CDMA 800 MHz

CDMA 800 MHz ၅ သိန်းတန် ဖုန်းကို ပွဲစား နဲ့ မဟုတ်ပဲ ကိုယ့် ဘာသာကို လုပ်မယ်ဆိုရင် ဘာတွေ လိုအပ်လဲ ဆိုတာ သူငယ်ချင်း တို့ သိသလောက် ပြောပြပေးပါဦး။

This Post Has 12 Comments

  1. Linn Lett

    သေချာတာတစ်ခုတော့ ပြောပြလိုက်မယ်နော်။
    အခုကျွန်တော်ပြောပြမယ့်အရာက သေချာပေါက်လိုကိုလိုတယ်ဗျာ။
    အဲဒါကတော့ ၅သိန်းပဲ။
    အနည်းဆုံး ၅သိန်းတော့ သေချာပေါက်လိုတယ်။
    ကျန်တာတော့ ကျွန်တော်လည်းသေချာမသိဘူး………ဟီးဟီး။

  2. search123

    အမှန် တစ်ကယ် လိုအပ်တာ ကို ပြောပေးတာ ကျေးဇူးပါ။

  3. ဆူး

    ဘယ်မှာလဲတော့ မသိဘူး.. အဲဒိ ဖုန်းသွားလျောက်တာ ပွဲစားတွေ အများကြီးဆိုလား.. အဲဒီမှာ.. အမျိုးသမီး တယောက်တောင် လူနင်းမိလို့ လက်ကျိုးသွားတယ်လို့ ဖတ်ရတယ်.. ဘယ်မှာလဲတော့ အမှတ်တမဲ့ဘဲ.. ဒီတော့ လိုအပ်သည်မှာ လူနင်းခံနိုင်ရမည်။

  4. Gong Zhu

    ကိုယ့်မြို့နယ်မှာရှိတဲ့ မြို့နယ်ရုံးလား ၊ ရပ်ကွက်ရုံးလား အဲ့ဒီမှာသွားပြီးလျှောက်ရတာပါ … ပွဲစားနဲ့ဆိုရင်တော့ 3 ရက်ဆိုရတာပေါ့ … သွားလျှောက်ရင်တော့ ကြာမယ်ထင်တယ် …

  5. kohtoo

    အ ပေါ် က comments တွေ က၊ နောက် တာ လား ၊ မေး တဲ့ လူ က လဲ ၊ နောက် လိုက် တာ ပဲ လား၊ မ ခွဲ ခြား တတ် တော့ ဘူး။
    သိ ရ သ လောက် …ပြော ရ ရင်….
    (၁) လိုင် စင် ဓါတ် ပုံ…..(၃) ပုံ….
    (၂) သန်းကောင် စာ ရင်း =မူ ရင်း ၁၊ မိတ္တူ ၁၊
    (၃) နိုင် ငံ သား စီစစ် ရေး ကဒ်= မူ ရင်း ၁၊ မိတ္တူ ၁၊
    (၄) ပြီး ရင် ငွေ (၅) သိန်း ပေါ့။
    (၅) M.P.T က form…(ဆ.သ.ရ ရုံး က ထုတ် ပေး မယ်)

    ဟဲ…ဟဲ point တော့ တက် သွား ပြန် ပြီ ပေါ့။ ..အ များ အ ကျိုး ဆောင် ကိုယ့် ပု ဆိုး ပေါင် …အဲ..အဲ..ကိုယ့် အ ကျိုး အောင်….
    ကျ နော် က တော့ ပွဲ စား ပဲ၊ ..ခိုင်း လိုက် တယ်။

  6. search123

    နောက်တာ မဟုတ်ပါ။ တကယ်ပါ။
    စာတိုက်ကြီး မှာလျှောက်ရမှာ လား၊ ရွှေဂုံတိုင်မှာလား?

