ပျိုမေတို့အသည်းစွဲ အဆိုတော်ရီကီမာတင်လည်းပွင့်သွားပြီ

introApril 1, 20101min01

မတ်လ ၃ဝရက်နေ့၊ ၂ဝ၁ဝခုနှစ်

သက်တံ့အယ်ဒီတာအဖွဲ့

Ricky Martin

ဆယ်စုနှစ်တစ်ခုလုံးနီးပါး သူရဲ့လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီး သို့လောသို့လောနဲ့
ကောလဟာလသတင်းပေါင်းစုံထွက်ခဲ့တဲ့ လက်တင်တေးဂီတအဆိုတော် ရီကီမာတင်(Ricky
Martin)တယောက် မနေ့က သူ့ကိုယ်ပိုင်အင်တာနက်စာမျက်နှာမှာ မိမိကိုယ်ကိုယ်မိမိ
လိင်တူချစ်သူတယောက်အဖြစ်နဲ့ ဝန်ခံထုတ်ပြန်ကြေညာခဲ့ပါတယ်။

Ref: Forward mail

ရီကီမာတင်ဟာ လွန်ခဲ့တဲ့နှစ်တွေက သူ့ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်
ဘယ်သတင်းမီဒီယာဌာနနဲ့မှ လက်ခံဆွေးနွေးပြောဆိုလေ့ရှိတာမဟုတ်ပါဘူး။ အခုအခါမှာတော့
သူ့ရဲ့အင်တာနက်စာမျက်နှာပေါ်မှာ “ကျနော်အလွန်ကိုကံကောင်းတဲ့
လိင်တူချစ်သူအမျိုးသားတဦးဖြစ်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်
အမြဲတမ်းဂုဏ်ယူလို့မဆုံးပါဘူး။ အခုလို လိင်တူချစ်သူတယောက် ဖြစ်ရတာဟာလည်း
ဘုရားသခင်ပေးတဲ့ ကောင်းချီးဆုမင်္ဂလာတရပ်လို့လည်း ကျနော်ယုံကြည်ပါတယ်”လို့
သူ့ရဲ့လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး
အခုလိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ရေးသားထားပါတယ်။

ပြီးတော့ “လွန်ခဲ့တဲ့လတွေထဲမှာ ကျနော့်ရဲ့ဘဝဇာတ်ကြောင်းနဲ့ပတ်သက်ပြီး
အမှတ်ရစရာအဖြစ်အပျက်လေးတွေကို ကျနော်မှတ်တမ်းတခုအနေနဲ့ရေးသားဖို့
စတင်ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလိုစစဉ်းစားလိုက်ကတည်းကနေ ကျနော်ရဲ့ဘဝ
တကွေ့ချိုးပြောင်းလဲတော့မယ်ဆိုတာကို ကျနော့်စိတ်ထဲကအလိုလိုသိနေခဲ့သလို
ဒီအပြောင်းအလဲက ကျနော်နှစ်ရှည်လများစွာ သယ်ဆောင်လာခဲ့ရတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို
ဖယ်ရှားပေးတော့မယ်ဆိုတာကိုလည်း သိနေခဲ့ပါတယ်။ ပြီးတော့ မကြာခင်ကျနော်ဟာ
ကျနော့်ရင်ထဲမှာ တိတ်တဆိတ်အကျဉ်းချခံနေရတဲ့ဘဝကနေ လွတ်မြောက်တော့မယ်ဆိုတာကိုလည်း
ကျနော်ကောင်းကောင်း သိနေခဲ့တယ်”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရီကီမာတင်ဟာ ခလေးအမွှာပူး မက်ကျီယို(Matteo)နဲ့
ဘလင်ထီနို(Valentino)တို့နှစ်ယောက်ကို မွေးစားလိုက်ပြီးတဲ့နောက်ပိုင်း
သူ့ရဲ့အချိန်တွေကို သားငယ်နှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
လုံးဝအချိန်ပြည့်ပေးဆပ်လိုက်တော့မယ်လို့ ကြေညာလိုက်ပြီးကတည်းက
တနှစ်ကျော်ကျော်နီးပါး အနုပညာလောက ကနေ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။

ရီကီမာတင်ရဲ့ မှတ်တမ်းစာအုပ်နဲ့သီချင်းအယ်လ်ဘမ်အသစ်တွေကို ဒီနှစ်ကုန်ပိုင်းမှာ
ပြန်လုပ်ထုတ်ဝေဖြန့်ချီတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ရီကီမာတင်အောင်မြင်ကျော်ကြားခဲ့တဲ့သီချင်းတွေကတော့
၁၉၉၈ကမ္ဘာ့ဖလားဘောလုံးပွဲသီချင်းဖြစ်တဲ့ Cup of life, Velvet, She Bang, I don’t
care တို့ပဲဖြစ်ပါတယ်။

One comment

  • သာမိညောင်

    April 20, 2010 at 4:09 pm

    ကိုယ်လုပ်ချင်တာ လုပ်ပြီတော့ ဘုရားသခင်ပေးတဲ့ ကောင်းချီးဆုလေးဘာလေးနဲ ့
    ကိုယ်လုပ်ချင်တာ လုပ်ပါ ဘုရားသခင် က
    ကန်တော့ပါဗျာ ငချဉ်မဟုတ်ဘူး

    Reply

Leave a Reply

Your email address will not be published.