသူ လဲ ပြီးရော လက်မှတ် ကုန်ပြီ တဲ့ဗျာ။ ကဲ အရပ်ကတို့ ဘဲ စဉ်းစားကြည့်။ ၃ရက်ကြို လက်မှတ်ဗျာ။ ရထား တွဲကလည်း ၁ဝတွဲမကပါဘူး။ တစ်စီးလုံးမှ ၈ယောက်ဘဲပါလား မသိဘူးဗျာ။ ရထားက လူကြီးတွေကော ဒါတွေကို သိကြရဲ.လား မသိဘူး။ ဒီစာလေးကို ရထားပို့ဆောင်ရေး က ဆိုင်ရာတွေ သိနိုင်အောင် ရေးလိုက်တာပါ။

ကားလက်မှတ်က ပုံမှန် ၁၀၈၀ဝ တဲ့။ လက်မှတ်မရှိဘူးတဲ့။ မန်းရွှေပြည်၊ မြတ်မန္တလာထွန်း၊ တက်လမ်း၊ ရွှေမန္တလာ တို့ကိုရောက်ခဲ့တယ်တဲ့။ ဆီမရတဲ့ကား ရှိတယ်တဲ့။ ၂၅၀၀ဝ တဲ့ဗျာ။ ဆီဈေး က အပြင်နဲ့ ထုတ်ဈေး တူနေပြီလေ ဗျာ။ ပို့ဆောင်ရေးက လူကြီးတွေကကော ဘာလုပ်နေလဲ။ ကာရာအိုကေ၊ မာဆတ် မှာဘဲ အိပ်နေကြလား မသိ။ မသိချင်ဘဲ ဆောင်နေတာလား။ တကယ်တမ်း နစ်နာခံစား ရတာက ခရီးသွား ပြည်သူလူထုပါ။ ယခင်နှစ်က အဖြစ်ပျက်လေးတွေပါ။

ယခုနှစ်လည်း ကားလက်မှတ်တွေကုန်ပါပြီတဲ့။ ၂၅၀၀ဝတဲ့။ လိုချင်ယင်တော့။ ဆိုင်ရာ လူကြီးများ အခုကိစ္စကို နှစ်တိုင်း ဒီလို ခရီးဆက်တော့မှာလား။ မြန်မာပြည်သူလူထု ခရီးသွား အစဉ်ပြေဖို့ နည်းလမ်း မရှိကြတော့ဘူးလား?

အားလုံးအဆင်ပြေနိုင်ကြပါစေ။ ဝိသမလောဘသား များအောက်က လွတ်မြောက်ကြပါစေလို့ ဆုတောင်းယင်း . . .

2 comments

  • zayarwin

    April 3, 2010 at 4:08 am

    အခါနီးလို ကားလတ်မှတ်ကုန်ပြီးဆိုတာမပြောနဲ့လေ လေယဉ်လတ်မှတ်တောင်မှဝယ်လိုမှမရတာ ဘယ်လိုလုပ်မလဲ…

    Reply

  • susunosuki

    April 15, 2010 at 3:35 pm

    ဟုတ်တယ်ဗျ
    ဒါကြောင့်အခါနီးရင် ခရီးမထွက်ချင်တာ
    တော်တော် စီးပွားရေးသောင်းကျန်းတဲ့သူတွေ
    ကျွန်တော် ဆိုလည်း လူဖြစ်ကတည်းက ခရီးသွား သမျှ
    ရထားစီး တဲ့အခါ ဘယ်တော့မှ ဈေးမှန် မစီးရဘူး
    အမြဲ ဈေးတင်ခံရတယ်
    အနည်းဆုံးတော့ လဘက်ရည်ဖိုး ပေါ့

    Reply

Leave a Reply

Your email address will not be published.