ကမ္ဘာ့အကြီးဆုံး ကျားရိုင်းဥယျာဉ်ကြီး

Siberian Tiger Park ဖြစ်ပါတယ်။ တရုတ်ပြည်မြောက်ပိုင်းက ဟေးလုံးကျန်းပြည်နယ် ဟာ့ပင်း (Harbin) မြို့မှဖြစ်ပါတယ်။ စီဘားရီးယန်းကျားရိုင်းတွေကို ထိန်းသိန်းထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး ကျားဥယျာဉ်ကြီးပါ။ ကျားအကောင်ရေပေါင်း (၅၀၀) ကျော်ရှိပြီး အကောင် (၁၀၀) ကျော်ကိုတော့ ကြည့်လို့ရအောင်ပြသထားပါတယ်။ တခြားရှားပါးတယ့် ကျားမျိုးနွယ်နဲ့ ခြင်္သေ့လဲ အနဲငယ်ရှိပါတယ်။ ဥယျာဉ်ထဲမှာ တစ်ချို့ကို လှောင်အိမ်နဲ့ထားပြီး ကြည့်တဲ့သူတွေက အနီးကပ်လမ်းလျှောက်ပြီးကြည့်နိုင်အောင် စီစဉ်ထားတဲ့ နေရာတစ်ခုရှိပါတယ်။ တချို့ကျားတွေကိုတော့ သဘာဝအတိုင်း ဒီအတိုင်းပဲ လွှတ်ထားပါတယ်။ သွားကြည့်တယ့်သူတွေကို မှန်အလုံကာထားတယ့် မီနီဘက်စ်နဲ့အထဲကို ပတ်ပြီးလျှောက်ပြပါတယ်။ ကားပေါ်ကနေ ဓါတ်ပုံရိုက်ရပါတယ်။ ကျားမျိုးနွယ်အကြောင်းတွေကို ဧည့်လမ်းညွှန်က ရှင်းပြပါတယ်။ ပထမဆုံးပုံကတော့ သူတို့ကို အစာကျွေးတဲ့ပုံပါ။ ကားထဲမှာ ကြက်အရှင်တွေပါပါတယ်။ ကားခေါင်မိုးကနေ အမိုးဖွင့်ပြီး ကြက်တွေကို ထုတ်ပေးလိုက်ပါတယ်။ ကျားတွေက အရှင်တွေကို ဒီအတိုင်းကိုက်ပြီး အားရပါးရစားသောက်နေပါတယ်။ ကျွန်မတို့ကို ကားရပ်ထားပေးပြီး သူတို့စားတာကို ပြပါတယ်။ ကားဘေးနားမှာတင်ကပ်ပြီး လာစားနေတဲ့ တစ်ကောင်ရဲ့ဓါတ်ပုံပြထားပေးတယ်။ စားလို့ဝတော့ အိပ်ကြတာပဲ။ သူတို့တွေ ဝဖြိုးနေတာပဲ။ အဲဒီအချိန်က ဆောင်းတွင်းဖြစ်လို့ အပူချိန်က နေ့ခင်းဘက်မှာတောင် –20°C လောက်ပဲ ရှိပါတယ်။ အရမ်းအေးလွန်းတဲ့ အချိန်ပေါ့။ ကျွန်မတို့က သုညဒီဂရီလောက်နဲ့ နေသားကျပေမယ့် အဲဒီလောက်အေးတာကို မခံနိုင်လို့ ခုန်ပေါက်နေရပါတယ်။ အဲဒီမြို့က ရေခဲနဲ့တည်ဆောက်တဲ့ ice lantern festival ကို သွားရင်းနဲ့ ကျားဥယျာဉ်ကိုပါ သွားခဲ့တာပါ။ နောက်တော့မှ ရေခဲနန်းတော်နဲ့ နှင်းပန်းပုတွေကို ပြပါအုန်းမယ်။  တစ်မြို့လုံးလဲ နှင်းတွေနဲ့ ဖြူဖွေးနေပါတယ်။ ကားလမ်းမပေါ်မှာလဲ ကားဘီးရာစာလောက်ပဲ ကတ္တရာလင်းမကို မြင်ရပါတယ်။ ဖြူဖွေးပြီး အေးတာလဲ အလွန်ပါပဲ။ ကျွန်မတင်တဲ့ပို့စ်တွေက တရုတ်ပြည်ကို တောင်ရောက်လိုက် မြောက်ရောက်လိုက် ဖြစ်နေတယ်။ အဲဒါကလဲ တစ်နေရာထဲက ရှုခင်းတွေကို ဆက်တိုက်ပြလိုက်ရင် ငြီးငွေ့သွားမှာစိုးလို့ ပြောင်းပြလိုက်တာပါ။ ကျွန်မတင်တဲ့ ပို့စ်အားလုံးက ဓါတ်ပုံတွေက ကိုယ်တိုင်သွားရောက်ပြီး ကိုယ်တိုင်ရိုက်ခဲ့တာတွေဖြစ်ပါတယ်။ တခြားနေရာတွေလဲ အများကြီးရှိပါသေးတယ်။ သဘာဝအလှအပတွေကိုမြင်ရပြီး မျက်စိကြည်လင်စေဖို့ရယ် .. တရုတ်ပြည်ခရီးသွားတဲ့အကြောင်းလဲ အနည်းငယ်မိတ်ဆက်ပေးချင်တာကြောင့် အခုလို တကူးတက အချိန်ကုန်ခံပြီး ပို့စ်အဖြစ်တင်ပေးရခြင်းဖြစ်ပါတယ်။

