ဖိုးဖိုးတို့ခေတ်ကအချစ် …..

fattyOctober 14, 20101min03

မဝေ နဲ့ တက္ကသိုလ်မှာဆုံခဲ့ကြပုံက ရုပ်ရှင်ဇာတ်ကားတွေထဲကလို ဆန်းဆန်းပြားပြား မဟုတ်ပေမဲ့ နဲနဲတော့ …. ပြောစရာဖြစ်နေပေမည်။
ရန်ကုန် တက္ကသိုလ်ကို ကျနော် တောင်ကြီးကောလိပ်က ပထမနှစ်ပြီးတော့ပြောင်းလာရသည်။ တတိယနှစ်ရောက်မှ ရန်ကုန်တက္ကသိုလ်၏
ပင်မ ကျောင်းဆောင်ကြီးတွေဘက်ကိုရောက်ဖူးသည်။ ဒုတိယနှစ်တနှစ်လုံး ရာမညဆောင်မှာသာကျောင်းတက်ရသည်။ ရာမညဆောင်က
ပြည်လမ်းမကြီးဘက် .. လှည်းတန်းကားဂိတ်ဖက်နီးတာမို့ ပင်မ ဆောင်ကြီးများနှင့် နဲနဲအလှမ်းဝေးသည်။

ကျနော်ဆိုတဲ့ကောင်ကလဲ … နယ်ကပြောင်းလာခါစမို့အူလည်လည် …အဆောင်ကနေ စာသင်ခန်းထဲသို့သာတန်းဝင်သည်။ ဟိုဟိုဒီဒိ
လျှောက်လိမ့်တာမျိုးမရှိ … အလွန်ဆုံ့း …ဦးချစ်လဘက်ရည်ဆိုင်လောက်သာသွားထိုင်တတ်သည်။ …..အဲဒီစာသင်နှစ်တနှစ်လုံး
ပင်မ ဆောင်ကြီးတွေဘက်မရောက်ဖြစ်တော့ … ဘယ်လောက်စည်ကားသလဲဆိုတာလဲမသိ ….။ အူလိုက်ပါဘိ။

တတိယနှစ်ရောက်တော့ … ပင်မ သိပ္ပံ ဆောင်ကြီးမှာ ကျောင်းစတက်ရသည်။ ကျောင်းဆောင်ကြိးကလည်း ခန့်ညားလှပါလား ….
တက္ကသိုလ်ကျောင်းသူတွေကလည်း လှလိုက်တာ …မြင်မြင်သမျှငေးယူရသည်။ … ငန်းကြောထလိုက်တာလို့ထင်ကြပုံပင် …….
ကျေင်းသူတွေက အုပ်စုလိုက် … စာအုပ်လေးတွေကိုယ်စီလက်ကကိုင်ကြတာများသည်။ တချို့ကတော့ လွယ်အိတ်လွယ်ကြပါ၏။

ကျနော်အတန်းစတက်ဖိို့ သိပ္ပံဆောင်ကြီးထဲဝင်လိုက်သည် … ကော်ရစ်တာတလျှောက် လျှောက်လာရင်း ညာဘက်ခြမ်းမှာ ယောကျာင်္းလေး
အိမ်သာတွေ့တာနဲ့ ချိုးဝင်လိုက်သည်။ ဟ … အိမ်သာကလည်း အထဲတော်တော်ဝင်ရသည် … အထဲမှာအထပ်ထပ် ကာထားလိုက်သေးသည်။
ဘယ်ချိုး …ညာကွေ့ဝင်မှ… အထဲရောက်တော့သည်။ လားလား ….အထဲကမြင်ကွင်း … မိန်းမလှလေး တယောက် သူ့ကိုယ်သူ အောက်ငုံ့
ကြည့်ပြီး ..သူ့လုံချည်ကို ကျကျနန ပြင်ဝတ်နေပါတော့သည်။ ကျနော်ကလည်းမြင်နေရမှတော့ …ကြည့်မိတာပေါ့ …အတွင်းခံ စကပ်
အဖြူရောင်ပါမြင်နေရသည်။ …ကျနော်သိလိုက်ပြီ … ယောကျာင်္းအိမ်သာမဖြစ်နိုင် …အခုမှထွက်ပြေးလို့ကလည်းလွတ်မည်မထင် ….

