မဂ္ဂဇင်းမျက်နှာဖုံးတွေလွန်လာပြီ

etoneOctober 25, 20101min036

သွားရင်လာရင်းတွေ့လိုက်ရတဲ့ မဂ္ဂဇင်းစာအုပ်ရဲ့မျက်နှာဖုံးတစ်ခုကြောင့်တော်တော်လေး အံ့အားသင့်သွားပါတယ် ။ Now မဂ္ဂဇင်းစာအုပ်ရဲ့မျက်နှာဖုံးကြောင့်ပါ။ တိုကပ်လွန်းတဲ့ ဘောင်းဘီကိုဝတ်ထားတဲ့မြန်မာမိန်းကလေးပုံနဲ့ပါ ။ စင်ပေါ်ရောက်ရင် တွန့်လိန်ကတတ်တဲ့ ဂျင်းနီးပါ ။ ရင်လှုပ်ကရမှာ ပေါင်ကားကရမှာ မရှက်တဲ့ မြန်မာအမျိုးသမီးသရုပ်ဆောင်ပါ ။

ဒီလောက်လူငယ်တွေအတွေးမှား အယူမှားပြီး လွန်လွန်ကဲကဲဝတ်ဆင်နေကြတာ မီဒီယာတွေနဲ့သရုပ်ဆောင်တွေရဲ့စနက်လည်းမကင်းပါဘူး ။ စာပေစစ်ဆေးရေးက ဒီလိုပုံမျိုးထုတ်ဝေခွင့်ပေးတာ အံ့ဩစရာကောင်းပါတယ် ။အတွင်းစာတွေပဲစစ်ပဲ ကာဗာကိုမကြည့်တာလား။ သရုပ်ဆောင်ကလည်း  ပေါ်ပေါ်ထင်ထင်ဝတ်ရဲတာရဲတင်းလွန်းပါတယ်။ ထုတ်ဝေသူတွေကပဲ ဒီလိုဝတ်ပေးပါတောင်းဆိုတာလား ။ မင်းသမီးကပဲရွေးတာလား အတိကျမသိပေမဲ့တော်တော်ကြီး ခေတ်လွန်နေပါတယ် ။ရှေးခေတ်ကမြန်မာအမျိုးသမီးများဟာ အရှက်ကိုအသက်နဲ့တောင်လဲခဲ့ကြသည်အထိအရှက်အကြောက်ကြီးမားပါတယ် ။ သို့သော်လည်း ဤခေတ်အယူမှား အမျိုးကောင်းသမီးများမှာ အတုမြင်အတတ်သင်၍ ကိုရီးယားမင်းသမီးများသယောင်၊ မြန်မာရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်များသယောင် ယိုသူမရှက်မြင်သူရှက်စရာ အဝတ်အစားများနှင့်လူပုံအလယ်တွင် ဝတ်ဆင်သွားလာနေကြပါတယ်။ မိဘ၊ ဆွေမျိုး ၊ အစ်ကို ၊ညီများကလည်း မဆုံးမသည့်အလျှောက် …. ပိုမိုခေတ်ဆန်သည့် ပုံစံများဖြင့်ဆင်ယင်လာကြက တဖြည်းဖြည်းဆိုးရွာလားပြီး နောက်ဆုံးမှာတော့…….. ဗိုလ်ချုပ်ပြောခဲ့သော…………… ။ ။

(ကော်နက်ရှင်မကောင်းလို့ပုံတင်တာ ခဏခဏပဲပြန်ကျနေတယ် ။ နောက်ဆုံးလက်လျော့လိုက်ရတယ် ။)

36 comments

  • search123

    October 25, 2010 at 9:25 am

    တော်တော် လေးကို ရဲတင်းတဲ့ ဝတ်စားဆင်ယင်မှုတွေ ဝတ်လညကြပါပြီ။
    ံShow တွေဆိုရင် ပိုဆိုးပါတယ်။
    ဘာမှ ဝတ်မလာရုံတမယ်တွေပါပဲ။

    Reply

  • ဆူး

    October 25, 2010 at 9:42 am

    ပြောရင်.. သူများ သားသမီး ကို မနာလိုလို့ ပြောတယ် ဖြစ်အုန်းမယ်.. သူအပြုအမူတွေနဲ့ ပုံသဏန်တွေက အမျိုးကောင်း သမီးမှ ဟုတ်ရဲ့လားလို့ တွေးစရာတောင် ဖြစ်မိတယ်

    Reply

    • Chrysanths

      November 8, 2010 at 9:03 am

      အခု ခေတ်က ဖာသည်မတွေက တော့ အခုခေတ်လို ဝတ်ပြီး.. အရင်ခေတ်က ဖာသည်မတွေက တော့ အကျီနဲ့ ထမီ ပဲ ဝတ်မှာပေါ့နော်….အဝတ်အစားနဲ့ ဆုံးဖြတ်ရင် အဲခေတ်က အကုန် အကျီ ထမီဝတ်တဲ့ သူအကုန် သွားပြီပေါ့.. အမြင်ကျယ်လိုက်ပါ. အဝတ်အစားနဲ့ လူနဲ့ ဘာမှ မဆိုင်ဘူး. အဲလောက်လုံချင်လဲ ကုလားမတွေလို တကိုယ်လုံးခြုံ မျက်စိပေါက်ပါ ဇာတပ်နေကြပေါ့

