ဂီနီဗစ်ဆောနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွား

parparaziApril 2, 20101min02

အာဖရိကတိုက် ဂီနီဗစ်ဆောနိုင်ငံ စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများအကြား၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်၍ ဗိုလ်ချုပ်ကြီး အန်တိုနီယို အင်ဒဂျေး ခေါင်းဆောင်သော အဖွဲ့က ကာကွယ်ရေး ဦးစီးချုပ်အား ဖမ်းဆီး ထိန်းသိမ်းပြီးလျှင် ဝန်ကြီးချုပ်ကိုပါ ခေတ္တ ထိန်းသိမ်းထားခဲ့သည်။

နောက်ပိုင်းတွင် ပြည်သူအများ၏ဆန္ဒအရ ဝန်ကြီးချုပ်အား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ယခုဖြစ်ရပ်သည် စစ်တပ်အတွင်း ပြဿနာ သာဖြစ်၍ အစိုးရအဖွဲ့နှင့် သက်ဆိုင်မှုမရှိဟု နိုင်ငံသမ္မတက ထုတ်ဖော်ပြောဆိုသည်။ ယခင် အုပ်ချုပ်သူဖြစ်ခဲ့သော ပေါ်တူဂီနိုင်ငံနှင့် ပြင်သစ်နိုင်ငံ တို့က အာဏာသိမ်းမှုသဘောဆောင်သော လုပ်ရပ်ကို ပြစ်တင်ရှုံ့ချ၍ ဖွဲ့စည်းပုံနှင့်အညီ အုပ်ချုပ်ရေးစနစ်သို့ အမြန်ပြန်ပြောင်းရန် တောင်းဆိုကြ သည်။ ဂီနီဗစ်ဆောနိုင်ငံသည် ၁၉၇၄ခုနှစ် ပေါ်တူဂီလက်အောက်မှ လွတ်လပ်ရေးရရှိပြီးနောက်အာဏာသိမ်းမှု အကြိမ်များစွာဖြစ်ပေါ်သည်။ (ဘီဘီစီ)

2 comments

  • peace

    May 13, 2010 at 6:26 pm

    We will watch our country.We much be established our new state as a new morden state with full
    decipline.

    Reply

  • cruz

    October 17, 2010 at 10:57 pm

    oh…….. bad new

    Reply

Leave a Reply

Your email address will not be published.