weiwei

မဂၤလာပါ ....

This Post Has 33 Comments

  1. kai

    ကျားက နှင်းတောထဲနေတတ်တာ အခုမှသိတယ်..။ မြောက်ဖက်ပိုင်းပေါ့။
    ကူမင်းမြို ့ကတောင်ဖက်မှာပေါ့နော..။
    မြန်မာပြည်က ကျားတွေကို တရုတ်တွေဝယ်ကြတာ .. ဆေးဖေါ်ဖို့နေရာမှာသုံးတာလို့ ကြားဖူးတယ်..။
    ကျားမျိုးမတူဖူးနဲ့တူတယ်..။
    သူတို့ကတော့ သေသေချာချာ မွေးထားကြတာကိုး..။ ကောင်းပါတယ်..။

    စကားမစပ်.. bigcat ဆိုတာကျားတဲ့..။ မိရင်တရုတ်ပြည်ကိုရောင်းစားလိုက်နော..။

    1. bigcat

      ဟားဟားဟား…
      ကျားဆိုတာ
      ကြောင်ရဲ့တပည့်၊
      ယောင်လို့တောင်
      ကျီစယ်ပါနဲ့၊
      ရှောင်ဖို့သာ
      ရည်ရွယ်ပါကွဲ့၊
      မှာလိုက်မယ်
      ဆောင်ရန်တသက်။

    2. inz@ghi

      ဗမာပြည် အပူပိုင်းဒေသက ကျားများ(Indochina subspecies) ကတော့ ဆေးဖော်လို့ပဲ ရမယ်ထင်ပါသည်။
      အဲ့ခေါ်သွားလို့ကတော့ ဂလောက်အေးတာ habitat မတူလေတော့ ဗမာ့ကျား ချမ်းလို့ သေရွာ သွား နေရပါ့မယ်

      စကားမစပ် ကျားဖြူ တွေဆိုတာ …ဆင်ဖြူ တွေလိုပဲ albinos တွေပါတဲ့…
      genes အရ အငုံ့ recessive ဖြစ်လို့ သားဖောက်တဲ့ နေရာမှာ အခက်အခဲ ရှိတယ်ဆိုပဲ

      zoo တွေမှာ ကျားဖြစ်ဆို ပေါ်ပျူလာ ဖြစ်လို့ ဈေးကြီးပေး ဝယ်ပြကြရပါတယ် တဲ့
      ကိုကိုကြောင်လည်း ဖြူတာပဲ သဂျီး ….သူ့ ဝိုင်းဖောက် ကြရအောင်
      ပေါက်ရင် မီလျံ ဘစ်ဇနက်စ် နော့ …..

      1. ကြောင်ကြီး

        ဟေ့ အင်ဇာဂီ…. ငါ့ဆီက ထွက်သွားတာ အဖြူသေချာတယ်၊ ပေါက်လာမှ မဲနေရင်တော့ မတတ်နိုင်ဘူး။။။ သဘာဝဟာ သဘာဝပါ…။။။ 😳

        1. inz@ghi

          ဟုတ်လား ကိုကိုကြောင် …
          တလောက လူသားအားလုံးကို တန်းတူဖစ်စေချင်တဲ့
          ကျားမလေး (တကယ့် ကျားမလေးပါ) ယိုးဒယားက ပြန်လာတယ် တဲ့
          ဖောက်မား ?? တူကလေးနဲ့ ..ခစ်ခစ်.
          😀

