ရွာအဝင်မုခ်ဦးမှာ ရတနာပုံနံမည်တွေ့မိလို့
ဗမာတွေနေတယ့်ရွာ ဘယ်သူတွေများပါလိမ့်လို့
မရဲတရဲဝင်ရောက်လို့ စပ်စုခဲ့ဖူးတယ် ….
ရွာထဲမှာ ရောင်စုံဗမာတွေ
ဒီမိုကရေစီအပြည့်နဲ့ လွတ်လပ်တယ့် ယုံကြည်မှုတွေနဲ့
ပျော်ရွင်စွာငြင်းခုံနေကြတာတွေ့ရလို့ အားကျခဲ့ဖူးတယ် …
ဧည့်ဝတ်ကျေတယ့်အိမ်ရှင်ဗမာတွေ
လာလည်တယ့်သူကို နွေးထွေစွားကြိုဆိုလို့
အမြင်တွေဖလှယ်ကြ ပျော်ရွှင်ခဲ့ရဖူးတယ် …
လာပါနေပါလို့ မဆွယ်နေကြပေမယ့်
အလည်ကြာတော့ သဘောကျလို့
သူတို့နဲ့အတူနေချင်စိတ်နဲ့ ဧည့်စာရင်းတိုင်ခဲ့မိတယ် ..
ရောက်တာမှမကြာ အိမ်ရှင်တွေပျောက်
ရွာကြီးလဲမှောင်အတိနဲ့ တခါတခါတော့ လင်းကနဲမို့ထကြည့်မိ
သူရဲခြောက်တာနဲ့ တိုးမိခဲ့ဖူးတယ် …
လူသူတိတ်နေတယ့်ရွာထဲမှာ
ကြောင်ကြီးတစ်ကောင်တော့ လျှောက်သွားနေလေရဲ့
အမူးသမားလဲမရှိ ခလုတ်မထိ ဆူးမငြိနဲ့ ပျော်နေတယ်ထင်ပ …
ဖက်ရွက်တွေတောင်မကြွေတာကြာပေါ့
နောက်ရက်တွေ ဒီအတိုင်းသာဆိုရင်တော့
ယာယီဧည့်သည်လဲ ဆက်မနေရဲတော့တာမို့
အိမ်ရှင်တွေ အမြန်ပြန်လာကြပါတော့ …..


မြန်မာပြည်က အင်တာနက်တွေ မကောင်းဘူးဖြစ်နေတယ် weiwei ရေ..။
ဂျီတော့၊ ချပ်တင်း တို့တောင် တော်တော်ခက်နေတယ်..။
အခု အွန်လိုင်းမှာ ၅၃ယောက်ရှိတယ်။ မြန်မာပြည်က ၄ယောက်ပဲတွေ့တယ်..။
ကျန်တဲ့သူတွေက ဖတ်နေတာသာ များတာ။ မန်င်ဘာမဝင်ထားတော့ ကောမန့်တို့ စာတို့ဝင်ရေးလို့တော့မရဘူး..။
အဲဒါ..။
ဟုတ်ကဲ့ … တိတ်နေတာ မကြည့်ရက်လို့ပါ .. ဘာရေးရမှန်းမသိတာနဲ့ အပျော်ဝင်နောက်လိုက်တာ …
ရေးချင်ပါတယ် ရေးချင်ပါတယ်… လိုင်းက သိတ်အဆင်မပြေလို့ပါ… (ဒီတစ်ကြောင်းတောင် ရောက်မလား မရောက်မလား စမ်းရင်းနဲ့ ရေးလိုက်တာ) 😛
Dear Kai & Wai Wai,
All connections are down for ordinary people of Burma.
I suspect those 4 persons ( you referred as from Myanmar ) are ……. ???
Ha… Ha… Ha…
Just kidding naw
ကြောင်ကြီးတကောင်
အမြီးထောင်
ဘာကြောင့်လည်မေး၊
ဂေဇက်မှာ
လူခြေပြတ်တယ်
ရှာပေ့ါကြွက်ကလေး။
ကြွက်ကလေးတွေ
လုံအောင်ပုန်း
ကြောင်ကြီးလာလိမ့်မယ် …
ကြောင်ပါးကြီးရဲ့ မြီးတံတို.. အဆီကို စားလို့ အသားကို မြို..
ကြောင်အိုပါးကြီး ကိုက်လိမ့်မည်.. အိပ်ပါတော့ ကလေးငယ်လေး မြန်မာပြည် အင်တာနက်တွေဝေး..
အဆီစားပြီး အသားမြိုခံရမှာ စိုးလို့.. ရွာထိပ်က ပိတ်ထားတာ.. ကလေးတွေ အပြင်ထွက်လို့ မရဘူး.. ဟဲဟဲ
မိမိတို ့ရဲ ့ကြောင်မ များမှ အလွန်မျိုးကောင်းသော ကြောင်သားပေါက်များရလိုပါသလား
ကျွန်ပ်မိုက်ကယ်ဂျော်နီအောင်ပု ထံတွင် အလွန်အားကောင်းမောင်းသန် ဒေါင်ဒေါင်မြည် ကြောင်ထီးတစ်ကောင်
ရှိပါသဖြင့် ဆက်သွယ်ပါကြကုန်
မှတ်ချက်
မိမိတို ့ကြောင်မ များ၏ ကျမ္မာရေးခြူခြာမှုကို တာဝန်ယူမည်မဟုတ်ပါ
ရွာထဲမှာ ကြော်ငြာရောက်နေပါလား … ပွဲလန့်တုန်းဖျာခင်းထင်ပါ့ …
ဘကြီးပုတော့နော်.. ရွာထဲက ကလေးတွေ ကြောင်ပါးကြီး အကိုက်ခံရမှာ စိုးလို့.. ရွာပြင်ပေးမထွက်တာကို.. ဘယ့်နှယ့်.. ကြောင်မျိုးပွားရေး လာလုပ်နေတာလဲ.. ရွာထဲက ဘကြီးပု ရွာပြင်ထုတ်ခံရတော့မယ်
ဘကြီးပုရဲ့ ကြောင်က bigcat ဆိုတဲ့ နာမည်ပေးထားတာလား။ ဟဲဟဲ အဲဒီကြောင်တစ်ကောင်တော့ တွေ့တယ် 🙂