  7. michaelaungpu

    ကြည့်ရတာ ငွေငါးသိန်းကို ကောက်ရခဲ့တာထင်တယ်
    ငါးသိန်းဆိုတဲ့ငွေကိုတောင်ရှာနိုင်ခဲ့ပြီး မသုံးတတ်လို ့လား
    အရာင်းဝယ်ဖြစ်ကြရင်တော့ ကြော်ငြာခလေးတော့ အခွန်ဆောင်စေခြင်ပါတယ်

  8. april

    အဒေါ်တစ်ယောက် သွားလျှောက်တာတော့ ရွှေဂုံတိုင်မှာပါ။

  9. Gong Zhu

    ခြောက်သိန်းတန်ဖုန်း ဝယ်ပါ့လား ။ နေပြည်တော်ဖုန်းလေ တစ်နိုင်ငံလုံးပြောလို့ရတယ်တဲ့ … ငါးသိန်းဖုန်းက တစ်မြို့နယ်ထဲတော့မဟုတ်ပေမယ့် လမ်းမတော်ကနေ ပြီး မင်္ဂလာဒုံ လေယာဉ်ကွင်းလောက်ဆို မမိတော့ဘူး ။။

  10. mG

    kohtoo >> ပြောထားတာတော့ တော်တော်လေး ပြည့်စုံနေပြီဗျ။လိုအပ်နေတာလေးတွေကိုပဲ ဖြည့်ပြောပေးတော့မယ်နော်။

    – ငွေ ငါးသိန်းကို ဆ.သ.ရ ရုံးမှာပေးသွင်းလို့မရပါဘူး။မြို့နယ်အလိုက် တတ်ဆိုင်ရာ ဘဏ်ခွဲတွေမှာ ပေးသွင်းရမှာပါ။
    (ဥပမာ – လမ်းမတော်၊လသာ၊ပန်းဘဲတန်း၊ကျောက်တံတား၊ဗိုလ်တထောင်မြို့နယ် တွေကတော့)ပန်းဆိုးတတ် မီးပွိုင့်(မဟာဗန္ဓုလလမ်းမ)
    ရှိ ဆက်သွယ်ရေးရုံးတွင် လျှောက်လွှာသွားဝယ်ပြီးလျှောက်းထားရမှာပါ။

    မှတ်ချက် ။ ။မြို့နယ်များအလိုက် ဖုန်းလျှောက်လွှာနှင့်ငွေပေးသွင်းမှု ဌာနများ ကွဲပြားသည်။ဌာန တခုတွင် နေရာနဲ့မြို့နယ်အလိုက်

    လျှောက်ထားနိုင်သော နေရာအားဖော်ပြထားသည့် လမ်းညွှန်ဘုတ်များလည်းရှိသည်…….။ဒီနေ့လုပ် ဒီနေ့ရတယ်နော်…..။

