အင်းလေးကန် ရေနည်းနေသော်လည်း အစဉ်အလာမပျက် ဖောင်တော်ဦးပွဲတော် ကျင်းပ

ဂ်စ္စူOctober 15, 20101min03

http://popularmyanmar.com/mpaper/wp-content/uploads/2010/10/Innlay.jpgဖောင်တော်စတင်ထွက်ခွါရာ လှေများစုပေါင်းရောက်ရှိလာစဉ်။

အင်းလေးကန်အတွင်း ပုံမှန် ထက်ရေနည်းနေသော်လည်း နှစ် စဉ်သီတင်းကျွတ်လဆန်း ၁ ရက် တွင် စတင်ကျင်းပသော အင်းလေး ဖောင်တော်ဦးပွဲတော်ကို ပုံမှန် အတိုင်း ကျင်းပနေပြီဖြစ်ကြောင်း ဖောင်တော်ဦးဘုရားပွဲသို့ သွား ရောက်သူတစ်ဦး၏ သတင်းပေးပို့ ချက်အရ သိရသည်။  ”ရေကတော့ အရင်နှစ်တွေ ထက်နည်းနေ သေးတယ်။ ဖောင် တော်လှည့်ဖို့ အဆင်ပြေပါတယ်။ ဘာမှ ထူးထူးခြားခြား ပြောင်းလဲ မသွားပါဘူး။ နှစ်စဉ်သွားနေကျ ၂၁ ဌာနစလုံး လှည့်လည်သွားမှာပါ။ ဖောင်တော်လှည့်လည်ရာလမ်းတစ် လျှောက်လည်း အစကတည်းက ပြင်ဆင်မှုအချို့လုပ်ထားတော့ အ ဆင်ပြေပါတယ်” ဟု ဖောင်တော် ဦးဘုရားလှည့်လည်ရာ လိုက်ပါနေ သူ ဒေါ်ခင်မျိုးမျိုးက ပြောသည်။ အင်းလေးဖောင်တော်ဦး ဘုရားပွဲသည် နှစ်စဉ်သီတင်းကျွတ် လဆန်း ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၃ရက်အထိ အင်းလေးဒေသ အနောက်ဘက် ကမ်းနှင့် အရှေ့ဘက်ကမ်း ၂၁ ရွာအား လှည့်လည်အပူဇော်ခံ ခြင်းဖြစ်သည်။ ယခု နှစ်တွင်လည်း အဆိုပါ ၂၁ ရွာ (၂၁ ဌာန)စလုံး လှည့်လည်အပူဇော်ခံသွားမည် ဖြစ်ပြီး သီတင်းကျွတ်လပြည့်ကျော် ၃ ရက်တွင် ကျောင်းတော်ဝင်ပွဲ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။ ”ဖောင်တော်ဦးက အချို့ရွာ တွေမှာ နေ့ဆွမ်းဘုဉ်းပေးပြီး ဆက် ကြွပါတယ်။ ပုံမှန်နေ့ဆွမ်းဘုဉ်းမယ့် ရွာရယ်၊ ညအိပ်မယ့်ရွာရယ် သတ် မှတ်ပြီးသားပါ။ ဘုရားကို ရွှေပြား အစစ်ချတာ တော့ လပြည့်ကျော် ၂ ရက်နေ့မှ အင်းပေါခုံရွာမှာ လုပ်မှာ ပါ။ နှစ်တိုင်းလည်း အဲဒီရွာလေးမှာ ပဲ ဘုရား ၅ ဆူစလုံး ရွှေချပါတယ်။ ဖောင်တော်ပေါ်က ၄ ဆူပဲပါတော့ တစ်ဆူစာအတွက် ကျောင်းတော် ဝင်ပွဲပြီး နောက်ရက်မှာ သွားချပါ တယ်” ဟု အင်းပေါခုံရွာသူတစ်ဦး ကဆိုသည်။  ဖောင်တော်ဦးဘုရားသည် ၅ ဆူရှိသော်လည်း ၄ ဆူသာ ပင့် ဆောင်နိုင်ပြီး ၅ ဆူစလုံး ပင့် ဆောင်ပါက မိုးသက်လေပြင်းများ ကျရောက်လေ့ရှိသည်ဟု သမိုင်း အထောက်အထားများရှိခဲ့ကြောင်း လည်း သိရသည်။အင်းလေးရေကန်သည် ပြီးခဲ့ သည့်နွေရာသီက ရေခန်းခြောက်မှု ပြဿနာနှင့်ရင်ဆိုင်ခဲ့ရပြီး ဒေသ ခံများသည် အင်းလေးဖောင် တော်ဦး ဘုရားပွဲတော်မကျင်းပ နိုင်မည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါ အောက်တိုဘာ ၉ ရက် (သီတင်းကျွတ် လဆန်း ၁ ရက်) မှ စတင်၍ ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။
မိုးမြင့်မြတ် popular myanmar

3 comments

  • ဆူး

    October 15, 2010 at 12:00 pm

    ဒီလို သတင်းမျိုး များများ တင်ပေးပါ.. အနယ်နယ် အရပ်ရပ်က လူတွေ ဘာဖြစ်နေလဲ သိရတာပေါ့..

    Reply

  • mG

    October 15, 2010 at 1:07 pm

    အဟိ……။သွားထားကျသူငယ်ချင်းတို့ေ၇….။နောက်ဆို ရေတောင် ရှိပါတော့မလားမသိဘူး။မန္တလေးက ရေတွေအားလုံး အဲ့ကိုရောက်သွားသင့်တယ်။

    Reply

  • The Reds

    October 15, 2010 at 4:03 pm

    စိတ် ချ သူ ငယ် ချင်း ရေ အင်း လေး က အ ချိန် တန် ရင် ရေ ပြန် ပြည်. မှာ ပါ ။ ..

    Reply

Leave a Reply

Your email address will not be published.