တူမယ်မထင်နဲ ့

CharTooLanOctober 19, 20101min010

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်းဆင်တာတစ်ခုတွင်ဖြစ်သည်…။

လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ စတိုးဆိုင်ပိုင်ရှင်သူဌေးတစ်ဦးနှင့်အတူ
ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။ နောက်ဆုံးပြန်သူများဖြစ်သောကြောင့် အကူအညီတောင်းရန်မလွယ်ကူပေ။ နောက်ရက်မှစ၍
အရောင်းဆင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည်ဖြစ်သည်။
အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။
ဤအခြေအနေတွင် အောက်စီဂျင်အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင်
အသက်ပါသေဆုံးနိုင်သည်။
၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလောဖြစ်ပွားခဲ့သော
ချီလီနိုင်ငံမိုင်းတွင်းပိတ်မိသော လုပ်သမားများအဖြစ်အပျက်ကို တွေးမိပြီး
မဆီမဆိုင်ပျော်ရွှင်သွားသည်။
နောက် ၂ ၊ ၃ ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကိုလာကယ်မည်…
သူတို့လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆိုဂုဏ်ပြုကြမည်…
လူတကာမှပေးသော အကျိုးခံစားခွင့်များရမည်…
စသဖြင့်တွေးရင်း အရေးပေါ်ကယ်တင်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု
စဉ်းစားပြီး ဆက်သွယ်ရေးအတွက် တိုင်ပင်ကြသည်။

သူဌေးက လက်ထဲရှိ GSM ဖုန်းကိုကြည့်လိုက်သည်…
Service Signal လုံးဝမမိ။
ဟန်မပျက်ဘဲ ခါးကြားတွင်ချိတ်ထားသော ၅သိန်းတန် ဖုန်းကိုထုတ်၍ ကြည့်လိုက်သည်..
service signal အပြည့်။ လုံခြုံရေးဝန်ထမ်းကို မချိပြုံးပြုံးပြလိုက်ပြီး
မီးသတ်ကို ဖုန်းလှမ်းခေါ်သည်
“လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”
စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထပ်ထုတ်ပြီးခေါ်သည်…
လိုင်းဝင်သည်။ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။
“မကြားရဘူး”ဟုပြောလိုက်သော အသံတစ်ခုသာ ကောင်းကောင်းကြားလိုက်ရပြီး
ဖုန်းကျသွားသည်။
ထို့နောက် ဖုန်းလိုင်းလုံးဝမဝင်တော့။ မက်ဆေ့ချ်ပို့ဖို့လည်း မစဉ်းစားမိလိုက်။
မျှော်လင့်ချက်မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေးဝန်ထမ်းက
သူဌေးထံမှ iphone ကိုမြင်၍ internetကို wirelessဖြင့်ဝင်ပြီးဆက်သွယ်အကူအညီတောင်းကြည့်ရန် အကြံပေးသည်။ အကြံပေးသည့်အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက်ချိတ်ကြည့်ရာ wireless
မိသည်။၂ယောက်လုံးပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။

နောက် ၃ ရက်အကြာ……

ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကိုဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း
နှစ်ဦးစလုံးအသက်ရှူကြပ်ပြီး သေဆုံးနှင့်လေပြီ။
သေဆုံးသူတို့ အနီးတဝိုက်တွင် ဟန်းဆက် ၄လုံးကိုတွေ့ရပြီး ၎င်းတို့အနက်
အိုင်ဖုန်းတွင် Gmail page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။
သေဆုံးနှစ်ဦးအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နေရာတကာပါဝင်တတ်သော
ပါလရာကြီး ၄ဦးမှ အောက်ပါအတိုင်း လှူဒါန်းနှစ်သိပ်ပေးခဲ့သည်။

-ဦးတေဇထံမှကျပ်၁သိန်းတန်
ကျွန်းအခေါင်းတစ်လုံးစီ
-မြန်မာနိုင်ငံ ဘောလုံးဥက္ကဌဦးဇော်ဇော်က
ကျန်ရစ်သူ မိသားစုအတွက်MNLဖလား အခမဲ့ကြည့်ခွင့် လက်မှတ်
-အယ်လ်ပိုင်းမှ ဦးစိုင်းကအသုဘသို့
လာသူများအတွက်အခမဲ့ရေသောက်နိုင်ခွင့်
လက်မှတ်များ
-နိုင်ငံတော် သမ္မတလောင်းထံမှအုတ်ဂူတွင်
အလှဆင်ရန်ဂန္ဓမာပန်းတစ်ပွင့်စီပေးကမ်းခဲ့ပြီး
အားပေးစကားပြောကြားရင်း မဲဆွယ်စည်းရုံးသွားလေတော့သတည်း။

ချမ်းရဲ


10 comments

  • ဆူး

    October 19, 2010 at 9:21 am

    တင်ပြီးသား ပိုစ်ကြီး

    Reply

  • doekalay

    October 19, 2010 at 9:41 am

    ဆူးပြောသာဟုတ်လားဟင်။

    Reply

  • naw2lay

    October 19, 2010 at 9:45 am

    သိပ်မရှင်းဘူး

    Reply

  • intro

    October 19, 2010 at 11:10 am

    တင်ပြီးသားဖြစ်လဲ ကျွန်တော်က အခုမှ သိရတာ…. ဘာပဲဖြစ်ဖြစ် အားပေးနေပါတယ်… ကျေးဇူးပါ။

    Reply

  • michaelaungpu

    October 19, 2010 at 12:14 pm

    ဘယ်ကလာတူရမှာလဲ ခေါင်းစီးလေ
    မယုံရင်အဲ့သည်မှာသွားကြည့်
    http://myanmargazette.net/?p=29145
    မတော်တဆ ဖြစ်သွားပုံရပါတယ်
    သတင်းစာနေ ့တိုင်းဖတ်ဝူးထင်တယ်
    ဘာလဲ မီးမလာဘူးလား?

    Reply

  • julyko

    October 19, 2010 at 3:09 pm

    တင်ပြီးသားဆိုတော့ဖတ်ရတာ..သိပ်ဖီးမလာတော့ဘူး..
    julyko90@gmail.com

    Reply

  • smytu1996

    October 20, 2010 at 10:50 am

    copy ?or …………paste?

    Reply

  • cobra

    October 20, 2010 at 2:17 pm

    သိပ်ဝေဖန်ကျတာပဲ..သူများရေးတာမဖတ်ချင်ရင်မဝင်နဲ့ဖတ်ချင်ရင်ဝင်ဒါဘဲ..။

    Reply

  • char too lan

    October 21, 2010 at 7:47 am

    ရီးရလို့ပြန်တင်ပြရုံပါ တင်ပီးသားမှန်းလုံးဝမသိပါဘူးဗျာ
    စာဖတ်သူပရိတ်သတ်များစိတ်အနှောင့်အယှက်ဖြစ်သွားရင်
    ကျနော်အားလုံးကိုတောင်းပန်ပါတယ်။ ပွိုင့်အနေနဲ့လဲ ကြိုက်သလောက်
    ဖြတ်နိုင်ပါတယ်ခင်ဗျာ………….

    Reply

Leave a Reply to smytu1996 Cancel Reply

Your email address will not be published.