စိတ်ကျန်းမာရေး ဂရုစိုက်ပေး

AKKOOctober 20, 20101min02

စိတ်ကျန်းမာရေးမြှင့်တင်ပေး
၁။ စိတ်ဖောက်ပြန်သော ရောဂါလက်ခဏာများ
(က) တစ်ယောက်တည်း စကားပြောခြင်း ရယ်ခြင်း စကားပြော မမှန်ခြင်း၊
(ခ) မူမမှန်သော အပြုအမူများ ရှိနေခြင်း၊
(ဂ) သူများမကြားရသောအသံများ ကြားခြင်း၊ သူများမမြင်ရသော အရာများ မြင်ခြင်း၊
(ဃ) တစ်ကိုယ်ရေ သန် ့ရှင်းမှု အားနည်းပြီး မိမိကိုယ်ကို ဂရုမစိုက်ခြင်း၊
(င) အတွေးအခေါ်ချွတ်ယွင်ရျ် မှားယွင်းသော ယုံကြည်ချက်များ သံသယများရှိခြင်း။
၂။ စိတ်ကျရောဂါ၏ လက်ခဏာများ
(က) စိတ်ရော ကိုယ်ပါထိုင်းမှိုင်း နှေးကွေးခြင်း အားမရှိခြင်း၊
(ခ) နေ ့စဉ်ရက်စက် အိပ်မပျော်ခြင်း၊ အထူးသဖြင့်သန်ခေါင်ကျော် နိုးရျ် ပြန်အိပ်မရခြင်း၊
(ဂ) စိတ်အားငယ်ရျ် ဝမ်းနည်းနေခြင်း၊
(ဃ) အစားအသောက်ပျက်ရျ် ခန်ဓါကိုယ်အလေးချိန်ကျဆင်းခြင်း၊
(င) မိမိကိုယ်ကို သေကြောင်းကြံစည်ရန် စိတ်ကူးများရှိနေခြင်း။
၃။ စိတ်ကြွရောဂါလက်ခဏာများ
(က) စိတ်ရောကိုယ်ပါ အထူးတက်ကြွနေခြင်း၊
(ခ) ကရားရေလွှတ် စကားပြောခြင်း၊
(ဂ) စိတ်နေမြင့် ဘဝင်မြင့်နေခြင်း၊
(ဃ) အသုံးအဖြုန်းများနေခြင်း၊
(င) ဒေါသကြီးရျ် ကြမ်းတမ်တတ်ခြင်း။
စိတ်ဖောက်ပြန်သော ရောဂါလက်ခဏာ တွေ ့ရှိပါက –
(က) နီးရာကျေးလက်ကျန်းမာရေးဋ္ဌာနသို ့ပြရန်ကူညီပါ၊
(ခ) လူနာအား မ,စ မနောက်ပါနှင့်၊
(ဂ) ညွှန်ကြားသောဆေးကို မှန်မှန်သောက်ခိုင်းပါ၊
(ဃ) ညင်သာစွာ ဆက်ဆံပါ၊
(င) စိတ်ကျ စိတ်ကြွရောဂါသည် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။

အခြေခံကျန်းမာရေးဝန်ထမ်းတွေသာမကပဲ တခြားလူတွေပါ ဗဟုသုတရစေဖို့ပို့စ်တင်လိုက်ပါတယ်

2 comments

  • Gong Zhu

    October 20, 2010 at 5:22 pm

    စိတ်ကြွရောဂါဆိုတာ အမြဲတမ်း တက်တက်ကြွကြွရှိနေတာကိုပြောတာလား …ဒေါသကတော့ကြီးတယ် … အဲ့ဒါ စိတ်ကြွနေတာလား …

    Reply

    • draungkyawkyawoo

      November 2, 2010 at 4:00 am

      စိတ်ကြွရောဂါရှိနေတဲ့လူတွေဟာအမြဲတမ်းနီးပါး active ဖြစ်နေတတ်ကြတယ် ။ ပုံမှန်လူတွေအိပ်နေတဲ့အချိန်မှာတောင် သူတို့ဟာ နိုးနိုးကြားကြားရှိနေတတ်ပါတယ် ။ ဒေါသကြီးတာဟာ စိတ်ကြွရောဂါဖြစ်တာမဟုတ်ပါဘူး ။ ဒေါသအရမ်းထွက်နေတဲ့အချိန်ကြရင်တော့ ရေအေးအေးလေးသောက်တာ ပိုကောင်းပါတယ်။

      Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.