  11. moelone

    ဒီရက်ပိုင်းမှာ အစအဆုံးကိုယ်တိုင် သွားလျှောက်ပြီးရယူခဲ့တာမို့ နည်းနည်းပြောခွင့်ပြုပါ။
    အရင်ဆုံး ဖုန်းလျှောက်မယ့်သူရဲ့ သန်းခေါင်စာရင်းရှိတဲ့မြို့နယ်ကိုကြည့်ပါ။ ဥပမာ လှိုင်၊ ကမာရွတ်၊ အင်းစိန် သုံးမြို့နယ်ဆိုရင် အဓိပတိလမ်းက တက်ကသိုလ်စာတိုက်မှာ လျှောက်ရပါတယ်။ အဲဒါကတော့သေခြာပါတယ်။ တခြားမြို့နယ်တွေလည်း သူ့နေရာနဲ့သူခွဲခြားထားပါတယ်။ ပထမစာတိုက်မှာ ဖောင်ဝယ်ရပါတယ်။ ၁၁၀ဝ ပေးရပါတယ်။ အဲဒီဖောင်ကိုဖြည့်ပါ။ ကိုယ်တိုင်မဟုတ်ရင် ကိုယ်စားလှယ်လွှဲစာ ရေးရပါတယ်။ အဲဒီစာတိုက်ကပဲ ၂၀ဝ နဲ့ ရောင်းပေးပါတယ်။ ဖောင်ဖြည့်ပြီး တင်လိုက်ရင် စာတိုက်က ဘဏ်မှာငွေသွင်းဘို့ စာထုတ်ပေးပါတယ်။ အဲဒီအဆင့်အထိ မှတ်ပုံတင်မိတ္တူ ၁စောင်ရယ်၊ သန်းခေါင်စာရင်းမိတ္တူ ၁စောင်ရယ်၊ ဓါတ်ပုံသုံးပုံရယ်ပဲလိုပါတယ်။ အဲဒါလည်းအရမ်းမြန်ပါတယ်။ ကြာလှ ၁၅ မိနစ်ပေါ့။ ဘဏ်ငွေသွင်းရမယ့် စာကိုယူပြီး လှိုင် ဘာတာမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ချီတက်ပေတော့။ ဘဏ်မှာ ငွေသွင်းချလံ တစ်စောင် သုံးရာ(ထင်တယ်)ဝယ်လိုက် ပြီး ဖြည့်ပါ။ ချလံမှာ စာဖြည့်ပြီးတာနဲ့ ကောင်တာမှာ သွားတင်ပါ။ ခဏပဲကြာပါတယ်။ ငွေသွင်းလို့ရပါလိမ့်မယ်။ ၅ သိန်းနဲ့ တစ်ထောင်ပေးရပါမယ်။ ခဏလေးနေရင် ဘဏ်ငွေလက်ခံပြန်ရပါပြီ။ အားလုံး ၁ဝ မိနစ်လောက်ပဲကြာပါတယ်။ ပြီးတာနဲ့ စာတိုက်ကို ပြန်ချီတက်တော့။ စာတိုက်မှာ ထမင်းစားချိန်ဆိုရင်တော့ နည်းနည်းစောင့်ရတယ်။ စာတိုက်က ဖုန်းကတ်ထုတ်ဘို့ စာရွက်သုံးရွက်ပါတဲ့စာချုပ်တစ်စောင်ပြန်ပေးလိမ့်မယ်။ အဲဒါကိုကော်ပီကူးပြီး ပုလဲကွန်ဒိုမှာရှိတဲ့ အီလိုက်ရုံးခန်းကိုချီတက်ပေတော့။ အီလိုက်ကိုရောက်ရင် စာချုပ် မူရင်းရယ်၊ မိတ္တူရယ်၊ ဖုန်းလျှောက်တဲ့သူရဲ့ မှတ်ပုံတင်မူရင်းရယ်၊ ကိုယ်စားလှယ်ရဲ့ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူရယ်၊ သန်းခေါင်စာရင်းမိတ္တူရယ် ပေးလိုက်တာနဲ့ ဖုန်းကတ်ရပါပြီ။ ဒါကျွန်တော်တွေ့ခဲ့တဲ့ ကိုယ်တွေ့ကိုရေးထားတာပါ။ ကြားမှာ မြန်ချင်လို့ တချို့နေရာမှာ လဖက်ရေဘိုးနည်းနည်းပေးရတာကိုတော့ ထည့်မပြောတော့ဘူး။ ဒါကတော့ နားလည်ပြီးသားတွေပဲလေ။ ဒီလောက်ဆိုရပြီထင်ပါတယ်။ တစ်နေရာနဲ့တစ်နေရာ သွားချိန်လာချိန်တွေကို ပါထည့်တွက်ရင် မနက် ၁ဝ နာရီလောက်ကလုပ်ရင် နေ့လယ် ၂ နာရီလောက်ဆိုပြီးပါတယ်။

  12. moelone

    နည်းနည်းကျန်သွားလို့ ၊ အဲဒီအဆင့်တွေအားလုံးမှာ ရစ်တဲ့နေရာတစ်ခုမှ မရှိပဲ အင်မတန်လွယ်ကူကြောင်းပါ။

Leave a Reply