တရုတ်တွင် မိုင်းတွင်း ပေါက်ကွဲမှုကြောင့် ၂၆ ဦးတိမ်းပါး၊ ၁၁ ဦး ပိတ်မိ

ဂ်စ္စူOctober 22, 20101min00

ချီလီနိုင်ငံ ဆန်းဂျို့စ်မိုင်းတွင်း ပြိုကျမှုတွင် ၆၉ ရက်ကြာ ပိတ်မိနေ ခဲ့သော မိုင်းသား ၃၃ ဦး ကိုအောင် မြင်စွာ ကယ်တင်နိုင်ပြီးသည့် နောက် ဂုဏ်ပြုပွဲဆင်နွှဲနေချိန်တွင် တရုတ်နိုင်ငံမှ ကျောက်မီးသွေးမိုင်း တစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြန် သည်။ ထိုပေါက်ကွဲမှုကြောင့် မိုင်းသား ၂၆ ဦး သေဆုံးပြီး ၁၁ ဦး ပိတ်မိနေကြောင်း သိရသည်။ ၎င်းတိုု့အား အသက်ရှင်လျက် ပြန် တွေ့နိုင်ခြေမှာလည်း နည်းပါး ကြောင်းသိရသည်။ ယခင်အတွေ့ အကြုံများအရ ပိတ်မိနေသော ၁၁ ဦးသည် ကျောက် မီးသွေး မှုန့်များ ပိ၍ သေနိုင်ဖွယ်ရှိကြောင်း ကယ် ဆယ်ရေး တာဝန်ရှိသူ လက် ထောက်အကြီးအကဲက မီဒီယာ များကို ပြောကြားခဲ့သည်။ မိုင်းသားများ ပိတ်မိနေရာသို့ ကယ်ဆယ်ရေးများ သွားရန်မှာ လည်း ကျောက်တုံးများပိတ်မိနေ၍ ခဲယဉ်းကြောင်း၊အလွန်ပင်အန္တရာယ်ရှိကြောင်း သိရသည်။ ထုတ်လုပ် ရေးကို သာအာရုံစိုက်ခဲ့၍ မိုင်း သားများအတွက် လုံခြုံရေးဆို သည်မှာ မရှိခဲ့ကြောင်း မိုင်းတွင်း တွင် ပိတ်မိနေသူ လူငယ်တစ်ဦး၏ မိခင်ကဆိုသည်။ ယခုနှစ် အစော ပိုင်းကလည်း တရုတ် နိုင်ငံတွင် မိုင်းတွင်း တစ်ခုအံ့ဩဖွယ်ရာ ပြို ကျမှုဖြစ်ခဲ့သေးသော်လည်း တစ်ပတ်ကျော်အကြာတွင် ပိတ်မိ နေသော မိုင်းသား ၁၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။
ထိုစဉ်က ပိတ်မိပြီး အသက် ရှင်ခဲ့သော မိုင်းသားများမှာ လွှ စာမှုန့်များ၊ သစ်ခေါက်များ၊ စက္ကူ နှင့် ကျောက်မီးသွေးများ ပင်စား သောက်ခဲ့ရကြောင်းသိရသည်။ ထိုဖြစ်ရပ်သည် မိုင်းတွင်းမတော် တဆမှုကြောင့် သေဆုံးသူ ၂၆ဝဝ ဦးထိ ရှိခဲ့သော ၂ဝဝ၉ ခုနှစ်အတွက် ရှား ရှားပါးပါး သတင်းကောင်း တစ်ပုဒ်ဖြစ်ခဲ့သည်။
ZMO Ref; SKY  news,popular news

Leave a Reply

Your email address will not be published.