      Reply

  • အာဖျံ ကွီး

    October 25, 2010 at 9:49 am

    အိတုန် အတိအကျ မသိဘူးဆိုလို. အာဖျံကွီးရှင်းပြမရ် …
    ဟုတ်ပါတရ် … အတွင်းစာတွေကြည့်ပီး Cover ကိုလည်း အသကုန်ပြူးကြည့်ပီးမှ ဖြန်.ဝေတာဖြစ်ပါတရ် …
    (….) တွေကလဲ တောင်းဆိုပါတရ် …
    မင်းသမီးကလဲ ရွေးပါတရ် ….
    အမှန်ဆုံးကတော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ (…) နိင်ငံဖြစ်နေပါပီဗျာ …

    Reply

  • blacksheep

    October 25, 2010 at 12:13 pm

    အခုခေတ်ကလူတွေကပေါ်ပြူလာဖြစ်ချင်တဲ.သူတွေကအရမ်းများလာပြီလေ။ သူထက်ငါကဲမယ်ဆိုတဲ.သူတွေကြီးပဲ။ ပြည်သူတွေကိုအများဆုံးဖျက်ဆီးနေတဲ.သူတွေအများစုကအနုပညာအသိုင်းအဝိုင်းကလူတွေတော်တော်များတယ်။ အကုန်လုံးကိုပြောတာမဟုတ်ဘူးနော်။ တချို.ဗမာကားတွေဆိုရင်စကားပြောတွေ၊ ပြက်လုံးတွေကအင်မတန် ကြောက်စရာကောင်းတယ်။ သူများနိုင်ငံကရုပ်ရှင်တွေကသူ.စည်းကမ်းနဲ.သူရှိတယ်။ ဥပမာ family ကြည်.တဲ.ကားဆို သက်သက်ပေါ.ဗျာ။ ဒီမှာတော.ဒီလိုမဟုတ်ဘူးစည်းကမ်းမရှိဘူး။ ဟာသကားတွေကအဆိုးဆုံးပဲ။ အင်မတန် အကျင်.ပျက်စေတဲ.စကားလုံးတွေကိုပဲသုံးထားတယ်။ အဲဒီကားတွေကိုကြည်.တဲ.သူတွေထဲမှာအရွယ်သုံးပါးစလုံးပါတယ်။ sex နဲ.ပက်သက်တဲ.ပြက်လုံးတွေချည်းပဲ။ ကြည်.ရတဲ.သူတွေတောင်ရှက်တယ်။ ဒီလူတွေတကယ်ပဲ တခြားပြက်လုံးတွေမပြက်တက်တော.ဘူးလား။စည်းကမ်းကိုမရှိဘူး၊ လူအသိုင်းအဝို်င်းမှာနေပြီးလူ.စည်းကမ်းကိုနားမလည်ဘူးဆိုရင်တော.လူလို.သတ်မှတ်လို.မရဘူး။ ကြည်.တဲ.သူတွေကလည်းဘာမှဦးနှောက်မရှိဘူး။ ဘာပဲပြက်ပြက်တခွိခွိနဲ.ရယ်နေကြတာပဲ။ အတွေးခေါ်နိမ်.တဲ.သူတွေအရမ်းများလာပြီလေ။ ပြောရတာဝမ်းနည်းပါတယ်ဗျာ အနာဂတ်လူငယ်တွေအတွက်လေ……

    Reply

  • sayargyi

    October 25, 2010 at 1:07 pm

    အခုခောတ်မင်းသမီး(အချို့အဆိုတော်)တော်တော်များများကိုကြည့်ရတာ ဈေးကြီးကြီး(….)တွေကိုကြည့်နေရသလိုပါဘဲ။အဲဒီတော့အားပေးတဲ့သူတွေရဲ့အဆင့်အတန်းပါနှိမ့်သွားသလိုပါဘဲ..အနှပညာလောကတခုလုံးအတွက်လဲ(….)လောကဖြစ်သွားသလိုပါဘဲ..ဥပမာ..မ ဟ က

    Reply

  • fatty

    October 25, 2010 at 1:31 pm

    တိုင်းပြည်တခု အပြောင်းအလဲ ဖြစ်ခါနီး ..ဒါမှမဟုတ် အလုပ်ရှုတ်နေကြချိန်ဟာ … လုပ်စားသူတွေအတွက်အခွင့်အရးပါဘဲ။ အဲဒါကို အမိအရကိုင်ကြတာပါ။