    3. manawphyulay

      အင်း ဒါဆို ကြောင်အကြီးစားမဟုတ်ဘူးပေါ့။ ကျားကို ခေါ်တာလား။ တွေ့တော့ တွေ့မိပါတယ် အမှတ်တမဲ့ ကျား၊ မ ဆိုပြီး နေရာတိုင်းမှာ မြင်မိသလားလို့ 😛

      ရောက်ဖူးချင်လိုက်တာ ကိုက်မိရင်တော့ တစ်ကိုက်စာပဲနော်။ အကောင်ကြီးတွေ အများကြီးပဲ။ အရမ်းအေးရင် ဘယ်မှာနေကြလဲမသိဘူး။

  2. weiwei

    ကျားဥယျာဉ်က မြောက်ပိုင်း ရုရှားတိုင်းပြည်နဲ့ နီးတယ့်ဘက်မှာပါ … သဘာဝပါတ်ဝန်းကျင်က တောင်ပိုင်းနဲ့တခြားစီပါပဲ .. အဆောက်အဦးတွေကလဲ ရုရှားစတိုင်တွေများတယ် …
    bigcat ကိုတော့ စရိတ်ပျက်တော့မှ ဖမ်းရောင်းစားမယ် …

  3. ဆူး

    bigcat ဆိုတဲ့ ကျား.. အရိုးတခြား အသားတခြား..
    အရိုးကို အဆောင် ဆေးဖော်
    အသားကို ဝါးတီး..
    ဟဲဟဲ..

    မဝေရေ.. ကျားနဲ့ ခြင်္သေစပ်ထားတာ တွေ မတွေ့ဘူးလား.. ကိုရီးယားမှာတော့ အဲဒီလို စပ်ပြီး ပြထားတာ မြင်မိတယ်..မွေးလာတဲ့ အကောင်ကတော့ လည်ဆန်မွေးနဲ့ ကျားအဆင်းလေးတွေနဲ့.. အရောင်ကတော့ ခြင်္သေ့လို ညိုညို မှိုင်းမှိုင်း.. ဟဲဟဲ.. ကြည့်ကောင်းဘူး..

    ဦးကြောင်ကြီး မကြောက်နဲ့နော်.. ဟူးကောင်းချိုင့်ဝှမ်းမှာ ဘေးမဲ့တော ရှိတယ်.. ပုန်းစရာ နေရာ မရှိရင် အဲဒီမှာ သွားနေ.. လမ်းမှာ မိသွားရင်တော့.. လုကံ ဝကံ.. ဟီးဟီး..

  4. weiwei

    လူတွေလဲ အလုပ်မရှိအလုပ်ရှာပြီး ကျားနဲ့ ခြင်္သေ့ကိုစပ်ရတယ်လို့ပဲ … တစ်ခါမှ မမြင်ဖူးဘူး … ကျားဖြူကလေးကတော့ တော်တော်လှတယ် …

    ကြောင်ကြီး ဟူးတောင်းသွားလို့ကတော့ ယုဇနနဲ့တွေ့သွားမယ် …

  5. leo

    ကျားနဲ့ခြင်္သေ့နဲ့စပ်ထားတာကို တလောက အင်တာနတ်မှမြင်ဖူးတယ် ……. တိုင်းဂါး နဲ့ လိုင်းရင်း စပ်ကျတော့ လိုင်းဂါး ဆိုပဲ နာမည်က ကျားလိုအဆင်းပါပြီး လည်ဆံမွေးလည်းပါတယ်

    1. inz@ghi

      ဖတ်ဖူးတယ်ဗျို့ လိုင်းဂါး …ကတော့ …
      ငယ်ငယ်က ဆြာ တယောက်နောက်တာ မှတ်မိဖူးတယ်
      ကျွဲနဲ့ နွား နဲ့ စပ် မယ် တဲ့…
      ကျွဲလို သန်မာပီး နွားလို ယဉ်တဲ့ အကောင် ထွက်လာအောင်တဲ့ …
      အဲ့လိုကောင် ထွက်လာ ရင် သည်လိုခေါ်မယ်တဲ့လေ…

      ကျွဲ + နွား = ကျွား ..

      lol

      1. inz@ghi

        hybrid က နောက်ထပ် ဖောက်နည်းတွေ ရှိသေးတယ်နော် …
        ဂျပွန်က ချစ်စဖွယ် shitzu ခွေးလေးနဲ့ တောင့်တင်းသန်စွမ်းတဲ့
        colorado bulldog စပ်ပီးဖောက်လိုက်ရင် ချစ်စရာကောင်းပီး
        သန်မာတဲ့ မျိုးစပ် အသစ်ကလေး ထွက်လာနိုင်တယ်နော့…
        ဒါလဲ မီလျံ ဘစ်ဇနက်စ် ဖစ်လာမလား ပဲ သဂျီး စမ်းကြည့်ပါလား ..
        နာမည်ကတော့ သိပ်မလှဝူးပေါ့…

