ရဲရွာဆည်တကယ်ကျိုးမှာလား ။

etoneOctober 21, 20101min09

ရဲရွာ Spill Way မှ ရေလွှတ်မှု မှာ ဆည်ရေဖိအားကြောင့် တဖြည်းဖြည်း အိလိုက်လာပြီး ကျိုးပေါက်တော့မည့် အခြေအနေ ကို ဂရပ်ဖစ်ဖြင့် သရုပ်ဖော်ပြထားသည်.

အောက်တိုဘာလ ၂ဝ ရက်နေ ့ ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ  မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၏ ရေလွှတ်  ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်း ထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့ မည် အခြေအနေ ရှိသည် ဟု မန္တလေး မြို ့ဆည် မြောင်းဝန် ကြီးဌာန မှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို ့ည ၁ဝ နာရီ တွင် အတည်ပြုပြောကြားပါသည်။

ထပ်မံတိုးတက်မှု ရှိသည့် သတင်းအခြေအနေ နှင့် အပြည့်အစုံ ကို FNG မှ ထပ်မံဖော်ပြပေးပါမည်

ရဲရွာ ဆည်က တဖြည်ဖြည်း အိလိုက်လာပြီ ၊ ၄၈ နာရီ လောက်ထိ ခံဖို ့ဆိုတာ နောက်ဝင်လာတဲ့
ရေပေါ်မှာ မူတည် တယ်။ Spill Way တွေ ၊Fill Bucket တွေ Bottom Outlet Chamber တွေ ကို
အကုန် လုံးတိုက်ပြီး ပွင့်သွား နိုင်တယ်။ အရေးကြီး ဆုံး အခြေအနေ မို ့
မေးနဲ ့လှမ်းပို ့လိုက်တာပါ။

ဆည်မြောင်း ဌာန မှ FNG သို ့ပေးပို ့သည့် အီးမေး သတင်းပေးပို ့ချက် အချို ့ကို မချွင်းမချန်အကုန်ကူးထားပါကြောင်း ………။

9 comments

  • MandalayThar

    October 21, 2010 at 9:46 am

    ကျေးဇူးပဲဗျာ ဒီလို တိတိကျကျလေး တင်ပေးလို့။

    Reply

  • naw2lay

    October 21, 2010 at 9:49 am

    မန်းမြေတော့မတွေးဝံ့စရာပါလားနော်

    Reply

  • Mie_Mie

    October 21, 2010 at 9:52 am

    ဆည်က စဖွင့်တဲ့နေ့ထဲက သိပ်အဆင်မပြေတာထင်တယ်။

    Reply

  • kai

    October 21, 2010 at 9:57 am

    တခုခုတော့ မှားနေတယ်..။
    အဲဒီလို … ဖလူဝပ်ဒိုင်းနမစ်ကို ဂရပ်နဲ့တောင်ပြလို့ရနေမှတော့…အဲဒီရေဝေရေလဲ၊ဆည်ထိမ်းစံနစ်က အရမ်းကိုနည်းပညာမြင့်ပါတယ်..။
    ဒီလိုမဖြစ်နိုင်ပါဘူး..။

    သတင်းမှား..ဒါမှမဟုတ်.. မတိကျလို့ထင်ပါတယ်ခင်ဗျား..။
    အဲဒီနယ်ကများ..အင်တာနက်တက်တဲ့သူရှိရင်…သွားရပ်ကြည့်လိုက်ရင်အဖြေပေါ်မှာပါ။

    Reply

  • kohtoo

    October 21, 2010 at 10:12 am

    ကျ နော် တို့ က တော့၊ သူ များ ပြော (တင်) တာ ကို လိုက် ဖတ် နေ တယ်။ possibility တော့ မ သိ တော့ ပါ။ ပညာ ရှိ များ တွေး ကြည့် တာ က၊ ပြေး ကြည့် တာ ထက် မှန် ၏ တဲ့၊ ကဲ…ရောင်း ရင်း တို့ ရေ၊ အ ချိန် ရှိ တုန်း ၊ ပြေး ကြည့်ရ အောင် လား ဗျာ……

    Reply

  • ဆူး

    October 21, 2010 at 10:18 am

    ဆူး အမြင်ပြောရရင်တော့ မီဒီယာတွေမှာ ဒီလို လှုပ်လှုပ် ပြောဆိုလာရင် တီးတိုးလုပ်နေတဲ့ သူတွေတောင် အများ သတိထားမိတဲ့ အတွက် တခုခုတော့ လုပ်မှာဘဲ.. မကျိုးအောင် ရေဖောက်ချတာမျိုး.. တခုခုပေါ့.. နည်းပညာသမားတွေကတော့ ပိုသိမှာပေါ့.. အဆင်ပြေသွားနိုင်ပါတယ်။

    Reply

  • weiwei

    October 21, 2010 at 10:27 am

    တစ်ခုခုမှားနေတယ်ထင်ပါတယ် … ဒီလောက်ကြီးတယ့်စီမံကိန်းတစ်ခုမှာ အခြေခံအကျဆုံးဖြစ်တယ့် ရေအားခံနိုင်မှုကို တွက်ချက်ထားပြီးသားပါ … ပြထားတယ့်ပုံက မလုံလောက်ပါဘူး ..

    Reply

  • Id Nay

    October 22, 2010 at 5:56 am

    ရဲရွာဆည် ကို ဆည်မြောင်း က ထိန်းသိမ်းထားတာ မဟုတ်ပါ. ရေအားလျှပ်စစ် က ထိန်းသိမ်းတာပါ.
    ဖော်ပြပါ ပုံမှာ ကျိုကြောင်း ဆက်စပ်မှု လုံးဝ မရှိပါ၊ Designer ၏ ရေအရှိန် Model တွက်ချက်မှု သာ ဖြစ်နိုင် ပါသည်။
    ပွဲဆူရုံ လူတွေ အထိတ်တလန့် ဖြစ်အောင် လုပ်ခြင်း မှာ တိုင်းပြည် တိုးတက်ရေးအတွက် မသင့်လျော်ပါ။
    လုံးဝ ရှုတ်ချ ပါသည်။

    Reply

  • osprey

    October 23, 2010 at 4:24 pm

    ” ပွဲဆူရုံ လူတွေ အထိတ်တလန့် ဖြစ်အောင် လုပ်ခြင်း မှာ တိုင်းပြည် တိုးတက်ရေးအတွက် မသင့်လျော်ပါ။ ” ကြိုက်တယ်ဗျာ စိတ်ဓါတ် နဲ့ အရေးအသားကို တိုင်းပြည်ကို ချစ်ရင် တိုးတက်စေချင်ရင် အပြုသဘောဆောင်တဲ့ အရေးအသား (နုတ်တစ်ရာ စာတစ်လုံ့း) ဖြစ်ဖို့လိုတယ်။ ကြည်ေ့နရတာတွေက အကျိုးမရိုတဲ့ စကားတွေ ဆဲတာတွေ ချည်းပဲ။ အရှေ့တို်င်း ပုံ့စံ သမိုင်းကို ပြန် ကြည့်ပါ။ သတင်းဟာ အတင်းမဖြစ်စေချင်ဘူး။တိုင်းပြည်ကောင်းစေချင်ရင် ကျန်တဲ့သူတွေ အသာထား နေရာတကာအဆိုးမြင်ဝါဒီ သမားတွေ အရင်ပြင်ဖို့လိုမယ်ဗျား။

    Reply

Leave a Reply

Your email address will not be published.