အချစ်ဆိုတာ

အချစ်ဆိုတာ
အများသူငါပြောလို့
သံယောင်လိုက်ပြောနေတဲ့စကားတစ်ခု…။
အချစ်ဆိုတာ
မပွင့်လင်းတဲ့
လိင်ဆက်ဆံမှုတစ်ခု………..။
အချစ်ဆိုတာ
ရေလောင်းပေါင်းသင်စရာမလိုတဲ့
မြက်တောတစ်ခု…………….။
အချစ်ဆိုတာ
ဖွင့်မတထားလဲဝင်လာတတ်တဲ့
သွေးသားသောင်းကြမ်းမှုတစ်ခု……….။
အချစ်ဆိုတာ
ရယူပိုင်ဆိုင်ဖို့အတွက်
ပေးဆပ်လိုက်ရတဲ့ဘဝတစ်ခု………….။
အချစ်ဆိုတာ
ကုရာနိတ္ထိဆေးမရှိတဲ့
ချောင်းဆိုးသွေးပါရောဂါတစ်ခု………..။
အချစ်ဆိုတာ
ရော်ရမ်းမှန်းဆသာယာချင်တဲ့
စိတ်ရူးထမှုတစ်ခု………………………။
အချစ်ဆိုတာ
ညစာမစားလိုက်ရတဲ့
အစာအိမ်တစ်ခု………………………..။
အချစ်ဆိုတာ
ရုန် ့ရင်းကြမ်းတမ်းတဲ့
ဆဲရေးတိုင်းထွာမှုတစ်ခု………………။
အချစ်ဆိုတာမာယာများတတ်တဲ့မျက်လှည့်ဆရာရဲ ့
မျက်လှည့်ပြကွက်တစ်ခု………………။
အချစ်ဆိုတာ
လုံးဝမယုံကြည်ရတဲ့
လူလိမ်တစ်ယောက်ရဲ့ဝေါဟာရတစ်ခု..။
အချစ်ဆိုတာ
ဘာမှန်းမသိပဲလိုက်ရှာနေတဲ့
ပျောက်ဆုံးနေတဲ့ပစ္စည်းတစ်ခု……….။
အချစ်ဆိုတာဟာ……
…………………….
…………………………………………။

♣နေဝန်းနီ

naywoon ni

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010

This Post Has 2 Comments

  1. naywoonni

    ရှေ့က လင့်ကို ထောက်လိုက်တာ ကိုယ့်ကဗျာနေရာကိုယ်ရောက်လာတာပဲ… ဘာတွေလဲ သူကြီးရေ……. ဘာလို့ ကျွန်တော့ ကဗျာလင့်ပေးထားတာလဲ

  2. alinsett

    အချစ် အကြောင်း..လေးကို ရေးထားတာ တော်တော် ကောင်းပါတယ် ။
    ဆက်ပြီး အားပေးနေပါ့မယ် ။

Leave a Reply