ဈေးဆစ်သောလူ

စေနOctober 15, 20101min00

ပထမဦးဆုံးနေ့တွင် ဘုရားသခင်က နွားမတစ်ကောင်ကို ဖန်ဆင်းတော်မူ၏။
ဘုရားသခင်က မိန့်တော်မူလေသည် …………

”မင်းက လယ်သမားနဲ့အတူ  လယ်ကွင်းထဲကို တစ်နေကုန်လိုက်သွားပြီး
နေရောင်အောက်မှာ ဒုက္ခခံရမယ်။ လယ်သမားကို ကူညီတဲ့အနေနဲ့
နွားကလေးတွေမွေးရမယ်။ နွားနို့လဲပေးရမယ်။ ငါက မင်းရဲ့သက်တမ်းကို
နှစ်ပေါင်းခြောက်ဆယ် သတ်မှတ်ပေးမယ်……….”

နွားမကပြောလိုက်၏။…………………..
”ကျုပ်ကို နှစ်ပေါင်းခြောက်ဆယ်အထိ ပင်ပန်းဆင်းရဲတဲ့ဘဝမှာ နေစေချင်တာလား။
ကျုပ်က နှစ်20 ပဲ ယူပြီးနှစ်၄ဝ ကိုပြန်ပေးပါရစေ………..”
ဘုရားသခင်က သဘောတူလိုက်သည်။

ဒုတိယနေ့တွင် ဘုရားသခင်က ခွေးကို ဖန်ဆင်းတော်မူသည်။ ဘုရားသခင်က
မိန့်တော်မူလိုက်၏။…………….
”မင်းက အိမ်တခါးပေါက်မှာ ဖြတ်လျှောက်သွားတဲ့ ဘယ်သူ့ကိုမဆို ဟောင်ရမယ်။
ငါက မင်းရဲ့သက်တမ်းကို နှစ်ပေါင်း ၂ဝသတ်မှတ်မယ်။…….”

ခွေးက ပြောလိုက်၏။……………..
”အဲဒါက ဟောင်နေဖို့အတွက်ကြာရှည်လွန်းပါတယ်။ ကျုပ်ကို ၁ဝနှစ်ပဲ ပေးပါ။
ကျုပ်က ကျန်တဲ့နှစ်ဆယ်ကို ပြန်ပေးပါ့မယ်။”
ထို့ကြောင့် ဘုရားသခင်က သဘောတူလိုက်သည်။……….

တတိယနေ့တွင် ဘုရားသခင်က မျောက်ကို ဖန်ဆင်းတော်မူသည် ။ ဘုရားသခင်က
မိန့်တော်မူလိုက်၏။……..
”မင်းက မျောက်တို့ရဲ့ ကျီဆယ်နောက်ပြောင်မှုတွေနဲ့ လူတွေကို ဖျော်ဖြေရမယ်။
ရယ်မောအောင်လုပ်ပေးရမယ်။ ငါကမင်းရဲ့သက်တမ်းကို အနှစ်
၂ဝသတ်မှတ်မယ်…………….”

မျောက်က ပြောလိုက်တယ်။………..
”မျောက်တို့ရဲ့ ကျီဆယ်နောက်ပြောင်မှု တွေကို နှစ်ပေါင်း၂ဝတောင်
လုပ်နေရမှာလား။ ပျင်းစရာကောင်းလိုက်တာ။ကျုပ်တော့မလုပ်ချင်ဘူး။ ခွေးက
၁ဝနှစ်ပြန်ပေးတယ်လေ ။ ဒီတော့ကျုပ်လဲ
သူ့လိုပဲလုပ်မယ်။ရတယ်နော်……….”
ဘုရားသခင်က သဘောတူလိုက်ပြန်သည်။….

စတုတ္ထ္ထ္တနေ့တွင် ဘုရားသခင်က အမျိုးသားတစ်ယောက်ကို ဖန်ဆင်းတော်မူသည်။
ဘုရားသခင်က မိန့်တော်မူလိုက်သည်။
”အစားစားပါ ၊ အိပ်ပါ၊ ဆော့ကစားပါ၊ အရသာခံပါ၊ ဘာအလုပ်မှမလုပ်ပါနဲ့၊
အရသာခံပါ၊ မင်းကိုငါက နှစ်ပေါင်း၂ဝပေးမယ်။………….”

”ဗျာ နှစ်ပေါင်း၂ဝ ပဲလား၊ မရဘူးကိုယ်တော် ကျုပ်တစ်ခုပြောမယ်၊ ကျုပ်က
ကျုပ်ရဲ့နှစ်ပေါင်း ၂ဝကိုယူမယ်၊ ပြီးတော့နွားမက ပေးတဲ့နှစ်ပေါင်း၄၀၊
ခွေးကပေးတဲ့နှစ်ပေါင်း ၁ဝနှစ်၊ မျောက်က ပြန်ပေးတဲ့ ၁ဝနှစ်၊ ဒါဆို
နှစ်ပေါင်း ၈ဝယူမယ်။ ဟုတ်ပြီနော်။……….”

ဘုရားသခင်က မိန့်တော်မူလိုက်၏။……….
”ကောင်းပြီလေ မင်းနဲ့ငါအပေးအယူတည့်သွားပြီ……………”

ထို့ကြောင့် ကျွန်ုပ်တို့သည် ပထမ နှစ်ပေါင်း၂ဝတွင် အစာစားကြသည်၊
အိပ်စက်ကြသည်၊ ဆော့ကစားကြသည်၊ အရသာခံကြသည်၊ ဘာအလုပ်မှ မလုပ်ကြချေ။
နောင်အနှစ် ၄ဝတွင်မူ ကျွန်ုပ်တို့သည် မိသားစုကို ကျွေးမွေးထောက်ပံ့ရန်
နေရောင်ခြည်အောက်မှာ ကျွန်ခံကြရသည်။ နောက်ထပ် ၁ဝနှစ်တွင် ကျွန်ုပ်တို့
၏မြေးများကို ဖျော်ဖြေကြရသည်။ ထို့နောက် နောက်ဆုံး ၁ဝနှစ်တွင်မူ
အိမ်ရှေ့တွင်ထိုင်ပြီး လူတိုင်းကို ဟိန်းဟောက်နေကြရလေ၏။

ဖော်ဝပ်မေးတစ်ခုမှရရှိပါသည်။

Leave a Reply

Your email address will not be published.