အုပ်ထိန်းတာလား ၊ စွက်ဖက်တာလား ။

search123October 14, 20101min07

အတူတူ ၁ဝ တန်းအောင်တဲ့ သူငယ်ချင်း ယောက်ျားလေး တစ်ယောက် အကြောင်းပါ။
ငယ်ငယ် ကတည်း က အမေ ရဲ့ ပုံစံသွင်းမှု နဲ့ ကြီးပြင်း လာခဲ့ ပါတယ်။
သူ့အဖေကတော့ အဝေးမှာပါ။
ကြီးလာတဲ့ အခု အချိန် အထိ ကိုယ့် သဘောနဲ့ ကိုယ် ဘာမှ မလုပ်ခဲ့ ရလို့လား မသိ။
သူ့ ပုံစံ က အူတူတူနဲ့ ကြောက် လည်း ကြောက်တတ်ပါတယ်…
၁ဝ တန်းအောင်တော့ ဂုဏ်ထူး ၂ ဘာသာ ပါ ပါတယ်။
အမှတ် လည်း ကောင်းပါတယ်။
ဆေးကျောင်း မမီ ပေမဲ့ လည်း အခြား လိုင်းတွေ တက်လို့ရနိုင်တဲ့ အနေ အထားပါ။
သူ က  GTC တက်ချင်တာ သူ့ အမေ က ပေးမတက်။UFL လျှောက်ခိုင်း လို့ UFL လျှောက်ပြီး ကျောင်းကို  ၃ ရက် လောက် သွားတက်တော့ လည်း သူ့ အမေ လိုက်ပါတယ်။
ပြီးတော့ ရတဲ့ မေဂျာက ဂျာမန် မို့လို့ ဆိုပြီး၊ မတက်ခိုင်းတော့ ပဲ Computer ပြောင်းလျှောက်ခိုင်း ပါတယ်။
သားလုပ်တဲ့သူ ကလည်း ဘာမှ မပြောပါဘူး။ပြောင်းပါတယ်။
ဒီလို နဲ့ Computer University မှာ တစ်ပတ် လောက် တက်ပြီးတော့ မတက်ခိုင်းတော့ပြန်ဘူး။
ဒီတစ်ခါ ကတော့ သူ့အဖေ အလှည့် ပါ။
နိုင်ငံခြား သင်္ဘောတွေ ဘာတွေ လိုက်ရင် အဆင်ပြေ အောင်ဆိုပြီး ဒဂုံ တက္ကသိုလ် မှာ B.Sc(Engineering) တက်ခိုင်းလိုက်ပါတယ်။
သူများတွေ ကျောင်းတက်တာ တစ်လလောက် ရှိမှ သူ့ မှာ အခြေကျပါတယ်။
အခုတော့ Second Year ပါ။
အခု တစ်ခါ ကျတော့ ကျောင်းက ဘွဲ့ က အရေးမကြီးဘူး…ကျောင်းကိုသိပ် မတက် ခိုင်းတော့ ပဲ..နိုင်ငံခြား လွှတ်ဖို့ လုပ်နေ ပြန်ပါတယ်။
မိဘတွေ သား၊သမီး ကိုချစ်လို့ အရိပ်တကြည့်ကြည့် လိုက်လုပ်ပေးတယ် ဆိုပေမဲ့ လည်း ကိုယ့် ကလေး တုံး သွားတဲ့ အထိတော့ မလုပ်သင့်ဘူး လို့ထင်ပါတယ်။
အခု အရွယ်ကြီး အထိ မုန့်တောင် သူ့အမေ ဝယ်လာတဲ့ မုန့်ပဲ စားရတာပါ။
သူ့မိဘ တွေ ကလည်း ဒါကိုပဲ ဂုဏ်လုပ်ပြီး လူထူရင် ကြွားပါတယ်။
သူတို့သား က သူတို့ ပြောသမျှ ပြီးတယ်ပေါ့။
မိဘတွေ ဆင်ခြင် စေချင် ပါတယ်။
ကလေး ရဲ့ အနာဂတ် ကိုဖျက်ဆီးတာ နဲ့ တူပါတယ်။
ကိုယ့် ကိုယ် ကို ဘာဖြစ်ချင် လို့ ဖြစ်ချင်နေမှန်း မသိအောင် လုပ်ထားတာ ဟာ ကလေး ရဲ့ ဘဝ တစ်လျှောက်လုံး အတွက် အရမ်းကို အန္တရာယ် ကြီးပါတယ်။
ဒီ အချက်ကို မိဘတိုင်း ဂရု ပြုစေချင်ပါတယ်။