    Reply

  • naywoonni

    October 25, 2010 at 1:51 pm

    ပြောတဲ့သူတွေကဘာပဲပြောပြောသူတို့ကိုပြောနေတာမဟုတ်သလိုပဲ
    လုပ်ချင်ရာလုပ်နေကြတာ…..
    တစ်ခါတစ်လေကျတော့….သူတို့ကိုကြော်ငြာပေးနေသလိုတောင်ဖြစ်ဖြစ်သွားရသေးတယ်
    မကြည့်မိလိုက်တဲ့သူကဟုတ်ပါ့မလားဆိုပြီးပြန်ရှာကြည့်ပြန်ရှာဖတ်နဲ့
    သူတို့ကိုပညာပေးဖို့နည်းပညာတစ်ခုတော့လိုနေပြီ

    Reply

  • PaukPhaw

    October 25, 2010 at 2:21 pm

    D design လောက်နဲ ့တော့
    တို ့က လွန်တယ်လို ့သတ်မှတ်သေးပါဘူးဂျာ..
    သူ ့ထက်လန်းတာတွေအများကြီးရှိသေးလို ့

    Reply

  • unclegyi1974

    October 25, 2010 at 4:30 pm

    အခုဖြစ်နေတာအားလုံးရဲ့တရာခံဟာ နဝတ ပါ
    အရင် မဆလ ခေတ်က ခိုင်ခင်ဦး စတိတ်ရှိုးမှာ
    ဂါဝန်အတိုလေးနဲ့ဆိုတာ ကင်မရာမင်းကအောက်ကပင့်ရိုက်
    လိုက်တာ အခုခေတ်လိုပင့်မရိုက်ဘဲနဲ့အကုန်ပေါ်နေတာ
    မဟုတ်ပါဘူး ဒါတောင် ရုပ်ရှင်ရိုက်တာအပိတ်ခံရပါတယ်
    နောက်ဘယ်မင်းသမီးမှ အဲလိုမဝတ်ရဲတော့ပါဘူး
    အခုကလုံးဝခွင့်ပြုထားတယ်လေ
    ဝတ်တဲ့လူ လုပ်စားနေတဲ့လူတွေကိုပြောနေစရာကိုမလိုတော့
    ဘူးလို့ထင်ပါတယ်

    Reply

    • suzuki

      October 25, 2010 at 6:44 pm

      unclegyi1974, ခင်ဗျား နဝတ ကိုမကောင်းပြောတာ လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံး စုတ်ပြတ်သတ်ကျေမွအောင် ကနဦးအစ လုပ်ခဲ့တဲ့ မဆလ ကိုမသိမသာ ချီးကျူးသလိုကြီးဖြစ်နေတာ တော့ လက်မခံနိုင်ပါ။ လီကွမ်ယုပြောခဲ့တဲ့ (There are no new building, i saw in Rangoon) ဆိုတဲ့ စကားကို အခုထက်ထိ မှတ်မိနေပါသေးတယ်။ Personal ထိခိုက်သလိုဖြစ်သွားရင် ခွင့်လွှတ်ပါ။ တခြားဘာရည်ရွယ်ချက်မှ မပါရှိပါခင်ဗျား။

      Reply

  • thidakywewa1

    October 25, 2010 at 5:20 pm

    အခုမှ တွေတာလားကွာ…….ကြာလှပေါ့ ..အများကြိးပဲ…သူတစ်ယောက်ထဲမဟုတ်ပါဘူး………………

    Reply

  • kai

    October 25, 2010 at 7:08 pm

    ကျုပ်ထင်တာတော့လေ..
    ၁)မြန်မာပြည်မှာ… ပြည်တန်ဆာကို..နေရာသတ်မှတ်ပြီး..တရားဝင်လိုင်စင်နဲ့ခွင့်ပြုလိုက်ရင်…
    ၂)ပလေးဘွိုင်းလိုစာအုပ်မျိုး ထုတ်ခွင့်လိုင်စင်နဲ့ပေးလိုက်ရင် ..တော်တော်ပြီးသွားမဲ့ကိစ္စတွေလို့ ထင်ပါတယ်..။

    အဲလိုဥပဒေမရှိတော့..။
    ဆယ်ရီဘရိတ်တီတွေရယ်.. ဖြတ်လမ်းလိုက်လိုသူတွေရယ်က..အရောရောအထွေးထွေးတွေကြားမှာ. ဟိုက်အန်းဈေးကွက်တားဂက်ထားပြီး… အန်တာတိန်းလုပ်နေရသလိုဖြစ်ရော..။
    မိန်းမကောင်းတွေပါ ထိခိုက်ကုန်တာပေါ့..။

    Reply

  • meelay

    October 26, 2010 at 4:27 am

    ကြည့်ဖြစ်တဲ့ စာစောင်တွေထဲမှာ 8Days နဲ့ Now က အဆိုးဆုံးပါပဲ။ အဲလိုပုံတွေ ထုတ်ဝေခွင့်ပြုတဲ့ စာပေစိစစ်ရေးကိုလဲ အံ့ဩမိပါတယ်။

