မြန်မာ-အင်္ဂလိပ် နှစ်လမ်းသွား အဘိဓာန် အွန်လိုင်းမှ အသုံးပြုနိုင်ပြီ

parparaziApril 2, 20101min03

မြန်မာစာလုံးကို ရိုက်ထည့်ပြီးဖြစ်စေ၊ အင်္ဂလိပ်အဓိပ္ပာယ်သိလိုလျှင်ဖြစ်စေ၊ အင်္ဂလိပ်စာလုံး၏ မြန်မာဘာသာဖြင့် အဓိပ္ပာယ်ကို သိလိုလျှင်ဖြစ်စေ ၂ ဘာသာလုံးကို တစ်နေ့တည်းတွင် ကြိုက်ရာရိုက်ထည့်ရှာနိုင်သော အင်တာနက်အဘိဓာန်ကို Myanmar’s NET က မတ်လ ၂၉ ရက်တွင် စတင် လွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ Internation Service အဖြစ်ပြုလုပ်ထားသော ယင်းအင်တာနက်အဘိဓာန်တွင် စာလုံးပေါင်း ၃၃၀၀ဝ ကျော်ပါဝင်ပြီး Myanmar NLP.org.mm ၏ Windows English-Myanmar Translator ဆိုသည့် ဆော့ဖ်ဝဲကို အခြေခံထားကြောင်း Myanmar’s NET မှ ဦးသန့်ဇင်ဦးက ပြောကြားသည်။ “မြန်မာ Font နဲ့ရှာမယ်ဆိုရင် Unicoad Standard ကသတ်မှတ်ထားတဲ့ Font ပဲရတယ်။

အခုလို လွှင့်တင်တယ်ဆိုတာ Dictionary မရှိတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဘာသာပြန်ဖို့အခက်အခဲရှိရင်ပဲဖြစ်ဖြစ်၊ အင်တာနက်သုံးတဲ့သူတွေအတွက် အဆင်ပြေ စေချင်လို့ပဲ” ဟု ၎င်းကဆိုသည်။ ထိုအင်တာနက် အဘိဓာန်သည် သမားရိုးကျ Dictionary များကဲ့သို့ အသေးစိတ် မဖော်ပြနိုင်သော်လည်း စာလုံး တစ်လုံးရှာလျှင် ယင်းနှင့်ပတ်သက်ရာ နီးစပ်ရာစာလုံးများကိုပါ တွဲဖက်ပြသသဖြင့် အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ အင်တာနက်မှ တစ်ဆင့် ယင်းအဘိဓာန်ကို အခမဲ့သုံးနိုင်ပြီး Dictionary Data ထပ်မံဖြည့်စွက်ရန် ဆောင်ရွက်လျက်ရှိကာ အသုံးပြုလိုသူများမှာ http://myanmar-myanmar.com/dictionary သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

3 comments

  • susunosuki

    April 15, 2010 at 2:50 pm

    ကောင်းတယ်ဗျ
    ကျွန်တော် အင်္ဂလိပ် စာဖတ်ရင် အဘိဓာန် ကသိပ်အရေးကြီးတယ်
    စာအုပ်အဘိဓာန်က မစုံတာတွေရှိနေသေးတယ်
    မပေါ့ပါးဘူး

    Reply

  • poeaung6

    May 24, 2010 at 1:30 pm

    အခုလိုလုပ်ပေးလိုက်တော့ အများကြီးအဆင်ပြေတာပေါ့ စခရင်ကိုကြည့်လိုက် အဘိဓာန် ကိုကြည့်လိုက် အလုပမရှုပ်တော့ဘူးပေါ့

    Reply

  • cum min

    June 19, 2012 at 4:44 pm

    good

    Reply

Leave a Reply

Your email address will not be published.