မြန်မာစာအတွက် ရင်လေးမိသေးတယ် …

weiweiOctober 27, 20101min011

တကယ့်အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်မသူငယ်ချင်းတစ်ယောက်က ဧရာဝတီတိုင်းဘက်က မြို့နယ်တစ်ခုမှာ ပညာရေးနဲ့ဆိုင်တဲ့ ဌာနတစ်ခုမှ အရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူပြန်ပြောပြတယ့် အဖြစ်အပျက်ပါ။ မယုံနိုင်စရာပါပဲ။ သူအပါအဝင် တခြားတာဝန်ရှိသူတွေက ကျေးရွာမူလတန်းကျောင်းအတွက် မူလတန်းပြဆရာမလျှောက်ထားသူတွေကို အင်တာဗျူးလုပ်ရပါတယ်။ လာလျှောက်သူတွေအရည်အချင်းကလဲ အနဲဆုံး ဘွဲ့တစ်ခုတော့ ရရမယ်။ တစ်ခါကျတော့ သူတို့က အင်တာဗျူးတယ့်အခါ ခပ်လွယ်လွယ်မြန်မာစာကြောင်းလေးတစ်ခုကို ရေးထားပြီး ဆရာမလောင်းတွေကို မြန်မာသဒ္ဒါစစ်ပါတယ်တယ့်။ အဲဒီစာကြောင်းထဲက ကတ္တား၊ ကြိယာ၊ ကံ  ခွဲခိုင်းပါတယ်တဲ့။ သူပြောတာကတော့ အရမ်းရိုးရှင်းလွယ်ကူတဲ့ စာကြောင်းလေးပါတဲ့။ ဒါပေမယ့် သူတို့မေးတယ့်သူတွေကို စိတ်ပျက်သွားစေတာကတော့ လူသာ ၂ဝ ကျော်စစ်ပြီးသွားတယ် တစ်ယောက်မှ မှန်အောင်မဖြေနိုင်ခဲ့ပါဘူးတဲ့။ အဲဒီအထဲမှာ မြန်မာစာနဲ့ဘွဲ့ရတယ့်သူတွေတောင်ပါပါသေးတယ်တဲ့။ အဲဒါနဲ့ ကျွန်မကမေးလိုက်တယ် .. ဒါဆို တစ်ယောက်မှ မခန့်လိုက်ဖူးလားလို့ … သူကဘာပြောလဲဆိုတော့ ဘယ်တတ်နိုင်မလဲတဲ့ ရွာမှာကလဲဆရာလိုနေတော့ သူတို့ကိုပဲ ခန့်လိုက်ရပါတယ်တဲ့။ ဘယ်လောက်သနားစရာကောင်းတဲ့ ကလေးတွေလဲ။

11 comments

  • weiwei

    October 27, 2010 at 5:53 am

    မေးခွန်းကတော့ … ဒေါ်မြ ဈေးသွားသည်။ မောင်မောင် ဘောလုံးကန်သည်။ နောက်တစ်ခုထည့်ရေးဖို့မေ့ခဲ့လို့ … က ကနေ အ အထိ စာရေးခိုင်းပြီး ကြည့်တယ်တယ့် .. တစ်ယောက်မှ အမှန်အတိုင်း မရေးဆွဲနိုင်တာကိုလဲ တအံ့တဩတွေ့ခဲ့ရပါတယ်တယ့် …

    Reply

  • KoNyeinChan

    October 27, 2010 at 6:46 am

    weiwei ပြောတဲ့အထဲမှာ က ကနေ အ အထိ ရေးခိုင်းတဲ့အကြောင်းလေးကို ထောက်ခံပါတယ်။ ဋ ဍ ဋ္ဌ ဠ စာလုံးတွေဟာ အသုံးနည်းတာကြောင့်(တခြားစာလုံးတွေနဲ ့ ယှဉ်ရင်) သေသေချာချာ ရေးနိုင်တဲ့သူ အတော်နဲပါတယ်။ ကိုယ်တွေ ့မို ့ပါ။

    Reply

  • weiwei

    October 27, 2010 at 6:50 am

    ကျွန်မပြောတာက ရေးနည်းကိုပြောတာ … ကကြီး ခခွေး ဆွဲနည်းလေ .. သူငယ်တန်းမှာသင်ရတယ့်ရေနည်းပါ .. ဝ လုံးတောင် မှန်အောင်မဆွဲနိုင်တာကို အံ့ဩရတာ ..