7 comments

  • kyansitthar101

    October 14, 2010 at 6:34 am

    ဒီကောင်တော့ သနားပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင် ခွင့် မရ ရှာဘူး။
    ကျနော်တွေ့ဖူးတာတော့ တက္ကသိုလ် ရောက်တဲ့ အထိ မိဘတွေက သူတို့ သားသမီးတွေကို ကျောင်းလိုက် အပ်ပေးနေကြတယ်။ မသင့်တော်ဘူး ထင်တယ်။

    Reply

  • pan pan

    October 14, 2010 at 7:02 am

    ဒီလိုသာလုပ်နေရင် ကိုယ်စွမ်းကိုယ်စ မရှိတော့မှာ စိုးရိမ်စရာ။

    Reply

  • april

    October 14, 2010 at 7:20 am

    မိန်းကလေး ဆိုုုရင်တော့ တစ်မျိုးပေါ့နော်…ယောကျင်္ားလေးကို အဲဒီလောက်ထိ လိုက်လုပ်ပေးတာကတော့ ချစ်ရာမရောက်ပဲ နှစ်ရာရောက် သလို ဖြစ်နေပြီ။

    Reply

  • michaelaungpu

    October 14, 2010 at 12:53 pm

    ဒို ့ကတော့ အိမ်မှာနေခိုင်းရင်လည်း စပါးခိုးရောင်းလိုက်တာဘဲ
    လယ်တောထဲဆင်းခိုင်းရင်လည်း ငါးကန်လက်ညှိုးထိုးရောင်းလိုက်တာဘဲ
    အဲ့တော့အဘိုးကြီးက
    မင်းကိုဆော်ရတာငါ့လက်ကိုသနားတယ်
    မင်းပစ္စည်းမင်းကောက် သွားးးးးးးးးးးး ကြိုက်တဲ့နေရာကို ငါသေမှပြန်လာ
    ငါမသေခင်ရွာအရိပ်တောင်မနင်းနဲ ့

    Reply

  • april

    October 14, 2010 at 1:13 pm

    အော် ဒါဆို michaelaungpuက ရောင်းလု့ိ်ရတဲ့ ပိုက်ဆံနဲ့ မြို့တက်လာတယ် ဆိုပါတော့……. 😛

    Reply

  • kopauk mandalay

    October 14, 2010 at 3:08 pm

    ချစ်တာမဟုတ်ဘူး လူညွန့်တုံးအောင်လုပ်လိုက်တာပါ။
    ဒီလိုမိဘတွေက သူတို့ပြောတာနားထောင်ရင် လိမ္မာတယ်။
    နားမထောင်ရင်လူမိုက်။
    လူလိမ္မာတွေများလာတဲ့မြန်မာပြည်မှာ
    ခိုင်းတာကလွဲရင်ဘာမှမလုပ်တတ်တဲ့ လူတွေများများလာတာ ဘာဆန်းသလဲဗျာ။
    ကဲ နောက်ပေါက် အဖေ အမေ အသစ်ကလေးများ ကိုယ့်အလှည့်ကျရင်ကောဗျာ……………………………………..

    Reply

  • darkoosky

    October 22, 2010 at 9:43 am

    hote tal ..

    Reply

Leave a Reply to pan pan Cancel Reply

Your email address will not be published.