ကျောက်တုံးဥယျာဉ် , Stone forest from Kunming

weiweiOctober 28, 20104min05

Stone forest  သဘာဝကျောက်တုံးဥယျာဉ်ပုံတွေပါ။ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ တစ်နာရီခွဲခန့် ကားစီးသွားရင်ရောက်တဲ့ ရှီးလင်လို့ခေါ်တဲ့ မြို့ကလေးမှာတည်ရှိပါတယ်။ ထူးထူးခြားခြား သဘာဝရှုခင်းတွေပါပဲ။ ဥယျာဉ်ကြီးက ကြီးလွန်းလို့ တစ်နေကုန်လှည့်ကြည့်တာတောင်မှ မကုန်ခဲ့ဘူး။ ဒီပို့စ်လေးမှာ နဲနဲတော့ကြော်ငြာဝင်လိုက်အုန်းမယ်။ ယူနန်ပြည်နယ်ဆိုတာက မြန်မာပြည်က ရှမ်းပြည်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ ပြည်နယ်တစ်ခုပါ။ သဘာဝရှုခင်းတွေနဲ့ သာယာလှပပါတယ်။ မြန်မာကနေ လေယာဉ်စီးစရာမလိုပဲ သွားလည်လို့ရပါတယ်။ မူဆယ်ကနေ ယာယီ ပက်ပို့စ်လုပ်ပြီး ရွှေလီကိုသွားလို့ရပါတယ်။ ရွှေလီက ခရီးသွားအဖွဲ့အစည်းတွေအကူအညီနဲ့ ယူနန်ပြည်နယ်ထဲကို ၁ဝ ရက် ဝင်ရောက်လည်ပတ်လို့ရပါတယ်။ ခရီးသွားဝါသနာပါသူများ လည်ပတ်သင့်တဲ့  ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ကျွန်မကတော့ ယူနန်ပြည်နယ်အနှံ့မရောက်ဖူးသေးပါဘူး။ ကိစ္စတစ်ခုနဲ့ ကူမင်းကို သွားရင်းနဲ့ ကျောက်တုံးဥယျာဉ်နံမည်ကြီးလို့ သွားကြည့်ခဲ့ဖြစ်ပါတယ်။ နွေရာသီ နေလဲအရမ်းပူနေတာမို့ ဓါတ်ပုံတွေလှပနေသလောက် လူကတော့ နေမိပြီး အတော်ပင်ပန်းသွားခဲ့ပါတယ်။ ကျောက်တုံးတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ နောက်ဆုံးပုံထဲမှာ ကြောင်နဲ့ ကြွက်ပုံပါတယ်။ သေချာကြည့်လိုက်နော် ….

5 comments

  • kai

    October 28, 2010 at 9:17 pm

    ကူမင်း -မန္တလေး လား..ရန်ကုန်လား .. ဒါရိုက်ဖလိုက်ရှိတယ်လို့ထင်တာပဲ..
    ယူအက်စ်ကတယောက် မြန်မာပြည်သွားရင် အဲဒီလမ်းရွေးတတ်လို့..။

    Reply

  • weiwei

    October 29, 2010 at 3:20 am

    ကူမင်း-မန္တလေးလဲရှိတယ် .. ကူမင်း-ရန်ကုန်လဲရှိပါတယ်။ ဒါပေမယ့် အဲဒါတွေက တရုတ်သံရုံးကနေ ဗီဇာလိုတယ် …လေယာဉ်ကလဲ ခရီးနီးပေမယ့် ဈေးတော်တော်ကြီးပါတယ် .. မိသားစုလိုက် ယူနန်တစ်ခုထဲကို ခရီးထွက်ချင်တယ်ဆိုရင်တော့ ရွှေလီကနေဆိုရင် ဈေးတော်တော်သက်သာပါတယ် ..

    Reply

  • koyinmaung

    October 29, 2010 at 3:22 am

    ကူမင်း-ရန်ကုန်..ဒါရိုက်ဖလိုက်ရှိတယ် နှစ်နာရီ ဆိုရောက်တယ်

    Reply

  • ဆူး

    October 29, 2010 at 5:34 am

    တိုင်းရင်းသား ဝတ်စုံ တခါငှားဝတ် တရုတ်ငွေ ၁၀..
    အဲဒီက ဒေါ်ကြီးတွေ ဆီက လက်မှု ပစ္စည်းတွေ ဝယ်ခဲ့တယ်.. လက်ရာလည်း ကောင်းတယ်..
    ယူနန် အံဖွယ် ၁၈ချက်.. အကုန်မမှတ်မိ.. ဘာမှတော့ ထူးဆန်းတယ် မထင်ဘူး..
    တံတားကျော် ကြက်ပေါင်း ဇတ်လမ်းလေးကတော့.. နားထောင် ကောင်းသကွဲ့..
    ဟိုးအရင်တုန်းက.. ယူနန်ဘက်က လူငယ်တယောက် စာတွေ ကျက်ပြီး နန်တော်က စစ်တဲ့ စာမေးပွဲ ဖြေတယ်.. ယူနန်ပြည် အေးလွန်းလို့.. စာတွေ မကျက်နိုင်ဘဲ.. စာမေးပွဲကျတယ်.. မိန်းမက ဒီအကြောင်းသိတော့.. သူရဲ့ အချစ်မေတ္တာနဲ့ စာကျက်တဲ့ နေရာ.. ဝေးတယ် ထင်တယ်.. တံတားကျော်ပြီး လာရတယ်။ ဇနီးက နေ့တိုင်း စာကျက် တဲ့ နေရာကို ထမင်းချိုင့်ပို့တယ်.. အရင်ကတော့.. ဒီတိုင်း သယ်သွားတာ.. စားခါနီးဆို.. အေးစက်ပြီး နေလို့.. မစားနိုင်ဖြစ်တယ်ဆိုတော့.. ဇနီးက ကြက်ကလေးကိုပေါင်း… ချိုင့်ကလေးထဲ ထည့်.. တံတားလေးကျော်ပြီး သယ်လာတယ်.. အပေါ်မှာ ဆီတွေ ဝေ့နေလို့.. အပူတွေ မထွက်ဘဲ.. ယောကျားက ပူပူနွေးနွေး စားလို့ရပြီး စာမေးပွဲအောင်.. ရာထူးရပြီး အမတ်ဖြစ်.. အိမ်ပြန်မလာတော့ဘူး လို့ ထင်ကြပေမဲ့.. ပူပူနွေးနွေး ကြက်ပေါင်းလေး သောက်ရတဲ့ ကျေးဇူးကြောင့် အိမ်ပြန်ပြီး မိန်းမကို ခေါ်.. ပြီး အမတ်မယား အနေနဲ့ သတ်မှတ်ပြီး နေထိုင်သွားသတဲ့.. ယူနန်မှာ ကျေးဇူးသိတတ်တယ် ဆိုတဲ့ အနက်နဲ့ ကျွှေးတာဆိုရင် ကော့ချောင်ကြီးထန်း.. တံတားကျော် ကြက်ပေါင်း.. အဲဒါကျွှေးတယ်.. အတိုချုံး အမြန်ရေးထားတာ အင်တာနက်ရတုန်း ရေးတာကြာသွားရင် မတက်တော့မှာ စိုးလို့..

    Reply

  • leo

    October 30, 2010 at 4:52 am

    wei wei ကတရုတ် ဧည့်လမ်းညွှန်လုပ်တာလားဟင် …….. 😛 တရုတ်ပြည်ကနေရာတော်တော်များများကိုရောက်ဖူးနေတာပဲ

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.