Nam Tso Lake (or) Heaven Lake နမ်ဆို (သို့) နတ်ရေကန်

weiweiOctober 22, 20103min03

ေေ

Lhasa မြို့ကနေ ၄ နာရီလောက် ကားနဲ့သွားရတယ့်နေရာတစ်ခုပါ။ တိဗက်လူမျိုးတွေရဲ့ ဘာသာရေးမှာ အထွတ်အမြတ်ရေကန် (၃) ခုထဲက တစ်ခုဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၇၀ဝ ကျော်မှာ တည်ရှိနေလို့ ကမ္ဘာ့အမြင့်ဆုံးနေရာမှာတည်ရှိနေတယ့်ရေကန်ဖြစ်ပြီး တရုတ်ပြည်ရဲ့ဒုတိယအကြီးဆုံး ရေငံတယ့်ရေကန်အမျိုးအစားဖြစ်ပါတယ်။ ပြာလဲ့နေတယ့်ရေအရောင်နဲ့ ကောင်းကင်ကိုမြင်လိုက်ရတယ့်သူတိုင်း သဘာဝတရားရဲ့ အံ့မခန်းဖြစ်မှုကို မချီးကျူးပဲကို မနေနိုင်ကြဘူး .. သူတို့တွေက အဲဒီကန်ထဲကရေကို အသန့်ရှင်းဆုံးလို့ သတ်မှတ်ထားကြတယ်။ အဲဒီရေကန်ထဲ ဆင်းခွင့်မရှိဘူး။ မြင့်မြတ်တယ့်နေရာသတ်မှတ်ထားလို့ ခြေထောက်နဲ့ရေနဲ့ ထိခွင့်မရှိဘူး။ ဆောင်းရာသီမှာရေခဲနေလေ့ရှိပြီး နွေရာသီစတင်တယ့် မေလမှာမှ အရည်ပျော်ပြီး အခုလိုအနေအထားကိုမြင်တွေ့နိုင်ပါတယ်။ နွေရာသီဆိုပေမယ့်လည်း အမြင့်ဆုံးအပူချိန်က ၁ဝ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ပဲရှိလို့ အနွေးထည်ထူထူဝတ်ထားရပါသေးတယ်။ ပုံထဲက မြင်ရတယ့် တောင်လေးနဲ့အလံလေးတွေကတော့ ဘုရားကျောင်းပါ (နံမည်မမှတ်မိတော့ပါ)။ သူတို့တွေကတော့ ကမ္ဘာ့အမြင့်ဆုံးနေရာမှာ နေရတယ့်အတွက်ရယ် ထူးခြားတယ့် သဘာဝတရားတွေပိုင်ဆိုင်တာရယ်ကြောင့် ဘာသာရေးမှာ အယူသည်းကြသလို သူတို့ကိုယ်သူတို့လဲ မြင့်မြတ်တယ့်သူတွေလို့ ယူဆထားကြပါတယ်။ တံတားလေးနဲ့ရောင်စုံအလံတွေကတော့ လမ်းမှာတွေ့တာကို မှတ်တမ်းတင်ထားပါ။ တချို့တောင်ထဲက ရေခဲတွေမပျော်ဘဲရှိနေတာကို အဝေးကနေမြင်ရပါတယ်။ နောက်တစ်ခါတင်ရင် နောက်ထပ် ဒုတိယမြောက် ထင်ရှားတယ့်ရေကန်အကြောင်း ထပ်တင်ပေးပါအုန်းမယ်။ လှပတယ့်ရှုခင်းများကြည့်ရင်း မျက်စိအပန်းပြေနိုင်ပါစေ ….

3 comments

  • kai

    October 22, 2010 at 8:04 am

    အကောင်တွေကြည့်ရင် အေးတာသိနိုင်ပါတယ် ပြောရမလား? အမွှေးတွေရှည်ကြတာကိုး..။
    တိဘက်မှာ အရောင်စုံအဝတ်စတွေလွှင့်ထားတာ တော်တော်များများ မြင်ဖူးတယ်..။အခုလည်း တွေ့ပြန်ပြီ။
    အလံပေါ့..။
    အဲဒါတွေကတော့ နည်းနည်းမျက်စိရှုပ်မိသလိုပဲ..။
    ဘာပဲပြောပြော..ဓါတ်ပုံတွေကြည့်ရတာ…သဘာဝတရားရဲ့ကျယ်ပြန့်မှုကို ဖတ်ရသလိုပဲ..။
    ကျေးဇူးပါ။

    Reply

    • weiwei

      October 22, 2010 at 2:52 pm

      အဲဒီလိုနွားတွေရဲ့ အသားတွေကို စားကြတယ် … အသားခြောက်လဲလုပ်တယ် … အမဲဆီလုပ်ပြီးသုံးတယ် … ထောပတ်တုံးတွေလိုပဲ အခဲလိုက်ရောင်းကြတယ် .. အဲဒီဆီတွေနဲ့ ဘုရားကျောင်းတွေမှာ ဆီမီးထွန်းကြတယ် … သူတို့ကိုယ်တွေမှာ အဲဒီအဆီနံ့တွေစွဲနေတယ် … ကျွန်မတို့ဘုရားကျောင်းထဲ ခဏပဲဝင်လည်ကြတာတောင်မှ အနွေးထည်တွေမှာ အဲဒီဆီအနံ့တွေစွဲလာတယ် .. ငရုတ်သီးအစပ်ကို တော်တော်စားကြတယ် … သူတို့ဘာသာဝင်တွေက ရေထဲကသတ္တဝါတွေကို မစားကြဘူး .. ဘာလို့လဲလို့မေးကြည့်တော့ အဲဒီအကောင်တွေကိုစားရင် သေရင်ငရဲပြည်ကိုရောက်မယ်လို့ ယုံကြည်ကြလို့ပါတယ့် … ဒါပေမယ့် သူတို့တွေနေတယ့်မြို့ကတော့ တိုးတက်ထွန်းကားပါတယ် … စတိုးဆိုင်အကြီးကြီးတွေ … ဆက်သွယ်ရေးစနစ် … ဘဏ်စနစ်နဲ့ လမ်းတွေကတော့ ပြည်မဘက်ကနဲ့ အတူတူပါပဲ … ဈေးနှုန်းလဲ သက်သာပါတယ် …

      Reply

  • neiai

    November 2, 2010 at 5:36 pm

    သဘာဝတရားက အံ့ဩစရာကောင်းတယ်။ ပုံတွေကူးထားလိုက်တယ်။ ကျေးဇူးတင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.