ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်မည်၊ ရဲရွာဆည် စိုးရိမ်စရာ မရှိသေး

စေနOctober 21, 20103min00

ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်မည်၊ ရဲရွာဆည် စိုးရိမ်စရာ မရှိသေး


ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်သွားပြီး ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဖြတ်မယ်။ မနက်ဖြန်ညနေပိုင်း ဝင်ရောက်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ လေတိုက်နှုန်း မိုင် ၅ဝ ကနေ ၆ဝ အထိ ရှိနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

မန္တလေးတိုင်းအတွင်းရှိ ရဲရွာဆည် တမံကျိုးနိုင်ဖွယ်ရှိတယ်လို့ ယမန်နေ့က သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ဒီကနေ့ ဧရာဝတီဝိုင်းတော်သားတွေကနေပြီး ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းရာမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။

Posted by မင်းနိုင်သူ at 2:14 PM

Leave a Reply

Your email address will not be published.