ပြည်တွင်း၌အလုပ်အကိုင်ရှားပါး၊အလုပ်ရလိုမှုနှင့် အလုပ်အကိုင် ခန် ့အပ်ပေးနိုင်မှု များစွာကွာဟ

ဂ်စ္စူOctober 17, 20101min011

 

     ပြည်တွင်း၌ အလုပ်အကိုင်ရရှိ လိုသူဦးရေမှာ တိုးတက်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု၊ အလုပ်ပေးနိုင်မှုမှာ နည်းပါးနေဆဲဖြစ်ကာ ယင်းတို့အကြား ကွာဟမှု အချိုးအစားမှာလည်း ကြီးမားလာကြောင်း အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူနှင့် အလုပ်အကိုင် ရှာဖွေလျက်ရှိသည့် လူငယ်အချို့ထံမှ သတင်းရရှိပါသည်။

 
    အလုပ်အကိုင်ရရှိလိုမှုနှင့် အလုပ်အကိုင်ပေးရန် ဝန်ထမ်းများ ခေါ်ယူမှုတို့မှာ ယခင်ကတည်းက အချိုးအစားကွာဟမှု ရှိခဲ့သော်လည်း ယခု နောက်ပိုင်းတွင် ပိုမိုကွာဟလာခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
    “အလုပ်အတွက် လူခြောက် ယောက်လောက်ပဲလိုလို့ခေါ်တဲ့အချိန် မှာလူဦးရေ ၂၀ဝလောက်လာလျှောက် ပါတယ်။ အဲဒီ၂၀ဝလောက်ထဲကနေ  ကိုယ်လိုချင်တဲ့ အရည်အသွေးရှိနိုင် မယ့်သူတွေကို အင်တာဗျူးခေါ်ဖို့ ပဏာမရွေးချယ်ခဲ့ရပါတယ်”ဟုစီးပွား ရေးလုပ်ငန်းရှင်တစ်ဦးကပြောပြသည်။

    “အခုနောက်ပိုင်း အလုပ်လိုအပ်ချက်က သိပ်များလာတယ်။ ပေးနိုင်တာကတော့ သိပ်မရှိပါဘူး။ ဝန်ထမ်းတွေ အလုပ်ရှာကြတာများပေမယ့် အလုပ်ရတာ၊ အလုပ်ပေးနိုင်တာကတော့ ကွာလာတယ်။ အဆ ဘယ်လောက် ကွာတယ်ဆိုတာ ပြောဖို့ခက်ပေမယ့် တော်တော်ကွာတယ် လို့တော့ ပြောနိုင်ပါတယ်”ဟု Device Services Co.,Ltd မှမန်နေဂျင်း ဒါရိုက်တာ ဦးတင်ဇံကျော်က သုံးသပ်ပြောကြားသည်။


တက္ကသိုလ်များမှရရှိခဲ့သော ဘွဲ့တစ်ခုတည်းနှင့် အလုပ်အကိုင် လျှောက်ထားရာတွင် မလုံလောက်မှုများ ရှိနေသည့်အတွက်လည်း ကျောင်းတက်ရောက်နေဆဲမှာပင် ပြင်ပသင်တန်းများသို့ သင်တန်းဆင်း လက်မှတ်များရရှိရန် တက်ရောက်နေမှုများ၊ အလုပ်ခွင်ဝင်ရောက် ရာတွင်လည်း လစာနည်းပါးခြင်း  …


    ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းပြီးကာ ဘွဲ့ရရှိ လာကြသူလူငယ်ဦးရေသည် နှစ်စဉ် တိုးတက်လျက်ရှိပြီး ဘွဲ့ရရှိသူများ တိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင် လိုအပ်ချက်သည်လည်း မြင့်တက်လာခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် သင်ယူလာကြသည့် သက်ဆိုင်ရာနယ်ပယ် အလိုက်တွင် ရရှိခဲ့သောဘွဲ့လက်မှတ် တစ်ခုတည်းနှင့် အလုပ်ရရှိရန် ခက်ခဲလာမှုကြောင့် အခြားသော အလုပ်ရရှိရန် အထောက်အကူပြုနိုင်မည့် သင်တန်းများသို့ ဆက်လက် တက်ရောက်ကြမှုသည်လည်း ပိုမိုလာခဲ့သည်။

    သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ယူခဲ့သူများ သည်လည်း ရန်ကုန်ကဲ့သို့သော မြို့ကြီးများသို့ အလုပ်အကိုင်ရရှိရေး လျှောက်ထားရန် ရောက်ရှိလာကြပြီး အလုပ်ခေါ်စာ ကြော်ငြာများမှတစ်ဆင့် မိမိကိုယ်တိုင် အလုပ်ရှာဖွေမှုများရှိ သကဲ့သို့ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများထံ အလုပ်ရှာရန် အပ်နှံမှုများလည်းရှိသည်ဟု သိရှိရသည်။

    “ဝန်ထမ်းအလိုရှိသည်ဆိုပြီး သုံးယောက်ခေါ်တဲ့ အလုပ်သွား လျှောက်တာ အင်တာဗျူးခေါ်ဖို့ ဆန်ခါတင် ခေါ်ထားတဲ့အချိန်မှာတောင် လူဦးရေက အဆအများကြီး ကွာနေတယ်။ လာဖြေတဲ့သူ တော်တော် များတာကြုံဖူးပါတယ်”ဟု အသက် ၂၃ နှစ်ဝန်းကျင်ရှိ အလုပ်အကိုင်ရှာဖွေနေသူ လူငယ်တစ်ဦးကပြောပြသည်။   

    ပြည်တွင်း၌ စီးပွားရေးလုပ်ငန်း အများစုသည်လည်း လုပ်ငန်း အနေအထားများအရ ဝန်ထမ်းအင်အား ဆက်လက်တိုးချဲ့ရန်၊ ဝန်ထမ်းသစ်များ ထပ်မံမွေးထုတ်နိုင်ရန် ထက်ရှိနှင့်ပြီးသား ကျွမ်းကျင်ဝန်ထမ်းများနှင့်သာ လုပ်ကိုင်နေရခြင်း ဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက် ရေးဆိုသည်မှာ စီးပွားရေးဖွံ့ဖြိုးမှု ပေါ်တွင်လည်း များစွာမူတည်နေကြောင်း သိရှိရပါသည်။

    “အလုပ်လိုအပ်ချက်ကတော့ မြင့်နေပေမယ့် တစ်ခုရှိတာက အဲဒီ အထဲမှာ ကိုယ်က ကိုယ့်နယ်ပယ် အလိုက် တကယ် ကျွမ်းကျင်တယ် ဆိုရင်တော့ အလုပ်ရနိုင်ပါတယ်။ အခုနိုင်ငံမှာ ကြုံနေရတာက အလုပ် လိုချင်ပေမယ့် အရည်အချင်းပိုင်းမှာ တော့ အားနည်းနေကြတာ တချို့ရှိသေးတယ်။ စီးပွားရေးလုပ်ငန်းတွေ မှာလည်း လုပ်ဆောင်နိုင်စွမ်းကို မြှင့်နိုင်ရင်၊ ရှိနှင့်ပြီးသား ဝန်ထမ်းတွေရဲ့ စွမ်းရည်ကလည်း တိုးတက်သွား ပြီဆိုရင် နောက်လာမယ့်လူငယ်တွေ ကို အလုပ်အကိုင်တွေ ပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု Better Life Education & Career Centre   မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ဆိုပါသည်။

    “တက္ကသိုလ်တွေက ကျောင်းပြီးတဲ့သူတွေ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတယ်။ ဥပမာ အနေနဲ့ပြောရရင် ဆေးတက္ကသိုလ်လေးခုရှိတာမှာ တစ်နှစ်ကို လူဦးရေ ၂၀၀ဝ ကျော်လောက် ကျောင်းဆင်းနေတယ်။ အစိုး ရအလုပ်ရဖို့ နှစ်နှစ်လောက် စောင့်လာရတယ်။ ဒီလိုပဲ တခြားတက္ကသိုလ်တွေက ပြီးတဲ့လူငယ်တွေလည်း ဦးရေတိုးလာတယ်။ အလုပ်လိုအပ်ချက်ကတော့ မြင့်နေဦးမှာပါပဲ”ဟု ဦးတင်ဇံကျော်က ပြောကြားသည်။

    တက္ကသိုလ်များမှ ရရှိခဲ့သော ဘွဲ့တစ်ခုတည်းနှင့် အလုပ်အကိုင် လျှောက်ထားရာတွင် မလုံလောက်မှုများ ရှိနေသည့်အတွက်လည်း ကျောင်းတက်ရောက်နေဆဲမှာပင် ပြင်ပသင်တန်းများသို့ သင်တန်းဆင်း လက်မှတ်များရရှိရန် တက်ရောက်နေမှု များ၊ အလုပ်ခွင်ဝင်ရောက်ရာတွင်လည်း လစာနည်းပါးခြင်း၊ သင်ခဲ့သောပညာများနှင့် မသက်ဆိုင်ခြင်း စသည်တို့ကို စဉ်းစားနိုင်မှုနည်းပါးကာ အလုပ်အကိုင် ရရှိရေးကိုသာ အများစုက ဦးတည်လာရမှုများရှိနေ သည်ဟု လူငယ်အချို့ကဆိုပါသည်။  
Ref:ELEVEN MEDIA

11 comments

  • solakoko

    October 17, 2010 at 6:07 am

    Hello MG!
    Comment ပေးလို ့မရအောင် လုပ်ထားတာလား မသိ

    Log in ပဲလုပ်ခိုင်းနေတယ်.