    Reply

  • zawana

    October 26, 2010 at 8:57 am

    မြန်မာနိုင်ငံ စာပေစိစစ်ရေး ဆိုတာကတော့ဗျာ. သူတို့တွေကို ဝေဖန်ပုတ်ခတ်တာ(နိုင်ငံရေးပါအဝင်) ကလွဲလို့ ဘာလုပ်လုပ် ရတဲ့ ပုံစံမျိုးပဲ ထင်ပါရဲ့ …

    Reply

  • aww

    November 2, 2010 at 3:55 am

    အော်အော် ဟုတ်လား လွန်တယ်ပေါ့ ကျွန်တော်ကတော့လွန်တယ်မထင်ပါဘူး ခင်ဗျားတို့ကပါးစပ်ကသာပြောနေတာ ကြည့်တာတော့ကြည့်တာပဲမဟုတ်လား အဲ့လိုတရားပေါက်သလိုလို
    ပြောနေတဲ့သူတွေကပိုဆိုးတယ်

    Reply

    • Chrysanths

      November 8, 2010 at 8:59 am

      ဟုတ်ပ.. ပါးစပ်က ဘုရား ဘုရား လက်က ကားယားကားယား ဆိုတဲ့သူတွေ အများကြီး.. (ကိုယ်မဟုတ်ရင် မနာနဲ့နော်) ဟဲဟဲ

      Reply

  • up to date

    November 4, 2010 at 3:58 pm

    ဟုတ်ပါ့ဗျာ အဲ့လောက်လဲမဟုတ်ပါဘူး အနုပညာမျက်စိနဲ့ကြည့်ကြပါ ဒိတ်အောက်လိုက်တဲ့အမြင်တွေ
    ဒါကြောင့်လဲမတိုးတက်တာ သူများဆိုမကောင်းပြောဖို့လောက်ပဲသိတယ်
    ဒီလိုလူတွေကြောင့်လဲမတိုးတက်တာ ကဘာနဲ့ရင်ပေါင်တန်းပီးကြည့်ရင်ဒါခေတ်နောက်ကြသေးတယ်
    ကြည့်တဲ့လူကိုတိုင်ကတဏှာမျက်စိနဲ့ကြည့်လို့ရိုင်းတာ အနုပညာမျက်စိနဲ့ကြည့်ရင် ဘာမ မဖြစ်ဘူး
    တော်တော်မကောင်းတဲ့လူတွေ သူများကိုဝေဖန်ဖို့ပဲသိတယ် ကိုယ့်ကိုကိုလဲပြန်ကြည့်အုန်း သူများလိုမလှလို့အဲလိုမရိုက်ရဲကြတာများ စိတ်လေတယ် တောအမြင်တွေနဲ့

    Reply

  • kopauk mandalay

    November 4, 2010 at 4:29 pm

    (တောအမြင်တွေ)
    ဒါလေးကတော့ တစ်ဘက်သတ်ကျတယ်လို့ ထင်ပါတယ်။
    နိုင်ငံတစ်ခုနဲ့တစ်ခုယဉ်ကျေးမူ့ခြင်းမတူကြပါဘူး။
    အခုဓါတ်ပုံထဲကပေါ်တာလောက်လေးက နိုင်ငံခြားမှာဆိုရင် ရီတာပေါ့။
    အမြဲလုံလုံခြုံခြုံဝတ်ပြဘို့ ယဉ်ကျေးမူ့အရ ကန့်သတ်ထားတဲ့အာရှမှာတော့ ဝိုင်းကန့်ကွက်ကြတာပေါ့။
    ဒါက လူမျုးိယဉ်ကျေးမူ့နဲ့ဆိုင်ပါတယ်။
    ခပ်ရိုင်းရိုင်းခပ်ကြမ်းကြမ်းလေး ပြောရရင် ခြင်ထောင်ထဲမှာ နှစ်ကိုယ်တူတွေ့ကြရင် ဘယ်သူမှ အဝတ်မပါတာမဆန်းပါဘူး။
    ဒါပေမယ့် လူတောထဲနေရင်တော့ လူလိုဝတ်ရမှာလုံခြုံအောင်ဝတ်ရမှာအမှန်ပါဘဲ။
    လူအမြင့်တင့်တယ်အောင်နေခြင်း မမြင်သင့်တာကို ဖုံးကွယ်ထားခြင်းဆိုတာက တော့ လူ့ယဉ်ကျေးမူ့နဲု့ ဆိုင်ပါတယ်။
    ချွတ်ပြတိုင်း မလှတာကတော့ သေချာပါတယ်။
    ချွတ်ပြတာနဲ့ နိုင်ငံတကာရင်ဘောင်တန်းနိုင်တာ တစ်ခြားစီပါဘဲ။
    ဖုံးကွယ်ခြင်းကလဲ အလှတစ်ပါးထဲမှာပါပါတယ်။

