Monitor News Journal ၏ ကြော်ငြာဘုဒ်
စစ်အစိုးရမှ ကျင်းပမည့် ၂၀၁ဝ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် အနေဖြင့် ထုတ်ဝေသည့်
သည့် ဆိုသည့် Monitor News Journal မှာ ဆန်းပြားသော ကြော်ငြာပုံကြောင့် လမ်းသွား
လမ်းလာ များမျက်စေ့ကျ လျှက်ရှိသည်။
မော်ဒယ် ခရစ္စတီးနား ၏ သရုပ်ပြဟန် ဖြင့် ရိုက်ကူးကြော်ငြာထားသည့် ထိုဂျာနယ်ကို အများစုက
ဂျာနယ်ကြော်ငြာ ဟု မထင်ပဲ အရက်ကြော်ငြာ ဟု ထင်ကြသည်။ တောင်ဥက္ကလာ ပ နှင့် ရန်ကုန်
မြို ့ထဲသို ့ပြေးဆွဲနေသည့် ၃၆ ယာဉ်လိုင်း မောင်းသူ တစ်ဦးက ” ကျွန်တော်က ပထမတော့ အရက်
ကြော်ငြာထင်တာ နောက်ကျမှ အရက်ကြော်ငြာတွေ ပိတ် ထားတယ် ဆိုတာ သတိရပြီး သေချာပြန်
ကြည့်တော့ မှ ဂျာနယ်ကြော်ငြာဖြစ်နေတာ ကို တွေ ့ရတယ် ဟု သူကပြောသည်။
ရန်ကုန် မြို ့တော်ဝန် ၏ အမိန် ့ဖြင့် ယမန် နှစ် က စပြီးလျှပ်ပေါ် လော်လည် သည့် ကြော်ငြာများကို အများ
ပြည်သူ မြင်သာသည့် နေရာများတွင် မကြော်ငြာရ ဟု အမိန် ့ထုတ်ပြည်ခဲ့ပြီးနောက် ပုရိသ များ အားဆွဲ
ဆောင် နိုင်သော ကြော်ငြာများ မှာ အချို ့နေရာ များတွင် ပျောက်ကွယ်သွားခဲ့သည်။
The Monitor News ဂျာနယ် သည် အခြားသော ဂျာနယ် အသစ်များ ထွက်ရှိ စဉ် ကြော်ငြာပုံထက်
ထူးခြားသည် ဟု အားကစား သတင်းထောက် တစ်ဦးကပြောသည်။
၂၀၁ဝ ရွေးကောက်ပွဲ အား ကြိုဆိုပြီး ဂုဏ်ပြုထုတ်ဝေသည့် The Monitor News အမည်ရှိ ဂျာနယ်အား
လျှပ်တပြက် သတင်း ဂျာနယ် မှ ထပ်မံထုတ်ဝေခြင်းဖြစ်သည်။ ထိုဂျာနယ် သည် မျက်မှောက် နိုင်ငံရေး
အကြောင်း ဦးစားပေး ဖော်ပြမည် ဟု သိရသည်။
မြန်မာ စာပေလောက တွင် လစဉ် ပုံမှန် အားဖြင့် ဂျာနယ် အသစ် တစ်စောင်ခန် ့ထွက်ရှိပြီး အချို့ ဂျာနယ်
များမှာ လည်း ငွေကြေး အရ အကျိုးအမြတ် နည်းလှသဖြင့် ရပ်နားသွားကြသည်များရှိသည်။
ယခင်လက ဒါရိုက်တာ စင်ရော်မောင်မောင် က ENVOY အမည်ရှိ ဂျာနယ်အား ထုတ်ဝေခဲ့သည်။
copy : Freedom News Group

လူစိတ်ဝင်စားအောင်လုပ်တဲ့ နည်းပေါ့ဗျာ။ မော်နီတာဂျာနယ်ကတော့ နိုင်ငံရေးဂျာနယ်တွေထဲမှာ ဖတ်ကောင်းတဲ့ ဂျာနယ်တစ်စောင်ပါ။ ကြော်ငြာတာကတော့ သူ့ ဗျူဟာနဲ့သူပေါ့ဗျာ။
တစ်ခါမှတော့မဖတ်ဖူးသေးဘူး
စွဲဆောင်တာပေါ့ …