ဟိတ်ဟိတ်ဘာလုပ်တာလဲ ….ကျနော်..ကျနော် ..မှားဝင်မိတာပါဗျာ …ဆိုပြီးတချိုးထဲလစ်ရတော့သည်။ ……
အပြင်ရောက်တော့ အသေအချာမော့ကြည့်ပါသေးသည်။ GENTS ..လို့ရေးထားတာဘဲလေ ….။ တက္ကသိုလ်ကျောင်းသားများ၏ အစအနောက်သန်ပုံ
ကိုစတွေ့လိုက်ရခြင်းပင် …။ ဒါနဲ့မပြီးသေး … မချောလေးကအုပ်စုလိုက်ကျနော့နောက်က လိုက်လာကြသည်။ ….. ကျေနပ်ပုံမပေါ် ……..။

အတန်းထဲမဝင်ဘဲသိပ္ပံ ကင်တင်း ထဲဝင်ထိုင်လိုက်ရသည်။ မရ ..။ ကျနော့်စားပွဲ လာထိုင်ကြသည်။ နေပါအုံး ယူကဘယ်မေဂျာကလည်း … ဒေးကလား
အဆောင်ကျောင်းသားလား … ကျနော့မှာမနဲရှင်းပြရသည်။ ……နောက်တော့နောက်တော့ ….ကျနော့ခပ်ဒူဒူ ခပ်အအ ခပ်ရိုးရိုး …ရုပ်ဖြောင့်ဖြောင့်
ပုံစံကို …. မဝေ …စိတ်ဝင်စားသွားဟန်တူသည် ။ သူတို့ကဒေးကျောင်းသူတွေ …။
…..နောက်တော့မဝေ ကို ကျနော်ချစ်တယ်လို့ …ရိုးရိုးလေးဖွင်ံပြောမိပါသည်။ ….
…………….. မျတ်မိပါသေးတယ် မဝေ ….အဲဒီနေ့က မဝေရဲ့ နှင်းဆီဖျော့ဖျော့ ..နှုပ်ခမ်းဖူးဖူးလေးပေါ်ကို ညင်ညင်သာသာလေး နမ်းမိလိုက်သည်။
….. မဝေ ကျနော့ကိုစိတ်မဆိုးခဲ့ပါ …..ကျနော်တို့တတွဲတွဲနှင့် ပျော်ခဲ့ကြပါသည်။ …ဒါပေမဲ့လေ …ဖူးစာမဆုံချင်တော့ …ကျနော်နဲ့ မဝေ …
ဘဝလက်တွဲဖော် တွေမဖြစ်ခဲ့ကြပါ ….. ကျနာ်မဝေကိုပေးခဲ့သောစာများ …. မဝေကျနော့ကိုပေးခဲ့သောစာတွေ …အခုထိရှိတုန်းပါ …။

…………………..ဟိုတလောက ကိုရီးယားကားတကားကြည့်တော့ မဝေ ကို သတိရမိပါသေးသည်။ …မဝေသည် IRIS ကားထဲက မင်းသမီးနှင့်
ချွတ်စွတ် တူနေပါသည်။ …….။
…..

3 comments

  • bigcat

    October 14, 2010 at 5:04 am

    (ဦး) ဖက်တီးကို
    ချက်ကြီးလို
    ရှက်ပြီးငို
    ဆက်ပြီးမဆိုတော့
    မထင်လိုက်နဲ့။
    တွေ့ပြီးမကြာ
    ရှေ့ထီးကာ
    ဖြည့်ဆီးတာ
    ကန်ဘောင်တလျောက်
    ချောင်းသူအပြည့်။

    Reply

  • search123

    October 14, 2010 at 5:07 am

    ဖိုးဖိုး တို့ ခေတ် က Love Scene လည်း အခု ခေတ် ကို မီတယ်နော်။

    Reply

  • michaelaungpu

    October 14, 2010 at 12:59 pm

    ဖိုးဖိုး ပွဲကြမ်းလိုက်တဲ့ ဇာတ်ထုပ်ဘယ်တော့ခင်းမလဲ

    Reply

Leave a Reply to search123 Cancel Reply

Your email address will not be published.