ငါးရှဉ့်အရှင် ဗိုက်ထဲ ဝင်သွားသဖြင့် ခွဲစိတ်ခံရ

ဆူးOctober 20, 20101min08

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဇူပြည်နယ်ရှိ ငါးရှဉ့်မွေးမြူရေးကန်တစ်ခုတွင်အလုပ်လုပ်ကိုင်သူ လီချမ်း(၄၃)နှစ်သည် ဟင်းလျာအတွက်ရည်ရွယ်ပြီး မွေးမြူထားသော ငါးရှဉ့်များပြည့်နှက်နေသည့် ကန်အတွင်းသို့ ခြေချော်ကျသွားခဲ့ပြီး ငါးရှဉ့်တစ်ကောင်မှာ မရိုသေစကားဗျာ…အားလုံးကို တောင်းပန်ပါတယ်နော်…..စအိုမှ တဆင့် ဝမ်းဗိုက်အတွင်းသို့ ဝင်သွားခဲ့သည်။ ယင်းကန်အတွင်းမှ ပြန်တက်လာပြီးနောက် သူသည် ယင်းမွေးမြူရေးစခန်းတွင် အလုပ်ဆက်လုပ်နေသော်လည်း နာရီအနည်းငယ် အကြာတွင် ဝမ်းဗိုက်ထဲမှ လွန်စွာ နာကျင်မှုကြောင့် လဲကျသွားခဲ့သည်ဟု ဆိုသည်။ထို့နောက် လုပ်ဖော်ကိုင်ဖက်များက ဆေးရုံ အရေးပေါ်ဌာန သို့ အကြောင်းကြားခဲ့ ပြီးနောက် ဆရာဝန်များက ဗိုက်ထဲရောက်နေသောငါ့ရှဉ့်ကို ငါးနာရီကြာခွဲစိတ်ကုသမှု ပြုလုပ် ဖယ်ထုတ်ပေးခဲ့ရပြီး ဗိုက်ထဲတွင် ငါးရှဉ့်လူးလွန့်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုင်ဒဏ်ရာ များကိုလဲ ကုသပေးခဲ့ရကြောင်း သိရသည်။ တကယ်လို့များ ဆေးရုံကို နောက်ကျမှ ရောက်ရှိလာပါက သေစေလောက်သည် အထိ အသက်အန္တရာယ်ရှိကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

ကဲ ရွာထဲက လူတွေ ချောင်းထဲ ဆင်းမဆော့ကြနဲ့တော့နော်…….

ပြည်မြန်မာ ဂျာနယ်မှ ဗဟုသုတ အနေနှင့် တင်ပြလိုက်ပါသည်။

8 comments

  • bigcat

    October 20, 2010 at 4:02 am

    အဲဒီငါးရှဉ့်ကို ဆိုင်ကိုုပို့လိုက်တယ်ဆိုလား။ တပ်ချုပ်ကြီးသွားတုန်းက သူစားတဲ့ ငါ့ရှဉ့်ခြောက်စပ်က ကောင်းလွန်းလို့ တသသဖြစ်နေတယ်လို့ အမေရိကန် စီအိုင်အေ ထောက်လှမ်းရေး သတင်းတွေအရ သိရပါတယ်။

    Reply

  • The Reds

    October 20, 2010 at 3:58 pm

    ွှအဲ ငါး ရှည်. က ရှာ ဖွေ ရေး ဆင်း ရ တယ် နဲ. တူ တယ် နော် ..

    Reply

  • Gong Zhu

    October 20, 2010 at 5:30 pm

    ငါးရှဉ့်ခြောက်စပ် ငယ်ငယ်လေးတည်းကမစားဘူး … မြွေနဲ့တူလို့ … 😛

    Reply

  • etone

    October 21, 2010 at 6:16 am

    ဒီလူလုံလုံခြုံခြံမဝတ်ထားဘူးလား ..။ ချော်လဲလို့ပါးစပ်ဟမိပြီးပါးစပ်ကဝင်တယ်ဆိုတောင် ကြားကောင်းသေးတယ် ။ ကံကောင်းလို့မသေတာ ဟိုကောင်က ဟိုကိုက်ဒီကိုက်ရယ် ။ အဓိက အစိတ်ပိုင်းတွေမကိုက်မိလို့ ။

    Reply

  • hinthada

    October 21, 2010 at 7:55 am

    ဟုတ်ရဲလားဗျာ
    ကျနော်တော့ မဖြစ်နိုင်ဘးထင်တာပဲ။

    Reply

  • khinmintatthu

    October 21, 2010 at 8:10 am

    ဖြစ်တတ်တယ်နော်… ထူးထူးခြားခြား….

    Reply

  • blackandwhiteneo

    October 21, 2010 at 8:17 am

    ဒီကောင်လည်း ကိုလိုနီနယ်ချဲ့ပဲ

    Reply

  • fatty poak

    October 21, 2010 at 9:52 am

    မရိုမသေပြောရရင်……ရိုင်းတယ်လို့တော့မထင်ပါနဲ့….သူက…အောက်ခံမပါလု့ိလား…..။

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.