သစ္စာတရားကိုရှာဖွေတွေ့ရှိခြင်း

naywoon niOctober 26, 20101min03

သစ္စာတရားရှာဖို့ရာတွက်
ငါ…အင်တာနက်ပေါ်တက်ခဲ့တယ်။။
ဂိုဂဲလ်အားကိုးနဲ ့
ရသမျှမွှေနှောက်
အဘယ်ဝက်ဆိုဒ်
ဘယ်ကွန်ယက်မှာမှမတွေ့
ဂျီမေးလ်လည်းအားကိုးမရ
ဂျီတော့ခ်မှာကျတော့လည်း
မုသာဝါဒအတိနဲ့
သစ္စာတရားရယ်မရှိ……………..။။
ကွန်ပြူတာစက်ထဲမှာလည်း
ဒေါင်းလုပ်ဒ်ဆွဲမရ
ကော်ပီယူလို့လဲမဖြစ်
ဖိုဒါတစ်ခုလည်းဆောက်မရ
သစ္စာတရားရေမင်းဘယ်မှာလဲကွယ်…။
ဟော……..
တွေ့ပြီ
တစ်ကယ်တော့အင်တာနက်သစ္စာတရားက
လူမဟုတ်တဲ့ပရိုဂရမ်တစ်ခု
ခံစားချက်မဲ့တဲ့
လူတွေလိုအားမနာတတ်တဲ့
ဆော့ဖ်ဝဲတစ်ခု
တွေ့လိုက်ရပြီ…………။
ဟုတ်ပ
ယူဇာနိမ်းကိုစာလုံးကြီးနဲ့ရိုက်မိ
ဒေါ့နေရာမှာကော်မာရိုက်မိ
ပါတ်စ်ဝါတ်ကိုပြောင်းပြန်ရိုက်ထည့်
ဘယ်တော့မှမပွင့်…………….။။
အဲ့……………
အရွယ်လွန်ခါမှ
သစ္စာတရားရှာဖို့တွက်
အင်တာနက်ပေါ်ရောက်လာသူ
အမြင်မှုံဝါး
မျက်မှန်တစ်ဝင်းဝင်းနဲ့မို့
မင်းသာဆိုရင်……တော့
နားလည်မှုနဲ့အားနာပါးနာဖွင့်ပေးလိုက်မှာ…..
သူကတော့………
မရဘူးဆရာရေ့………..
အဲဒါမှန်ကန်သေချာတဲ့
ဘက်မလိုက်တဲ့သစ္စာတရား
ငါရှာဖွေတွေ့ရှိလိုက်ပြီ…………။။

(သစ္စာတရားဟာခန္ဓာကိုယ်တွင်းမှာပဲရှိတာအပြင်မှာတော့မူးလို့ရှူစရာမရှိဘူးလို့ပြောခဲ့ဖူးတဲ့
သူငယ်ချင်းတစ်ယောက်ကိုအမှတ်ရလို့………………….)

နေဝန်းနီ

3 comments

  • kai

    October 26, 2010 at 10:22 pm

    သမ္မုတိသစ္စာ၊ပရမတ္ထသစ္စာ ဆိုပြိးတော့ ရှိပါတယ်…။ ထားပါတော့..။

    ကတိသစ္စာတည်သောအခါဝယ် ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏” တဲ့..။
    နေမကောင်းဖြစ်ရင် ကီးဘုတ်ကြီးထမ်း သစ္စာဆိုပြီး နွယ်မြက်တွေစားကြည့်နော..။
    (နောက်တာပါ) 🙂

    Reply

  • ဆူး

    October 27, 2010 at 12:08 pm

    အင်တာနက်သုံးပြီး ဖြစ်ပျက်ရှု
    လိုင်းရရင် ရတယ် မှတ်.. မရရင် မရဘူးမှတ်..
    ဆာဗာအဲရာ ဆိုရင် ဆာဗာအဲရာလို့ မှတ်
    နက်ဝေါ့ အဲရာ ဆို နက်ဝေါ့ အဲရာလို့ မှတ်..
    အမှတ်တွေ စိတ်လို့ သမာဓိတွေ တက်လာရင် အင်တာနက်မလိုဘဲ.. ဒီတိုင်းသာ သတ္တလောကကို ကြည့်လိုက်ပါတော့..

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.