    Reply

  • MandalayThar

    October 27, 2010 at 7:10 am

    က ကြီးတွေ ဝ လုံးတွေနဲ့ လိုရာ မရောက်ဘဲဖြစ်တော့မယ်။

    ဟုတ်တယ်။ ကျွန်တော့ အနေနဲ့ သိပ်ကို မအံ့ဩပါဘူး။ တကယ် ဖြစ်ပြီး မြင်နေရတာတွေပါ။

    ပြောရမယ် ဆိုရင် အစိုးရကျောင်းတောင်မဟုတ်ဘူး။ ရန်ကုန်မှာ အင်္ဂလိပ်စာသင် ပုဂလိကကျောင်းတစ်ကျောင်းက နယ်မှာ ကျောင်းခွဲဖွင့်ဖို့ ဝန်ထမ်းဆရာမတွေ အသစ်ခေါ်ပြီး အင်္ဂလိပ်စာ စစ်ဆေးကြည့်တာ စစ်တဲ့သူ အတော်ကို စိတ်ပျက်သွားရတယ်။ တယောက်ကတဲ့ သူတို့ အိမ်မှာ နွားမတကောင်မွေးထားတယ်ကို My house born a cow. လို့ ဆိုတာမျိုး ရေးပြီး ဆရာမ အလုပ်လာလျှောက်တာတဲ့ ဘွဲ့ရတွေက။ စဉ်းစားသာကြည့်တော့ဗျာ။

    မြန်မာစာတောင် ဒီလောက် ဖြစ်ရင် အင်္ဂလိပ်စာ၊ သင်္ချာ ဆို ပြောမနေနဲ့တော့။ တကယ်ပါ မြို့ပေါ်က ကျောင်းတွေမှာ သိပ်မသိသာပေမဲ့။ နယ်တွေမှာ အရမ်းကို ဆိုးပါတယ်။ မြို့ပေါ်မှာ ဆိုလည်း ဝေးဝေးမကြည့်ပါနဲ့ တက္ကသိုလ်တွေဘဲ ကို နည်းနည်းလှည့်ကြည့်လိုက်ပါ။ ပေါ်လိုက်တဲ့ မာစတာရထားပြီး ကျောင်းမှာ ကထိကလုပ်နေတဲ့သူတွေ။ ဒီလိုတွေ ဘာတွေလဲဆိုတာ သူတို့ကို သူတို့ အသိဆုံးဖြစ်သလို။ တခြားသူတွေလည်း အ အ တွေမဟုတ်ဘူး။ အဲဒါကြောင့် နောင်လာမဲ့ ကိုယ်မျိုးဆက် ပညာရေးအတွက် ကိုယ်ပိုပြီး ရင်လေးမိတယ်ဗျာ။

    Reply

  • meelay

    October 27, 2010 at 9:10 am

    ဆရာမ – မသိလို့မေးတာနော်၊ နောက်သုံးတဲ့အခါကျရင် သိအောင်လို့ပါ။ ဆရာမပြောတဲ့ နောက်က တယ့် နဲ့ တဲ့ က ဘယ်ဟာက အမှန်ဆိုတာ သိချင်လို့ပါ။

    Reply

    • weiwei

      February 8, 2012 at 8:13 pm

      တစ်နှစ်ကျော်ကြာနေပြီဖြစ်တဲ့ မီးလေးရဲ့အမေးကို အခုမှပဲ ဖြေရတော့မယ် …
      တဲ့ က အမှန်ပါ …