    အာရှမှာ အထူးသဖြင့် မြန်မာပြည်မှာ တော့ ဒီကိစ္စကိုပိုပြီး အလေးထားကြပါတယ်။
    ဒါကိုတောကျတယ်ပြောရင်လဲ ပြောပေတော့ ။
    အပြင်မှာလဲ ဒီလိုဘဲဝတ်ကျတာဘဲလို့တော့ ပြောရင်ရပါတယ်။
    ဒါပေမယ့် ဒီလိုအပြင်အရပ်သူတွေဝတ်ရဲလာအောင် စာမျက်နှာထက်ကနေ ဝတ်မပြသင့်ပါဘူး။
    ဒါကတော့ ကျနော်အမြင်ကိုပြောပြတာပါ။
    မရှက်လို့ဖော်ရဲတဲ့သူဖော်ရင် ကျနော်တို့က ဘာလို့မကြည့်ရဲရမှာလဲ ။
    အခုဟာက ဒါမျုးိတွေကို စာမျက်နှာထက်မှာ မတင်သင့်ဘူးလို့ပြောနေကြတာပါ။

    Reply

  • ဆူး

    November 5, 2010 at 3:48 pm

    တဏှာ မျက်စိနဲ့ အနုပညာ မျက်စိ ဘယ်လို ခွဲသလဲ.. အနုပညာ ဆိုတဲ့ အသုံးကြီးနဲ့.. အခု တလော မင်းသမီးတွေ အဝတ်မပါဘဲ.. ကင်မရာထဲမှာ ပါလာကြတယ်.. ဘာလဲတော့ မသိပါဘူး..
    အနုပညာ ဆိုတဲ့ အပြောနဲ့… လမ်းပေါ်မှာ မိန်းမငယ်လေးတွေ မပေါ်တပေါ်နဲ့ ဘစ်ကားတွေ တိုးစီးပြီး အဆင်းအတက် လေတိုးလို့.. ခပ်တုံးတုံး တော စကားနဲက ပြောရရင် တလောကလုံးကို ဓါတ်ပုံ ရိုက်လိုက်တယ်.. ဒါလည်း မသိဘူး.. မြင်တဲ့ လူကလည်း မြင်သွားတာဘဲ.. ဒါလည်း အနုပညာ ခေါ်မလားဘဲ..
    အနုပညာ ဆိုလို့. အခုတလော ကြေညာ တခု မြင်နေမိတယ်.. PEP low fat နို့မှုန့်ကြေညာမှာ.. အိန္ဒြာကျော်ဇင် တယောက် ဖင်ကြီးကောက်ပြီး အခန်းပေါက်ဝမှာ ရပ်နေပြီး ဟိုလို လှည့်ပြီး ဖင်ပေးလိုက် ဒီလို လှည့်ပြီး ဖင်ပေးလိုက်.. ကိုယ်ဟန်ပြပြီး အချိုးအစား စီတီမီတာက အစ စာတမ်းထိုးပေးလိုက်သေးတယ်.. ဒီနို့မှုန့်သောက်လို့ ဒီအချိုးနဲ့ လှနေတာတဲ့.. ကြည့်တဲ့ တခြား ပရိတ်သတ်တော့ မသိဘူး ဆူး ရဲ့ တောမျက်စိနဲ့.. တော်တော် အံမဝင်ဘူး.. ယောကျားယူခါနီး ရုပ်ကလည်း ကျနေတော့ နောက်ဆုံး ဝင်ငွေလေး ရှာသလားတောင် ထင်ရတယ်.. အနုပညာ ဝင်ငွေလေးပေါ့..
    အနုပညာ မျက်စိနဲကတော့.. မိုးဟေကိုလည်း လိုးရှင်းလူးတာ လှတကွဲ့.. မော်ဒယ်တွေ ကိုယ်လုံးချွှတ် ပန်ချီ အဆွဲခံတာလည်း လှသကွဲ့.. ဒါနဲ့.. ကိုယ်လုံး ချွတ် တယ်ဆိုမှတော့.. အရှက်တရား ဆိုတဲ့ ထိန်းသိမ်း စောင့်ရှောက်မှု မရှိလို့များလား.. အရှက်ထက် အနုပညာ ကများ သာသွားလေသလား.. တခုတွေးမိတာ ရှိတယ်.. ဆင်ရိုင်းတွေ ဖမ်းမိရင် ကြိုးနဲ့ မလှုပ်နိုင်အောင် တုတ်ပြီး ဆင်တွေကို နေရာလွတ်မကျန် ထိပြီး ကိုင်ပေးရတယ်တဲ့.. နေရာတနေရာများကျန်ခဲ့ရင် ဆင်က ယဉ်သွားလဲ အဲဒီ မထိဘူးတဲ့ နေရာကို ထိမိရင် ဆင်က ဒေါကန်တယ်တဲ့.. ဆင်များ ယဉ်သွားအောင် ဟိုကိုင်ဒီကိုင် နေရာအနှံကိုင်ပေးထားတော့ ဆင်များ လူတွေ အတွက် အနှောက်အယှက် မပြုတော့ဘူး.. အနုပညာ အမြင်တွေ ဖော်ထုတ်နိုင်ဖို့ မင်းသမိးတွေများ.. ဆင်တွေလို ယဉ်ပါးအောင်ပြုခံရတဲ့ လေ့ကျင့်ခန်းများ လုပ်ဘူးလေးသလား တွေးမိတယ်.. ကင်မရာရှေ့ ပန်ချီဆရာရှေ့… အေးဆေးဘဲ.. မျက်နှာတချက် မဖြုံ ပေါ်ပေါ်ထင်ထင်.. လုပ်နိုင်တာ ဆိုတော့… တော်ဆန်လို့.. အနုပညာ ကို နားမလည်တာ ဖြစ်မှာပေါ့..