    Log in ရတာလဲ အခါ 100 လောက်ရှိပြီခင်ည။
    eekk!

    Reply

  • ဆူး

    October 17, 2010 at 6:45 am

    ဆူး အခုမှ ကြည့်မိတယ် ကိုယ်ပိုင် စက်တလုံးတည်း သုံးနေပြီး သူများ အကောင့်ထဲ ဘယ်လို ဝင်နေတာလဲ လုပ်ကြပါအုန်း.. စစ်ကြပါအုန်း အက်ဒမင်တို့ရေ..Logged in as solakoko. Logout » အဲဒီလိုဖြစ်နေတယ်

    ဆူး (ကွန်မန့်ပေးသူ)

    Reply

  • ဆူး

    October 17, 2010 at 6:46 am

    တော်သေးတယ် ကွန်မန့်ပေးပြီး ပေါ်တော့ ကိုယ်ပိုင် နာမည်နဲ့ ပေါ်သား.. ဘယ်လိုဖြစ်နေမှန်းကို မသိဘူး.. စိတ်ညစ်ပါ၏

    Reply

  • winkyawaung

    October 17, 2010 at 9:01 am

    ဟုတ်ပါတယ် ယနေ့ ကွန်မန့်ပေးတာ တော်တော်နဲ့မရပါ..။

    Reply

  • asiamasters

    October 17, 2010 at 10:42 am

    မြန်မာနိုင်ငံက အလုပ်အကိုင်အခြေအနေတွေနဲ့ပြောရရင် ပထမဆုံး မြန်မာနိုင်ငံရဲ့ Economic System (Economic ကို စီးပွားရေးဟု ပြန်လျှင် မှားသည်) ကို အရင်ကြည့်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ Socialist Economy) နှင့်သာ ကျင့်သုံးခဲ့သည်ကိုတွေ့ရပါမည်။ အားလုံးသိကြတဲ့အတိုင်း Socialist Economy ဆိုတာက အလုပ်တွေအားလုံးကို ဗဟိုကချုပ်ကိုင်ပြီးတော့ပဲလုပ်မယ်။ နိုင်ငံသူနိုင်ငံသားတွေ ကဘာမှ ကိုယ်ပိုင်မလုပ်ရဘူးဆိုတဲ့ အတွေးအခေါ်ကို မူတည်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့Education System မှာ ရည်ရွယ်ချက်နှစ်ခုထားပြီးလုပ်ခဲ့တာဖြစ်တယ်။ ပထမအချက်က မြန်မာလူမျိုး၊ မြန်မာဘာသာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနဲ့ ကျောင်းပြီးသွားသူတွေဟာ Social List Economy မှာ အသုံးချရေးဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ Socialist Economy ကပျက်သုံးသွားပြီး အစားထိုးတဲ့ Economy ကို လုံးထွေးပြီးတော့ Market Oriented Economy လို့ အမည်ပေးခဲ့ပါတယ်။ private တွေကို စတင်လုပ်ကိုင်လာခိုင်းလိုက်တော့ Capitalism လို့ခေါ်တဲ့ အရင်းရှင်စနစ်ဘက်ကို အစပျိုးတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးရှုပ်ထွေးမှု တွေ၊ အုပ်ချုပ်သူတွေရဲ့ Business အမြင်နဲ့ ရေလိုက်လွဲမှုတွေကြောင့် အခုတော့ ဟိုမရောက်သည်မရောက်ကြီးဖြစ်နေတာကိုတွေ့ရမှာပါ။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများဟာ Foreign Investment ကို အလွန်အမင်းဖိတ်ခေါ်ကြပါတယ်။ အနောက်နိုင်ငံများ၊ အာရှမှဆိုရင် ကိုရီးယားနဲ့ ဂျပန်နိုင်ငံများဟာ စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေ မှာအမြောက်အများဝင်ရောက်ခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ ခပ်စုတ်စုတ် ကလိမ်ကကြစ်တွေသာဝင်လာကြတာဖြစ်ပါတယ်။ ဒီတော့ပြည်တွင်းမှာ အလုပ်ရှာလိုသူတွေအတွက်ဆိုရင် Government အလုပ်ကိုရှာမှာလား၊ ဒါမှမဟုတ် Private Company တွေမှာရှာမှာလားလို့ နှစ်မျိုးရှိပါတယ်။ Government မှာ အလုပ်ရှာလိုသူတွေအတွက် ကျောင်းမှသင်ပေးလိုက်တဲ့ Education က မဆိုင်သော်လည်း၊ အသိအမှတ်ပြုနေသေးတော့ တော်ပါသေးတယ်။ Private Company တွေမှာ ကတော့ ဝင်ရောက်ယှဉ်အရွေးခံဆိုတဲ့ အခြေအနေမှာ လက်ရှိ Education နဲ့ ဘာမျှမဆိုင်တော့်ပါဘူး၊ ဒါကြောင့်လူငယ်တွေဟာ နိုင်ငံခြားဘာသာစကား၊ သက်မွေးပညာနဲ့ ကွန်ပျူတာအသုံးပြုမှုတွေကို ပြင်ပမှာသင်ယူနေရတာဖြစ်ပါတယ်။ လူတွေမှာ ဝင်ငွေလုံလောက်မှုမရှိတော့ မသုံးနိုင်ကြပါဘူး။ ဒီတော့ အခြေကျပြီးသားလုပ်ငန်းတွေ အတွက် အဆင်ပြေသော်လည်း။ လုပ်ငန်းငယ်လေးတွေ ရှင်သန်ဘို့မလွယ်ပါဘူး၊ ဒါကြောင့် အလုပ်အကိုင်နဲ့ ပတ်သက်လာရင် မိမိကိုယ်တိုင်ပြင်ဆင်ထားကြပြီး ပြည်ပမှာ အလုပ်ရှာရင် အကောင်းဆုံးပါပဲ။