      Reply

  • MaMa

    February 8, 2012 at 8:54 pm

    ဝေဝေရေ- အဲဒီပိုစ့်လေးကို တင်တုန်းက ရွာသူမဖြစ်သေးဘူးထင်တယ်။ ခုမှ ဖတ်ရတယ်။ အမှန်တကယ်လည်း တောရွာတွေမှာ ဆရာ/မ တွေကိုယ်တိုင်က အရည်အချင်း မပြည့်ဘူး။ ကလေးတွေကလည်း ပညာရေးမှာ မြို့က ကလေးတွေလို အားစိုက်နိုင်တာ မဟုတ်တော့ 🙁

    Reply

  • TTNU

    February 8, 2012 at 9:41 pm

    ဝေရေ…
    ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ တရားခံတော့ ရှာမပြချင်တော့ပါဘူး။
    လွန်ခဲ့တဲ့ (၁၅ နှစ်၊ အနှစ်၂၀)လောက်က ပညာရေးမှာတာဝန်အကြီးဆုံးရှိခဲ့သူ
    ပုဂ္ဂိုလ်က ပြောခဲ့၊ ပြင်ခဲ့တာပါ။ ကလေးတွေ ( အထူးသဖြင့် မူလတန်း) စာမေးပွဲ
    ကျတာသူ မခံစားနိုင်ဘူးတဲ့။ တတ်အောင်သင်၊ ကျရင် ကုစား၊ပြန်ဖြေအအောင်ပေး
    ရမယ်လို့ သတ်မှတ်ခဲ့တယ်။

    ကျရင်ကုစားဆိုတဲ့ နေရာမှာ ဆရာဆရာမတွေ စတင်ချာလည်လည်တော့တာပါပဲ။
    ဆရာဆရာမ မလုံလောက်တဲ့ကျောင်းတွေမှာ အတန်းပေါင်းစံနစ်နဲ့ သင်ရတဲ့သူတွေဆို
    ပိုပြီးရွာလည်ရှာပါတယ်။ ရိုးရိုးသင်တာအပြင် ညနေကျောင်းဆင်းရင် အချိန်ပိုဆိုပြီး
    Remedial work လုပ်ပေးကြရရှာပါတယ်။ တစ်ချို ့ကလေးတွေမှာလည်း ကျောင်းဆင်းရင်
    အိမ်ပြန် မိဘကူ၊ ဆိုတာကလည်းရှိသေးတာကိုး။ ဒီဆရာမတွေ ခမျာမလည်း
    ညစာချက်ရဦးမယ်၊ အိမ်အလုပ်ရှိသေး… အထွေထွေပေါ့ဝေရယ်။

    တီချာထောက်ပြချင်တဲ့ကိစ္စကဒီလိုပါ။ ကုစားတာကိုလက်ခံပါတယ်။ Well-balanced
    remedial tasks ဆိုရင် နှစ်ဖက်အဆင်ပြေမှာ၊ စာမေးပွဲမကျဘူးဆိုတဲ့ Concept ကြီးက
    ကျောင်းသားတွေရဲ ့ ခေါင်းထဲကို မှိုင်းဝင်သွားပြီး မကြိုးစားလည်းအချိန်တန်ရင် အောင်မှာပဲ
    ဆိုတဲ့ လွဲမှားစွာ တွေးလိုက်ကြပြီးစာပေလေ့လာမှုမှာ လုံးဝ လစ်ဟင်းတော့တာပါပဲ။

    ဒီတော့ အမေဘယ်လိုသိပ်သိပ် ကိုယ်တိုင်မှ မအိပ်ဘဲ နဲ့တော့ အိပ်ပျော်စရာအကြောင်းမရှိတော့
    ဘူးပေါ့ကွယ်။ သို့သော်လည်း (ဝေ မှတ်မိမလားပဲ) Micro စာရွက်လေးတွေနဲ့ (၁၀)တန်းတွေ
    အရမ်းအောင်သွားတယ်။ ဘွဲ့တွေ ရဖို့ သိပ်လွယ်သွားခဲ့ပါတယ်။