        [Bull]dog + [Shit]zu = ???
        lol

        1. ကိုရင်စည်သူ

          ကျားဆိုတာ ကြောင်မျိုးက ဆင်းသက်လာတာတဲ့…
          တွေ့ရတဲ့ ကျားမလေးတွေက ရွာထဲက ကြောင်တစ်စုရဲ့
          လက်ချက်နဲ့ တော့ ကင်းဟန်မတူဘူး.. အဟမ်း… 😀 😀 😀 😀 😀

  6. ဆူး

    ဒီလင့်လေး မေးထဲကို ရောက်လာတယ်.. ဘာပဲ ပြောပြော.. ဒီပိုစ်လေး ဖော်ဝပ်မေးထဲ ရောက်နေလို့ ပိုစ်တင်တဲ့ မဝေ အတွက် ဂုဏ်ယူပါတယ်။
    ပိုစ်တင်တဲ့ လူတော့ ဘယ်လိုနေလဲ မသိဘူး.. ဆူးကတော့ ဖော်ဝပ်မေးအနေနဲ့ ရောက်လာလို့ မဝေ အစား ပီတိ ဖြစ်မိတယ်.. ပိုစ်က အောင်မြင်မှု တခုရတယ် ဆိုမလားဘဲ။ ခရီးသွားပြီး ဓါတ်ပုံရိုက်ရကျိုးနပ်တာပေါ့

  7. weiwei

    ဟုတ်လား … ဝမ်းသာစရာပေါ့ … ထပ်တင်ပေးဖို့ အားရှိသွားတာပေါ့ ..

  8. weiwei

    နေပြည်တော်က ဆာဖာရီကိုတွေ့လို့ သတိရတာနဲ့ ပြန်ရှာမန့်လိုက်တယ် …

  9. windtalker

    ဒါတွေကြည့်ပြီးမှ နေပြည်တော် ဆာဖာရီ ကို သွားလည်ရမှာတောင် မျက်နှာငယ်လာဘီ

  10. မောင်ပေ မျက်နှာမငယ်ချင်ရင်အလွယ်လေး။
    မသွားခင်မျက်နှာကို ပျားအုံထဲ ထည့်လို်က်။
    ဒါဆို မျက်နှာမငယ်တော့ဘူး။

    1. windtalker

      ဪ…
      အသက်ပင်သေသေ လို ့
      ဆိုတာမျိုးပေါ့
      မပြောဘူးနော်

  11. koyinmaung

    ကျနော်တို့အနေနဲ့ကိုယ်တိုင်ရောက်ဘို့မလွယ်ပါဘူး
    ခုလိုပုံတွေတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    ကျားတွေဆိုဝဖီးနေတာဘဲ ကျားဖြူကတော့ရှားပါတဲ့အကောင်ပါ
    နောက်တင်မဲ့ပို့စ်တွေကိုစောင့်မျော်နေပါတယ်……

  12. Mr.Know-All

    နောက်တစ်ခါသွားရင်ခေါ်ပါလားဟင်
    လမ်းစားရတ်နဲ့ စားစာရိတ်ပဲတာဝန်ယူပါ
    ကျန်တာကျွန်တော်ဘာသာစီစဉ်ပါ့မယ်နော် မဝေ ဟဲ
    ဘယ်သူလိုက်ဦးမလဲ

    1. ပေါက်ဖော်

      အဟမ်း.. !
      နာရဲလိုက်မယ်
      😆

  13. nozomi

    ပြန်တင်ပေးတဲ့အတွက် ကျေးဇူးပါ
    ကျားစာကျွေးခံရမဲ့ ကြက်တွေရဲ့ ဘဝကမလွယ်ပါလား (သူကြီးတွေ့ရင် ကြက်ဝင်စားလို့ ပြောခံရနိုင်တယ်:) )

    ဒီရွာထဲမှာလဲ အခုဆို ကြောင်ဥယျာဉ် ဖွင့်လို့ ရနေပြီ

  14. blackchaw

    လေးစားပါတယ် အန်တီဝေ။
    ဒီလောက်မိုက်တဲ့ နေရာတွေကို သွားပြီး
    ဒီလောက်လန်းတဲ့ ပုံလေးတွေ ကိုရိုက်ပြထားတာတွေ့ရတော့
    နေပြည်တော်ဆာဖာရီဥယာဉ် လောက်
    (အဲအဲ ဒါတောင် အစစ်မဟုတ်သေးဘူးတိရိစာ္ဆန်ဥယာဉ်ကြီးတဲ့)
    သွားရိုက်ပြီး ဆရာလိုလို သဘာလိုလို လုပ်နေမိတာ ရှက်နေမိတယ် အန်တီဝေရေ။
    မနေ့က ကျွန်တော်တင်တဲ့ ကျားမကြီးပုံ အတွက် ရှက်လိုက်တာဗျို့။