    Reply

  • up to date

    November 6, 2010 at 5:44 pm

    ဒီလိုတောမျက်စိတွေနဲ့ပဲ
    ဟိုမချွတ်ရဒီမချွတ်ရနဲ့ မစ်ယူနီဗာ့စ်တောင်ဝင်ပြိုင်လို့မရဘူးလေ မြန်မာတွေစံချိန်မမှီဘူးဘာဘူးဖြစ်ရတယ်
    အဲဒါကမှရှက်ဖို့ကောင်းတာ ပီးတော့ဟိုလူဝေဖန်ဒီလူဝေဖန်နဲ့ မရှက်ကြဘူးလား သူများမင်ကလာဆောင်တာတွေ ရုပ်ကျတာတွေပိုက်ဆံရှာတာတွေမပြောသင့်ဘူး အနုပညာသမားတွေဆိုတာဒီလိုပဲဆေးစက်ကျရာအရုပ်လုပ်ရတာပဲလေမင်းတို့ ရှကိရင်မကြည့်ကြနဲ့လေ…ကိုယ်ချင်းစာပါ မင်းတို့အပန်းပြေအောင်သူတို့ပဲလုပ်ပေးတာလေ ကျေးဇူးမကန်းကြနဲ့

    Reply

    • ဆူး

      November 7, 2010 at 2:40 am

      မစ်ယူနီဗာစ် တွေ မရှိလို့ စိတ်မကောင်း ဖြစ်မယ်ဆို မစ်ယူနီဗာစ်တွေ ရှိတဲ့ တိုင်းပြည်မှာ ပြောင်းနေသင့်တယ်.. ဒါမှ ဂုဏ်ရှိမှာပေါ့။

      Reply

  • ဆူး

    November 7, 2010 at 2:30 am

    တီဗွီဆိုတာ စာအုပ်မဟုတ်တော့ ကျော်ဖတ်လို့ မရဘူး.. မှတ်ထား ချာတိတ်ရေ..
    မမြင်ချင်လည်း လာနေရင် ကိုယ်ကြည့်နေတဲ့ အစီအစဉ်အတွက် မဖြစ်မနေ ကြည့်ရတယ်

    Reply

    • up to date

      November 9, 2010 at 4:21 pm

      ဆူးကတော်တော်ဒိတ်အောက်နေဘီဟ
      အခု အီးဗွီဒီ ပဲကြည့်တော့တာလေ ကျော်ချင်သလိုကျော်လို့ရနေဘီ သိပ်ပီးလဲတောမကြနဲ့ပေါ့ဗျာ..

      Reply

  • cobra

    November 7, 2010 at 9:13 am

    မ..ဆူးကသူများကိုပြောဖို ့ဆိုရင်တော်တော်ပြောတတ်တယ်နော်..။

    Reply

    • etone

      November 8, 2010 at 8:13 am

      cobra ရေ … ဆူးပြောတာလဲဟုတ်နေတာပဲလေ ။ သူများဆိုတော်တော်ပြောတတ်တာမဟုတ်ဘူး ။ ပြောချင်အောင်ရေးနေတော့လည်း သူလည်း သူ့စိတ်ထဲရှိတာပြောတာပဲ ။
      မြန်မာ့ယဉ်ကျေးမှူနဲ့မအပ်စပ်တဲ့ပုံတွေကို မပိတ်ပင်ပဲ ထုတ်ဝေခွင့်ပေးတာ အံ့ဩလောက်ပါရဲ့ … မီဒီယာတွေကကိုယ့်အကျိုးစီးပွားအတွက်ကိုပဲကြည့်ပြီး ဒါမျိုးတင်တာ အတုမြင်အတတ်သင်တတ်တဲ့ကလေးတွေအတွက် ရင်လေးစရာပဲ ။