    Reply

  • tunaung

    October 17, 2010 at 11:08 am

    တရုတ်နိုင်ငံမှာတော့အသက်50တောင်လုပ်နိုင်ယင်အောက်ထစ်1000-1500ယွန်ရနေတယ်18–45 ဆို1500ယွန်ကနေ3000 လေါက်ရနေကြတယ်နံက်7:00–ညနေ6:00အလုပ်ကြရတယ် အလုပ်ကတော့တကယ်ပေါမှပေါ…700ယွန်=100000ks အင်တာနက်သုံးချင်ယင်တပ်ဆင်ခမပေးရပါ… တလ98ယွန်းဘဲကျပါတယ် ဒို့နိုင်ငံမှာတော့……….

    Reply

  • ဆူး

    October 17, 2010 at 11:19 am

    ဒီမှာတော့ ဘာလုပ်လုပ် အရင်ပေးဆပ်ရပါတယ်။ အင်တာနက်တပ်မလား.. အရင် ပိုက်ဆံပေး.. ပစ္စည်းဖို့ လက်ခ နောက်မှ တလ ခြင်းစီ အတွက် ထပ်ပေးရတယ်။ တကယ်လို့ မသုံးမလိုတော့လို့ မသုံးတော့ဘူး ဆိုပြီး ပြန်အပ်မယ်ဆိုရင်တော့ လာလာချည်သေး ဝေလေလေ.. မပေးနိုင်ပေါင် ဆိုပြီး တာဝန်ခံ ပါးထ ရိုက်တာတောင် ခံရအုန်းမယ်.. မသုံးချင်ရင် အိမ်က အမှိုက်ပုံးထဲ ထည့်ပလိုက်.. အဲလိုမျိုးကွဲ့.. ဥပမာ မီတာခ နှစ်ခါသွားသွင်းရင် လက်ခံတယ်.. ပိုသွားလို့ နောက်လတော့ နိမ်မယ် မပြောနဲ့ မရဘူး အလုပ်ရှုပ်တယ် ကိုယ့်ဟာကို အသုံးမကျလို့ နှစ်ခါ သွင်းတာ ကို်ယ်ဖြစ် ကိုခံဘဲ.. ကွန်မန့်တွေ လမ်းကြောင်း လွဲကုန်ပြီ..

