၁၉၈၈ အရေးအခင်းကာလတုန်းကပါ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ အစိုးရလည်းမရှိတဲ့အချိန်ပေါ့။ ဒီမိုကရေစီရရှိရေး တို့အရေး၊ တို့အရေးလို့ လူတွေအော်ဟစ်ဆန္ဒတွေပြနေဆဲအချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကဗျာတွေ စာတွေ လက်ကမ်းစာစောင်တွေလည်း လူထုကြားမှာ အင်မတန်ရေပန်းစားနေခဲ့ပါတယ်။ အဲဒီအချိန်က ဆယ်ကျော်သက်တစ်ယောက်ဖြစ်တဲ့ မိုးလုံး လည်း အဲဒီ စာတွေ ကဗျာတွေကို ဖတ်ခဲ့ရပါတယ်။ အမှတ်တမဲ့ ဖတ်ခဲ့တဲ့ စာတွေ ကဗျာတွေထဲမှာ အခုအချိန်အထိ စိတ်ထဲစွဲနေတဲ့ ကဗျာလေးတစ်ပုဒ် အကြောင်းဆွေးနွေးချင်လို့ပါ။ အဲဒီကဗျာရေးတဲ့သူရဲ့အမည်က မှိုင်းမျိုးဆက် လို့ရေးထားပါတယ်။ ကဗျာမှာပါတဲ့ ပထမတစ်ပိုဒ်နှစ်ပိုဒ်လောက်ကို မိုးလုံးအလွတ်ရနေတဲ့အတွက် အခုရေးပြပါ့မယ်။ ဖတ်ကြည့်ပါ။
မဟုတ်မဟပ်
လုပ်ဇာတ်ထွင်လိမ်စဉ်နဲ့
စိန်လွင် ကိုနေရာပေးတာ
တွေသာကြည့်ပေတော့
ခွေး သဘာပတိဖြစ်သလို။
သတင်းမမှန် ညာပုံနဲ့
နေဝင်းရာ
မင်းအကြံဒါအကုန်လား…။
ဆိုရှယ်လစ် ဆိုရှယ်လစ်နဲ့
အပျိုအရွယ်သစ်ကလေး ခြေတော်တင်
ပြည်တော်တစ်ခွင် ခိုးထားသမျှတွေနဲ့
ဖြေဖျော်ရင်မရိုးသားလှပါဘူး……..။
ခွင့်လွှတ်ပါ။ မိုးလုံးအလွတ်ရတဲ့နေရာက အဲဒီအထိပါပဲ။ ကဗျာပါအကြောင်းအရာတွေကို မိုးလုံးမဆွေးနွေးချင်ပါဘူး။ မိုးလုံး နိုင်ငံရေးသမားမဟုတ်လို့ပါ။ ဒါပေမယ့် ကဗျာလေးက တော်တော်လေးလှပြီး တော်တော်လေးထိရောက်တဲ့ စကားလုံးတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာတော့ ရဲရဲရင့်ရင့် ပြောရဲပါတယ်။ တစ်ကယ်လို့များ စာဖတ်သူတွေထဲမှာ ဒီကဗျာကို ဖတ်ဘူးတဲ့သူ၊ သိမ်းဆည်းထားတဲ့သူများရှိရင် mandalay gazette ကတစ်ဆင့် တင်ပြပေးဘို့တောင်းဆိုချင်တာပါ။ အစအဆုံးဖတ်လိုက်ရရင် ပိုမိုက်မယ်ထင်လို့ပါ။

တော်တော်ထိရောက်ပြီးကောင်းတဲ.ကဗျာလေးဗျာလုပ်ကြပါရှိတဲ.လူတွေဆက်ပြီးတင်ပေးကြပါ
ဆရာသခင်ကိုယ်တော်မှိုင်းရေးလေ့ရေးထရှိတဲ့ လေးချိုးကိုသတိရမိတယ် ဒါကြောင့်လဲဒီကဗျာရေးတဲ့သူကသူ့အမည်ကိုမှိုင်းမျိုးဆက်လို့ပေးထားတာဖြစ်မယ်။။
်ခိုင်းနွားတွေ စေပုံမလှရှာတော့
ကျောင်းသားတွေ သေကုန်ကြရှာပေါ့ . . .
. . . .
ထပ်ညှိစရာမလိုတော့ပါဘူး
သတ်တိပိုမို . . .
ဒါပဲသတိရတော့တယ်။ ထပ်သတိရလာရင်ထပ်ရေးပေမယ်
ကဗျာနံမည်က `ခွေးတွေကအူ၊ သွေးတွေကဆူ´ တဲ့
မထူးတဲ့ ခေတ်ပြောင်းချိန်မှာ စနစ်ဟောင်းက ကဗျာသမိုင်းအကြောင်းကို ကြားလိုက်ရတာ.. ကောင်းလိုက်တဲ့ဖြစ်ခြင်း..ရင်တွင်းမှာ စစ်စစ်နဲ့ နာလို့…။