      Reply

  • Maung Dae`

    November 8, 2010 at 10:08 am

    ကျွန်တော်ဟိုတယ်မှာလုပ်တုန်းက အင်္ဂလန်လူမျိုး အဖွားကြီး တစ်ယောက်နဲ့တွေ့ဖူး တယ်.. သူက မြန်မာနိုင်ငံကို ကျွန်တော်တို့မမွေးခင်ကတည်းက ခဏခဏရောက်ဖူးတယ်.. မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကို အရမ်းသဘောကျခဲ့တယ်တဲ့.. အဲ့ဒါကိုကြည့်ချင်လို့ကိုတကူးတကလာခဲ့ တယ်တဲ့.. သနပ်ခါးလိမ်းပီး ဆံပင်ရှည်ရှည်နဲ့ ခြေမျက်စိဖုံးအောင်ဝတ်ထား တဲ့လုံချည်၊ ရင်ဖုံးအကျင်္ီဝတ်ထား တဲ့မြန်မာမလေးတွေကိုကြည့်ပီး ကိုယ့်နိုင်ငံရဲ့ Culture ကိုထိန်းသိမ်းကြတယ်ဆိုပီး လေးစားမိတယ်တဲ့.. ဒါပေမယ့် အခုတစ်ခေါက် (၂၀၀၉ ခုနှစ်) ရောက်တော့ သူတော်တော်ဝမ်းနည်းမိတယ်တဲ့.. မြန်မာ မိန်းကလေးတွေဟာ အများကြီးပြောင်းလဲကုန်ပီတဲ့… အခြားသောအရာတွေ ရဲ့လွှမ်းမိုးမှုကိုခံနေရပီတဲ့…
    ကျွန်တော်လဲ.. Yes, Of course ကလွဲလို့ဘာပြောနိုင်မှာလဲ..

    အဲ့သည်ကနေမှ ထီဆိုင်ကြော်ငြာတွေ… အရက် ကြော်ငြာတွေလဲတွေ့ရော.. သူတော်တော်အံ့ဩသွားပီးတော့.. ဒါဘယ်နိုင်ငံက မော်ဒယ်လ်တွေလဲတဲ့.. ယိုးဒယားကလားတဲ့… ကျွန်တော်လဲဂုဏ်ယူဝံ့ကြွားစွာပြောလိုက်ပါတယ်.. ဒါ မြန်မာမော်ဒယ်လ်တွေပါလို… အဲ့သည်မှာသူပြောသွားတယ်.. ခေတ်ရှေ့ရောက်တိုင်းမကောင်းဘူးတဲ့… ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်တယ်တဲ့… ဒီလို celebrityတွေ ကဒီလိုဝတ်ပြနေမှတော့ ကျန်တဲ့ မြန်မာမိန်းကလေးတွေ လိုက်ဝတ်တာ မဆန်းပါဘူးတဲ့… မင်းတို့ အစိုးရက ဒါကိုမတားဆီးဘူးလားတဲ့… သူတို့က ဒါတွေကို မမြင်ကြဘူးလားတဲ့..

    ကျွန်တော်လဲ Yes, Of course ကလွဲလို့ ဘာပြောနိုင်မှာလဲ…

    Reply

  • cherrywine

    November 8, 2010 at 10:44 am

    သူများပြောလည်း ပြောချင်စရာတွေကဖြစ်တာပေါ့။စာပေစိစစ်ရေးက နည်းနည်း
    တော့ စီစစ်သင့်တယ်ထင်ပါတယ်။အာဏာနဲ့တားလိုက်ရင် ဘယ်သူလှုပ်ရဲပါ့မလဲ။
    ခေတ်နဲ့ညီအောင်နေတာကောင်းပေမဲ့ ကိုယ့်ယဉ်ကျေးမှုကိုလည်းမမေ့ရင် ကောင်းမယ်ထင်ပါတယ်။

    Reply

  • meelay

    November 8, 2010 at 10:57 am

    Chrysanths, up to date ရေ ဘာဖြစ်လို့ အဲလောက်တောင် နာနေကြရတာလဲ၊ ဘာလဲ သူတို့ လုံလုံခြုံခြုံ ဝတ်လိုက်ရင် မကြည့်လိုက်ရမှာဆိုးလို့လား၊ ခေတ်မှီတယ်ဆိုတာက အဲလိုဝတ်မှ ခေတ်မှီတာ မဟုတ်ဘူး။ မစ္စယူနီဗာစ်ဆိုတာကလဲ အဲလိုဝတ်မှ ဝင်ပြိုင်လို့ရတာမဟုတ်ဘူး။ ပညာတတ်ဖို့လဲလိုတယ်။ လူထု ဦးစိန်ဝင်းရေးတဲ့ ဆောင်းပါးထဲမှာလိုပေါ့ – အနုပညာသမားတွေ နိုင်ငံခြားခရီးထွက်တာ ဈေးဝယ်ဖို့သက်သက်ပဲတဲ့။ ပညာတော်သင်သွားဖို့ဆိုတာ မကြားဖူးဘူးတဲ့။ နောက်မှ အဲဒီဆောင်းပါးရှာပြီး တင်ပေးအုံးမယ်

    Reply

  • meelay

    November 8, 2010 at 10:58 am

    မြန်မာပြည်က အနုပညာရှင်တွေ မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူလူထုတွေကို ဘယ်လောက်လှူလိုက်ပါတယ်ဆိုတဲ့ သတင်းရော ဖတ်ဖူးကြရဲ့လား