    1. weiwei

      နေရာဒေသချင်းကွာတော့ အသွေးအမွေးချင်းလဲ မတူဘူးပေါ့နော် … လူတွေတောင်မှ မတူကြသေးတာပဲလေ … 😛
      အဲဒီကိုသွားတုန်းက ဝင်ကြည့်ခ ၆၅ ယွမ် … အဲဒီတုန်းက ငွေလဲနှုန်းနဲ့ ဗမာငွေ တစ်သောင်းကျပ်ပါ … မနှစ်ကနွေရာသီတုန်းက အဲဒီဒေသမှာ ၃ဝ ဒီဂရီကျော်လာက်အထိ ပူခဲ့တယ်လို့ သတင်းမှာတွေ့လိုက်မိတယ် … သူတို့တွေခဗျာ ပူလိုက် အေးလိုက်နဲ့ တော်တော်ခံရခက်ရှာမှာပဲလို့တောင် သတိရသွားမိသေးတယ် ..

  15. etone

    အိပ်နေတာများ ကွေးနေတာပဲ ..ချစ်စရာကောင်းတယ် …. ချမ်းလို့ လက်ကလေးတွေတောင် ထည့်ကွေးထားသေးတယ် … ။ 🙂

    မဝေရေ … အဲ့ဒီစီးလာတဲ့ မီနီဘတ်စ် ကျားတောထဲရောက်မှ စက်ပျက်သွားလျှင် ဘယ်လိုလုပ်မလဲ မသိဘူးနော် … ကြံကြံဖန်ဖန်တွေးမိတာပါ … ။

  16. MaMa

    ကားတစ်စီး ကျားတွေကြားထဲမှာ ပိုက်ကွန်တွေနဲ့ သက်သက်မဲ့ ထားထားတာလား မသိဘူး။ ကျားတွေကလည်း ကားကို ထူးဆန်းလို့ လေ့လာနေကြတာထင်တယ် 😀

  17. Shwe Ei

    နိုင်ငံခြားမှာ ကျားဖြစ်ရတာနဲ့ ဗမာပြည်မှာကျားဖြစ်ရတာ facility ချင်းယှဉ်လိုက်ရင် တယ်ကွားသကိုး။

  18. Gipsy

    မတော်တဆ ကား ပျက်လို့များ မလွယ်ဘူးနော်…၊
    ရှုးပေါက်ရ အီးပါရခက်မှာ…. ၊ :mrgreen:

    1. ဆူး

      ကားပျက်မှာ မပူကြပါနဲ့ ထွက်သွားတဲ့ကား အချိန်တန် ပြန်မလာရင် လိုက်ခေါ်ပေးပါလိမ့်မယ်။ ကားမှာလည်း ဆက်သွယ်ရေး ကွန်ယက် အပြည့်ရှိပါတယ်။ ခရီးသွားတိုင်းမှာ လက်မှတ်ဝယ်ရင် အာမခံပါ တွဲဝယ်ရတာမို့ တခုခု ဖြစ်သွားရင် အဲဒီက လျှော်ကြေးကိစ္စ မလွယ်လှလို့ သေချာ လုပ်ထားပါတယ်။ ကျားတောထဲမှာ ကားပျက်တာ မြန်မာပြည်မှာ ဓါတ်လှေကား ပိတ်မိတာလောက် မဆိုးပါဘူး။

  19. we R one

    မိုက်တယ်….
    ကျားတွေ က ချစ်စရာလေး.. ကြောင်တွေ ထက်ပိုချစ်ဖို့ကောင်းတယ် ထင်တယ်.. 😀

  20. cobra

    ကောင်းလိုက်တဲ့ပုံလေးတွေ…..
    ကျားတောင်မှအမျိုးကွဲတွေအများကြီးရှိပါသလား…

  21. ဆူး

    ကျားတွေက ကောင်းကောင်း ကျွှေးထားလို့ အစားတော့ ပုပ်မဲ့ ပုံပဲနော်.. အကောင်များလေ အစာများများ ကျွှေးရလေပဲ ဖြစ်လိမ့်မယ်။

Leave a Reply