ကြောင်ကြီးကြောက်ကြောက် stick

ကြောင်ကြီးကြောက်ကြောက်

ကြောင်ကြီးကြောက်ကြောက်

ကြောင်ကြီးစိုက်ကြည့်
သူမသိ
ဖုတ်လေတဲ့ငါးပိ

ကြောင်ကြီးမပြုံး
သူလှည့်ကုန်း
ဝက်သားပိဿာတုံး

ကြောင်ကြီးရဲတိုင်
သူဆွဲကိုင်
တိုင်းမင်းကြီးတောင်ထိုင်

ကြောင်ကြီးမာန်ဖီ
မကြောက်ပြီ
သူကဘာမထီ

ကြောင်ကြီးခုန်အုပ်
သူဆွဲထုတ်
နှစ်တလက်မတုတ်

ကြောင်ကြီးကြောက်လန့်
သူဆွဲဆန့်
အလျားတတောင်ခန့်

ကြောင်ကြီးစဉ်းစား
တကယ်များ
မတွေးဝံ့ပါတကား

ကြောင်ကြီးညှိနှိုင်း
သူမရိုင်း
ပေကြိုးနဲ့သာတိုင်း

ကြောင်ကြီးလက်မြောက်
အိုအခြောက်
သင်သည်ရဲရဲတောက်၊

ကြောင်ကြီးတွက်ပြေး
သူမနှေး
ဆက်ခါဆက်ခါရေး။

8 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 2, 2010 at 2:09 am

    “As long as you pay, I am Gay” U ပိုက်ဆံပေးသလောက် I ဂေးပါ့မယ်တဲ့
    နောက်ဆုံး သူ(Jort )ပြောသွားတာကတော့ ယောက်ျားတစ်ယောက်က သူ ့ရဲ ့ ယောနိလမ်းကြောင်းမှာ လိင်ဆက်ဆံခံလိုက်ရလို့ ဂေး ဖြစ်မသွားဘူး ဆိုတာပါပဲ။
    အဲ့လို ဂေးလိုက်လို ့လဲ လိုင်းမပူးသွားဘူးလို ့ထောက်ခံတဲ့လူရှိတယ်………..တဲ့
    ဘစ်ဇနစ်သဘောအရ ကြည့်ပါ ကိုကိုကြောင်ရယ်
    အလုပ်အကိုင်ရှားပါးတဲ့သူတွေအတွက် အလုပ်အကိုင်ဖန်တီးပေးတာပါ ကျေးဇူးအလွန်တင်ဖို ့တောင်း ကောင်းပါပေါ့လား
    ဒါပေမယ့် အောင်ပုကတော့ တစ်ခါမန်းရင်တစ်ဆယ် နေ ့စဉ်မန်ဘာကြေးက လေးဆယ် စားဝတ်နေရေးအတော်ဖူလုံပါတယ်
    နေ ့တွက်မကိုက်တဲ့သူတွေကတော့ ကိုယ့်ဘောနဲ ့ကိုယ် ဖြိုးဖြိုးကို ဆက်သွယ်ကြနော်

    Reply

  • koyinmaung

    November 2, 2010 at 5:23 am

    ဒီဆိုက်မလဲမာမီဖြိုးရောက်လါမှဘဲမကြားဘူးတာတွေ တွေ့ရ မတွေ့ဘူးတာတွေကြားရနဲ့ ပူးချင်သလိုလို..ဟိုဟာချင်သလိုလို…..ဟယ်ဘာတွေတွေးနေမိပါလိပ်နော်….ဟင်း

    Reply

  • အာဖျံ ကွီး

    November 2, 2010 at 8:10 am

    ကိုကြီးကြောင်တစ်ကောင်တော့ သူ.တူမကြီးနဲ. ကီးမကိုက်တော့ဘူးထင်တယ်နော် … ဟာဟ

    Reply

  • char too lan

    November 2, 2010 at 8:15 am

    ဦးကြောင်ကြီး အတွေးအရေးကောင်းတယ် လေးလုံးစပ်လင်္ကာတွေဘာတွေနဲ့ ကစ်ချက်ကတော့ ရေလည်မှာ ရေလည်မိုက်တယ်ကွာ !!! 😀
    ဦးပုကကြော်ငြာတယ်ဆိုရင်လည်း Phone, Email ,..Address အစုံအလင်ပေးလိုက်လေဗျ အဲဒါမှဆက်သွယ်ချင်သူတွေ ok မှာပေါ့ 😛
    ကျနော်ကတော့ ၄အပူးကို ၂၅ကျပ် ဖိုး R ထားတယ် 😛 😛

    Reply

  • Khin Latt

    March 13, 2012 at 6:43 pm

    အမ်း …. ” ကြောက်ကြောက်” ဆိုတာက သူကလေး က အရင် သုံးနေ ခဲ့တာပါ ကလား။
    ဟစ် တစ်ထောင် နီးပါး – ခေ သော Post မဟုတ်။
    သူကလေး သည် အတော်ပေါ်ပြူလာ ဖြစ်ပုံ ရ၏။
    ဒီလို လူ ကို အမြီးက ဆွဲပြီး လွှတ်တော်ထဲ သွင်းလိုက်ချင်ပါဘိတော့။
    သဘောတူကြပါသလား အရပ်ကတို့။ 🙄 😉

    Reply

  • aye.kk

    March 13, 2012 at 7:42 pm

    ကိုကြောင်ကြီးက
    အတွေးကြီး..
    ရေးပြီးသူမပြီး..
    ကြောင်ကြီနားက…
    နည်းနာယူ…
    လောကဤဇဗ္ဗူ…
    သူမတူသည်…
    ပြိုင်စံရှား..
    အားလုံးရယ်မောသွား…
    ရွှေသဘောတော်ကြပါ့ဗျား..။

    Reply

  • မောင်ပေ

    June 6, 2012 at 9:05 pm

    ကြောင်ကြီးထွက်ပြေး
    တူမပေး
    မောင်ပေ မတယ်လေး

    Reply

  • ကိုရင်စည်သူ

    June 6, 2012 at 9:19 pm

    ကြောင်ကြီး လက်လန်
    ပက်လက်လန် ကော့ကော့လန်လန်လေး
    ကြောင်ကြောင် ကြောက်ကြောက်
    အမြီးမြောက်…
    ဆက်ခါ ဆက်ခါတွေး… 😛 😛

    Reply

Leave a Reply

Your email address will not be published.