    Reply

  • love empress

    November 8, 2010 at 2:53 pm

    ခေတ်ရှေ့ပြေးချင်တာကိုခုတုံးလုပ်ပြီးတော့ဖော်ချွတ်နေကြတာပါ အမှန်တကယ်ဆိုတို့အရှေ့တိုင်းကရှေ့ရောက်ပြီးသားအလိုလိုနေရင်း
    နေဆိုလည်းထွက်ရင်တို့အရင်မြင်ရတယ် အနောက်နိုင်ငံကရှယ်ဟေ့ဆိုတဲ့ကုန်ချောဆိုတာကလည်းတို့အရှေ့နိုင်ငံတွေကကုန်ကြမ်းဆိုတာကနေဖြစ်လာတာပါ
    မြင်တတ်ရင်ဘဝင်သပ်စရာပါကွယ် အရမ်းလည်းရှေ့မရောက်ချင်ကြပါနဲ့ မှောက်ထိုးလဲမှခက်ကုန်မယ်

    Reply

  • naywoonni

    November 8, 2010 at 3:28 pm

    နှစ်ချို့ဝိုင်နဲ့ဖန်ခွက်သစ်ဆိုတာမကြားကြဖူးနဲ့တူတယ်။
    အနှစ်သာရယဉ်ကျေးမှုကနှစ်ချို့ဝိုင်နဲ့တင်စားတာပါ။ဝိုင်ဆိုတာကြာလေတန်းဘိုးရှိလေ(ပြောသာပြောနေတာပါ….
    ဝိုင်ကောင်းကောင်းသောက်ဖူးတဲ့သူကောပါရဲ့လားမသိဘူးနော်)ဖန်ခွက်သစ်ဆိုတာကတော့အပြင်ဘန်းခြယ်သ
    မှုပါ
    ခုရောက်နေတဲ့ရေစီကြောင်းထဲမှာယဉ်ကျေးမှုဆိုတဲ့ခါးဝတ်ကျွတ်ပါမသွားဖို့အရေးကြီးပါတယ်..။။ဘာမှမပါတာကမှအနုပညာဆိုရင်တော့ပြောတဲ့သူရဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဘာမှမပါပဲနဲ့အခွေတစ်ခွေလောက်
    ရိုက်ထုတ်ကြည့်ပါ့လား…………….အနုပညာမျက်စိနဲ့ပဲအားပေးပါ့မယ်……..။။မင်းသားလိုရင်လည်းပြောပါ
    အခမဲ့သရုပ်ဆောင်ပေးမဲ့သူတွေရိုက်သတ်လို့မကုန်အောင်ထွက်လာပါလိမ့်မယ်………

    Reply

  • up to date

    November 9, 2010 at 4:26 pm

    တော်တော်ဒုန်းဝေးကြတာပဲ အိုင်ကျူမမှီကြဘူးလားကွာ ကြိုးစားကြအုန်း ဒီလိုရေးကြတဲ့သူတွေကကော ထမီနဲ့ရင်ဖုံးနဲ့ဝတ်ကြလို့လား ယောက်ကျားတွေကကောပုဆိုးနဲ့ တိုက်ပုံဝတ်ကြလို့လား စဉ်းစားကြပေါ့ကွာ ရေလဲလုပ်တဲ့အချိန်ဝတ်တာကိုတော့မပြောနဲ့နော် ဟဟဟဟ

    Reply

  • draungkyawkyawoo

    November 10, 2010 at 2:09 am

    မြန်မာ့ယဉ်ကျေးမှူနဲ့ဆန့်ကျင်နေတာတော့အမှန်ပါပဲ ။ လူဆိုရင် အရှက်လုံအောင်ဖုံးကြပါတယ် အသိဉာဏ်ရှိလို့ပါ ။ တိရိစာ္ဆန်တွေကသာ ရှက်ရမှန်းမသိလို့ အဝတ်မဝတ်ကြတာ ။ သဘောထားကွဲလွဲတဲ့လူတွေ ထမီနဲ့ ရင်ဖုံးမဝတ်ပေမဲ့ ကိုယ့်အရှက်လုံအောင် ထိန်းရကောင်းမှန်းတော့သိပါတယ် ။ မဖော်ပြသင့်တာမပြကြပါဘူး ။ ဒီမင်းသမီးလိုဝတ်မှခေတ်မီတယ်ထင်ရင် ကိုယ့်အိမ်မှာရှိတဲ့ အမျိုးသမီးတွေကို ပဲအရင် စမ်းဝတ်ခိုင်းကြည့်လိုက်ပါလား ။

    Reply

  • သူရဇော်

    November 10, 2010 at 3:38 am

    ဘာပဲပြောပြော စိတ်ချရအောင် ရှေ့တည့်တည့်မှာ ထိုင်ကြည့်တယ်

    Reply

  • Tsuper

    November 10, 2010 at 6:32 am

    Celebrities တွေထဲမှာမြန်မာ Celebrities တွေက အတုခိုးအမြန်ဆုံးဘဲ။ နိုင်ငံခြားကမဟုတ်တာဆိုခိုးချတယ်။ လူထုအတွက် ပညာပေးဖို့မပြောနဲ့- သူတို့အတု မခိုးဖို့ပြန်ပြောနေရတယ်။

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.