Laptop သုံးစွဲပုံ စနစ်မကျပါက အရေပြားလောင်ကျွမ်းမှုများ ဖြစ်စေနိုင်

khinmintatthuOctober 21, 20101min03
Laptopမှ ထုတ်လွှတ်သော အပူဒဏ်ကို ကာလရှည်ကြာစွာ ခံစားရသည့် အသက်(၁၂)နှစ်အရွယ် ကလေးငယ် တစ်ဦး၏ ပေါင်အရေပြားတွင် ရေမြှုပ်သဏ္ဍန် ပုံမှန်မဟုတ်သည့် အကွက်ကြောင်းများ ပေါ်ပေါက်လာသည်ကို
တွေ့ရှိပြီးနောက် ဆွစ်ဇာလန် ဆရာဝန်များက ယခုလို TSSနှင့် ပတ်သက်ပြီး
သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်

သုံးစွဲပုံ စနစ်မကျပါက Laptop ကွန်ပျူတာများသည် အရေပြားကို ကင်ပြီးသား ဖြစ်သွားစေနိုင်ကြောင်း သိရသည်။ Laptopကို
ပေါင်ပေါ်တွင် တိုက်ရိုက်တင်ကာ သုံးစွဲသူများတွင် Toasted Skin Syndrome
(TSS)ခေါ် အရေပြား ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာတတ်သည်။ Laptopမှ
ထုတ်လွှတ်သော အပူဒဏ်ကို ကာလရှည်ကြာစွာ ခံစားရသည့် အသက်(၁၂)နှစ်အရွယ်
ကလေးငယ် တစ်ဦး၏ ပေါင်အရေပြားတွင် ရေမြှုပ်သဏ္ဍန် ပုံမှန်မဟုတ်သည့်
အကွက်ကြောင်းများ ပေါ်ပေါက်လာသည်ကို တွေ့ရှိပြီးနောက် ဆွစ်ဇာလန်
ဆရာဝန်များက ယခုလို TSSနှင့် ပတ်သက်ပြီး သတိပေးချက်
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကလေးငယ်သည် ပေါင်ပေါ်တွင် Laptopကိုတင်ကာ
ကွန်ပျူတာဂိမ်းများအား နာရီနှင့်ချီ စွဲစွဲမြဲမြဲ ကစားခဲ့သူဖြစ်သည်။ “သူက
Laptopကို ပေါင်ပေါ်တင်ထားတဲ့အချိန် ဘယ်ဖက်ခြမ်းက အပူထွက်တာကို
သတိထားမိပါတယ်။ ဒါပေမယ့် သိပ်ပြီး ဂရုတစိုက် မရှိခဲ့ဘူး။ Laptopတင်ထားတဲ့
ပုံစံကိုလည်း မပြောင်းခဲ့ဘူး”ဟု ဆွစ်အရေပြားဆိုင်ရာ အထူးကု ပညာရှင်တစ်ဦးက
Pediatrics ဆေးပညာ ဂျာနယ်သို့ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ရပ်မျိုး
အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားရှိ ဥပဒေ ကျောင်းသူတစ်ဦးလည်း
ကြုံခဲ့ဖူးသည်။ ထိုမိန်းကလေး၏ အရေပြား လောင်ကျွမ်းမှုကို ကုသပေးခဲ့ရသည့်
ဒေါက်တာ ကင်ဘာလေ ဆယ်လ်ကီက လူနာမိန်းမပျိုလေးသည် Laptopကို တစ်နေ့လျင်
(၆)နာရီမျှ ပေါင်ပေါ်တင်ကာ ပုံမှန်သုံးစွဲလေ့ရှိကြောင်း ပြောကြားခဲ့သည်။
သူမ၏ အရေပြားပေါ် နေ့စဉ်ထိတွေ့ သက်ရောက်သော အပူချိန်သည် (၅၂)ဒီဂရီ
ဆဲလ်ဆီးရပ်စ်မျှ ရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့သော (၆)နှစ်အတွင်း Laptopမှ
အပူကြောင့် အရေပြားတွင် ပြဿနာများ ဖြစ်ပေါ်မှုပေါင်း အနည်းဆုံး (၁၀)ခုမျှကို
ဆေးပညာ ဂျာနယ်မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သေးသည်။ အဓိကအားဖြင့် Laptopကို
အလွန်အကျွံ မြင့်မားသော စွမ်းဆောင်ရည်မျိုးဖြင့် သုံးစွဲရာတွင်
ယင်းသို့ဖြစ်တတ်ပြီး သာမန်အနေအထားမျိုးတွင်မူ Laptopမှ ထွက်ပေါ်လာသည့်
အပူသည် အရေပြား လောင်ကျွမ်းလောက်အောင် ပြင်းထန်ခြင်း မရှိကြောင်း သိရသည်။
အလွန်ဖြစ်ခဲသော်လည်း အချို့သော အခြေအနေများတွင် ၎င်းလောင်ကျွမ်းမှုသည်
အရေပြားကင်ဆာ ဖြစ်လာသည်အထိ ဆိုးရွားသွားစေနိုင်ကြောင်းလည်း သုတေသီများက
သတိပေး ပြောဆိုထားသည်။

မေးလ်ထဲမှ တစ်ဆင့်ပြန်လည်ဖာ်ပြလိုက်ခြင်းဖြစ်သည်

3 comments

  • cherrywine

    October 21, 2010 at 9:12 am

    မြန်မာနိုင်ငံမှ Laptop ကိုင်ပြီးကြွားချင်သူများ
    အထူးသတင်းပြုမိစေချင်ပါသည်။ကံမကောင်းပါ
    ကွ အကြွားလွန်ပြီး အလှပျက်တက်ပါသည်။ပြီးခဲ့
    တဲ့ရက်က MRTV4 မှာလာတဲ့အစီအစဉ်တစ်ခု
    မှာ နာမည်ကြီးအဆိုတော်ညီမတွေ Laptop ကို
    ပေါင်ပေါ်တင်ပြီး သုံးနေပုံပါလာလို့တောင်
    ကြည့်လိုက်ရသေးတယ်။

    Reply

  • khinmintatthu

    October 21, 2010 at 9:41 am

    အင်း ဟုတ်တယ်… ဟန်နဲ့ပန်နဲ့ သုံးချင်တဲ့သူတွေအတွက်တော့ အထူးသတိပြုရမှာဖြစ်ပါတယ်…

    Reply

  • lu ta lone

    October 21, 2010 at 10:17 am

    ဟုတ်တယ်…
    အရေပြားလောင်တာ ကိစ်စ မရှိဘူး…
    ဟန်းဖုန်းလိုပဲ အမျိုးသားများ မျိုးပွားအဂါင်္နဲ့ နီးနီးထားရင် အဲဒီ Heat က မရိုသေ့စကား သုက်ပိုးလျှော့တယ်လို့ ဖတ်ဖူးတယ်ဗျ…
    မတော်တဆ ဂန့်သွား ဘယ့်နဲ့လုပ်မလဲ…
    သတိထားကြပေါ့…
    သိပ်သုံးချင်ရင်တော့ Cooling Fan ခံသုံးလေ…
    အဆင်ပြေလောက်တယ်…

    Reply

Leave a Reply to lu ta lone Cancel Reply

Your email address will not be published.