    Reply

  • ဆူး

    October 17, 2010 at 11:27 am

    အလုပ် အကိုင်နဲ့ ပတ်သတ်လို့ တခု သတိထားမိတာလေး ရှိတယ်။ အသိ ဆိုင်တဆိုင်မှာ အရောင်း စာရေးခေါ်တယ် တယောက် ထွက်လိုက် တယောက်ဝင်လိုက်ဘဲ.. ဘယ်လိုဖြစ်တာလဲ မေးတော့.. မိတ်ဆွေက ပြောတယ် ဆိုင်မှာ လာလျှောက်တဲ့ လူငယ်တွေက ၁ဝတန်းအောင် ခေါ်ပေမဲ့ ဆိုင်မှာ ရောင်းတဲ့ ပစ္စည်း ဈေးတွေကို မမှတ်မိဘူး မှတ်ဉာဏ် အားဖြင့် နည်းတဲ့ လူတွေ တွေ့နေရတယ် နောက်ပြီး အလုပ်ကို စေတနာ မထားတာတွေ အလုပ်ကို ကစားစရာ လို သဘောထားပြီး တိကျတဲ့ စည်းကမ်းအောက်မှာ သေချာ မလုပ်နိုင်တာမျိုး ဘွဲ့ရလည်း ထုံတဲ့ လူက ထုံတာဘဲ.. တချို့ကျတော့လည်း ပညာအရည်အချင်း နိမ့် ၁ဝတန်းတောင် မအောင်ဘူး စိတ်က လုပ်ချင်စိတ် ရှိတော့ ဘွဲ့ရတဲ့ လူထက် ပိုပြီး လုပ်နိုင်မှတ်နိုင်တာမျိုးတွေ ရှိနေတယ်။ အတွေးအခေါ်ပိုင်း နဲ့ စိတ်ချရမှု အပိုင်းကတော့ ပညာ အရည်အချင်း ကိုကြည့်ပြီး အလုပ်ခေါ်တာထက် လူရဲ့ လုပ်နိုင်စွမ်းကို ကြည့်ပြိး ခေါ်ရမလို ဖြစ်နေပြိတဲ့.. အဲဒီလို ပြောတာ ကြားမိတယ်။

    Reply

  • naywoonni

    October 18, 2010 at 3:56 pm

    ဆူးပြောသလိုပဲ…….(.အတွေးအခေါ်ပိုင်း နဲ့ စိတ်ချရမှု အပိုင်းကတော့ ပညာ အရည်အချင်း ကိုကြည့်ပြီး အလုပ်ခေါ်တာထက် လူရဲ့ လုပ်နိုင်စွမ်းကို ကြည့်ပြိး ခေါ်ရမလို ဖြစ်နေပြိတဲ့..)ဆိုတာကတော့အမှန်ပါပဲ..။
    ကျွန်တော်တို့ဆီကဈေးဆို်အကူတွေဟာ..ပညာအရည်အချင်းထက်လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီးသုံးကြတာများပါတယ်
    ဘာတဲ့….ဆယ်တန်းအောင်ဖို့မလိုဘူး..အလိုက်သိဖို့လိုတယ်တဲ့လေ…….
    မှတ်သားလောက်တယ်နော်

    Reply

  • နီလေး

    July 11, 2011 at 11:04 am

    အလုပ်အကိုင်ရပြီဆိုလဲ လစာကိစ္စက စကားပြောလာပြန်ပြီလေ ပြည်တွင်းကုမ္ပဏီတွေမှာလုပ်တဲ့ ဝန်ထမ်းတွေတော့မသိဘူး နိုင်ငံခြားက လာပြီးရင်းနှီးမြုတ်နှံတဲ့ ကုမ္ပဏီတွေမှာတော့ ဝင်ဝင်ချင်းတစ်သိန်းလောက်ပေးမယ် အသေနှိမ်မယ် လစာကျတော့တော်တော်နဲ့မတိုးဘူး သူတို့နိုင်ငံကလာလုပ်တဲ့ ဝန်ထမ်းတွေကျတော့ လခကျတော့ မြန်မာနိုင်ငံသားတွေနဲ့က ဆီနဲ့ရေလို လုပ်နိုင်စွမ်းအရည်အချင်းကဖြင့်ဘာမှမကွာ သာချင်သာ မြန်မာကတောင်သာဦးမှာကို သူများတွေလုပ်နိုင်တာကိုတော့ မသိသလို ဘာမှပဲအရေးပဲမပါသလိုတွေမျိုး ဘာတဲ့ လစာအများကြီးတိုးပေးလို့မရဘူးတဲ့ အစိုးရကမပေးခိုင်းဘူးလို့ပြောတယ် ဥပဒေမှာ အဲလိုပြဌာန်းချက်တွေ တကယ်ကောရှိလားဟင် သိသူများရှိရင် ဖြေပေးကြပါနော်

    Reply

    • pan pan

      July 11, 2011 at 11:47 am

      မကျေနပ်ရင် erosလို စက်သေနတ်နဲ့ လိုက်ပစ် 😛

      Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.