    ဒီလိုနဲ့ ဒီကလေးတွေဘွဲ့ရ ဆရာဆရာမဖြစ်လာပြန်တော့ ထူးချွန်တဲ့ ဆရာဆရာမ
    တွေဖြစ်လာဖို့ဘယ်နည်းနဲ့မှ မျှော်လင့် လို့မရနှိုင်တာ အမှန်ပါ။ အဆိုးသံသရာလည်ပြန်တာပေါ့။
    သိပ်မတတ်သူက ဘာမှမသိသူတွေကိုသင်၊ မြန်မာစာသာမက ကျန်တဲ့ ဘာသာရပ်အားလုံး
    ဝါးတားတား ဖြစ်ခဲ့ရတော့တာပါပဲ။

    က..အ မရေးတတ်တာကအစ… မြန်မာသဒ္ဒါ လုံးဝမသိတဲ့ ဘဝကိုရောက်ကြပြီ။ဖြစ်ပုံက
    (၁)စာမဖတ်ဘူး။ (သတင်းစာ တောင်မဖတ်ကြဘူး)
    (၂)သတ်ပုံဂရုမစိုက်ဘူး။
    (၃)စာလုံးအရေးအသားအဆွဲအငင်ပြင်ပေးမဲ့ ကန့်ကူလက်လှည့်ဆရာတွေမရှိတော့ဘူး။
    (၄) ဘိုဆန်သလိုလိုနဲ့ မြန်မာစာမဖတ်တတ်မရေးတတ်တာ ဂုဏ်ယူနေချင်သေး။

    ဝေရေ… ပြောရင်မဆုံးတော့ပါဘူး။ တို့များ ကျောင်းသူ/သားတွေ စာမလိုချင်တာများ
    တီချာကကိုယ်တွေ့မို့ပါ။ ဆရာဆရာမက ကြပ်မတ်ပြီးစာသင်မယ်ဆိုရင် ဒီဆရာမဆရာမ
    သင်တာမကောင်းဘူးလို့ အတွေးမှားကြရော။ ( အားလုံးတော့ မဟုတ်ဘူးပေါ့ကွယ်။)

    တော်တဲ့ကလေးတွေ၊ စာဖတ်တဲ့ကလေးတွေလည်း အများကြီးရှိပါတယ်။
    ဦးရေတော့ နည်းတာပေါ့လေ။

    Reply

  • water-melon

    February 8, 2012 at 9:51 pm

    ပြင်ပက သင်တဲ့
    ILBC တို့လို့တောင် မြန်မာစာကို ကောင်းအောင်မသင်တတ်ဘူး
    ကိုယ့်တွေ့ပေါ့နော့
    မြန်မာစာကို ကောင်းကောင်းမဖတ်တတ်တဲ့သူတွေတောင်တွေ့ဖူးသေးတယ်။
    အခြေခံက စပြီး ကောင်းကောင်းမသင်နိုင်ရင် သွားပြီ။

    Reply

  • surmi

    February 8, 2012 at 11:09 pm

    ၁၉၉၄ ခုနှစ် မှ ခန်.မှန်း ၂၀၀၄ ခုနှစ်အတွင်း သူခိုးများနှစ်ဖြစ်ခဲ.သည်။ စာမေးပွဲဖြေစဉ်တွင်
    အဖြေများကို ကျောက်သင်ပုန်းတွင်ရေးပေးခဲ.ကြသည်။ အဖြေစာအုပ်အတန်းထဲယူခွင်.ပြုခဲ.သည်။
    နေရာတိုင်းမဟုတ်သော်လည်း နေရာအတော်များများ ဖြစ်သည်ဟုကြားခဲ.ရသည်။
    ထို.ကြောင်.——————–

    Reply

  • စိတ်ညစ်စရာပါလားဗျာ။ဒါကလဲ နေရာတိုင်း၊မြို ့တိုင်းမှာ ဖြစ်နေတာပါ။ကျနော်တခါက ရေးဖူးတဲ့ပို ့စ်တစ်ခုမှာ
    စာခိုးချနေတဲ့ ဆရာအသစ်တွေဆိုပြီးတင်ပြဖူးပါတယ်။အော် နောင်အနာဂတ်ကလေးတွေဘဝ ကတော့ မတွေးဝံ့
    စရာပါလားနော်။

    Reply

Leave a Reply

Your email address will not be published.