မပန်းနု ရဲ့ ဟာသတစ်ပုဒ်ပါ

introApril 2, 20101min06

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက်
ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့
အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဉာဏ်သုံးပြီး
ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ..
သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။
နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး
ထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ
ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့
မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့
သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့
လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။
သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့
အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား
ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို
မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး
သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။
အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်”
လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း
မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့
ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ..
ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို
ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ
ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “တောက်…
သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ” လို့
အော်ဆဲလိုက်တော့တယ်။

Ref: http://www.news.for-unm.com/က (မပန်းနုရေးထားတဲ့ ဟာသ တစ်ပုဒ်ကို ကြိုက်မိလို့ ကူးတင်ပေးထားတာပါ)

ဒီဟာသလေးကို ဖတ်မိမိချင်း အရမ်းသဘောကျသွားတယ်။ ယုတ္တိရှိတာ မရှိတာ အသာထား၊ မူရင်းစာရေးဆရာရဲ့ ဇာတ်ကွက်ဖန်တီးမှုလေးကို လေးစားမိလို့ မျှဝေမိခြင်း ဖြစ်ပါတယ်။

6 comments

  • susunosuki

    April 15, 2010 at 3:58 pm

    ကတုံးပေါ်ထိပ်ကွက်တာပေါ့
    ကျွန်တော့်ပါတ်ဝန်းကျင်မှာလည်း ကတုံးပေါ်ထိတ်ကွက်တဲ့သူတွေရှိတယ်
    “ကျွန်တော်အားရင် ပြောပြပါ့မယ်”

    Reply

  • nyi

    April 19, 2010 at 3:39 pm

    သူများမကောင်း ကြံကို ဘေးရန်ထိ တယ်…။
    ကြားဘူးကြလား….။

    Reply

  • ချစ်ဆရာ

    April 19, 2010 at 5:01 pm

    အမျှဝေတာကို အဘကသဘောကျပါတယ်သားရယ် သာဓု သာဓု သာဓု သာဓု သာဓု သာဓု

    Reply

  • bluerose

    February 7, 2012 at 2:08 pm

    တိုက်တိုက်နဲ့ဆိုင်ဆိုင်ရယ်နော်….

    Reply

  • alinsett (gazette)

    March 22, 2014 at 5:18 pm

    လှည့်ကွက်ကလေးတွေပေါ့

    အချိတ်အဆက်မိမိရေးထားတာလေးကို ဖတ်ပြီး ပြုံးမိတယ်။
    🙂

    Reply

  • padonmar

    March 23, 2014 at 9:06 pm

    အဲဒီ Intro ပေါ့၊ top 10ထဲရောက်တာတောင် ပျောက်သွားတာ။
    ပေါက်ဖော်ရောပဲ။
    (ရင်ငြိမ်းနွေးကတော့ ကလေးမွေးလို့ပါ)

    Reply

Leave a Reply to nyi Cancel Reply

Your email address will not be published.